Sunday, November 6, 2016

နမ့်လန်ဈေးမီး ထိန်းချုပ် နိုင် တဈေးလုံးတော့ ကုန်သွားပြီး ဆိုပါတယ်

Breaking News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊တောင်ဘက် မိုင် ၄၀ ခန့် အကွာတွင်တည်ရှိသော နမ့်လန်မြို မ့ဈေးတွင် ယနေ့ ( အောက်တိုဘာ ၆) ည ၇း၀၀ နာရီက ဖြစ်ပွားခဲ့သော မီးလောင်မှု တွင် မီးကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း မီးလောင်သည့်နေရာတွင်ရောက်ရှိနေသည့် နမ့်လန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ဦးစိုင်းရွှေသိန်းက ယနေ့ (အောက်တိုဘာ ၆ရက်) ည ၈း၀၅ တွင် AHN သို့ပြောသည်။

" ဈေး ပတ်ပတ်လည်နေရာတိုင်းမှာ မီးကို ထိန်းလိုက်နိုင်ပါပြီ။ တစ်ဈေးလုံးကတော့ကုန်သွားတာပေါ့။ ဘေးအိမ်တွေကူးတာမျိုးတော့မရှိဘူး။ အသေအပျောက် ရှိ -မရှိ တော့မသိရသေးဘူး" ဟု၎င်းကပြောသည်။

စိုင်းမင်း ( ရှမ်းပြည်နယ်မြောက်ပိုင်း)y
AHN
Ko Zaw Min Tun

No comments: