၁၉..၁၁..၁၆
-
ဒုဝန်ကြီးအဖြစ် တာဝန်မှ ရပ်စဲခံရခြင်းအပေါ် စိတ်မကောင်းကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး
(ဟောင်း) ဒေါက်တာထွန်းဝင်းက ပြောလိုက်သည်။
-
တိုင်းပြည်အတွက်လည်း လုပ်နေရင်းအခုလို အပြစ်ပေးဒဏ်ခံရတာက တော်တော်တော့ စိတ်ထဲမှာ မကောင်းဘူးပေါ့ဗျာ။ တော်တော်
ခံစားရတယ်။ ပြည်သူအတွက် ခံစားရတယ်။ ကျွန်တော်ကတော့ ဘယ်နေရာဖြစ်ဖြစ် ရှင်သန်မယ့်သူပါ။
-
ကျွန်တော်ကအမှန်တရားအတွက် ရှင်သန်မယ့်သူပါ” ဟု ဒေါက်တာ
ထွန်းဝင်းက ဆိုသည်။ ဒီမိုကရေစီအစိုးရလက်ထက်တွင် ယခုကဲ့သို့ တာဝန်ကနေ ရပ်စဲခံရခြင်းသည် ရက်စက်သည်ဟု ယူဆမိကြောင်း ဒေါက်တာထွန်းဝင်းက နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက နေပြည်
တော် ဒုဝန်ကြီးအိမ်ရာရှိ ၄င်း၏ နေအိမ်တွင် သတင်းမီဒီယာအချို့နှင့်
တွေ့ဆုံရာ၌ ပြောခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲ
လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး နိုဝင်ဘာလ ၁၈ ရက်က သတင်း
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
============
7Day News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, November 19, 2016
တာဝန်က ရပ်စဲခံလိုက်ရသည့်အပေါ် ဒေါက်တာထွန်းဝင်းပြောစကား =================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment