Wednesday, November 16, 2016

ဒေါ်နယ်ထရမ့် နိုင်ရင် ပိုးကောင် စားပြမယ်လို့ ပြောခဲ့တဲ့ ရွေးကောက်ပွဲ ကျွမ်းကျင်သူရဲ့ ဖြစ်အင်



တွေ့ကရာတွေ ပြောနေတတ်တဲ့ သမ္မတလောင်းကြီး ဒေါ်နယ်ထရမ့် နိုင်သွားမယ်လို့ ဘယ်သူက ထင်ပါ့မလဲလေ။ ရွေးကောက်ပွဲကြို ပြည်သူ့ စစ်တမ်းတွေကို ကိုးကားပြီးတော့ ဒေါ်နယ်ထရမ့် ရှုံးမယ်လို့ တထစ်ချ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဒေါက်တာဆမ်ဝမ်က ထရမ့်ကြီး မဲနေရာ ၂၄ဝ ထက်ပိုရရင် ပိုးကောင် တစ်ကောင်ကို စားပြမယ်လို့ အာမခံခဲ့ပါတယ်။ ခုတော့ သူ တကယ်ကို အင်းဆက် တစ်ကောင်ကို စားပြရပါပြီလို့ CNN သတင်း တစ်ရပ်က  ဖော်ပြထားပါတယ်။ ပရင်စတန် ရွေးကောက်ပွဲ အတိုင်ပင်ခံဌာနရဲ့ တည်ထောင်သူ ဒေါက်တာ ဆမ်ဝမ်ဟာ သူ့ရဲ့ ကတိစကားအတိုင်း အင်းဆက် တစ်ကောင်ကို စားရပါပြီ။

ပုရစ်ကောင်ကို စားပြခဲ့တဲ့ ဝမ်က အခုလို ကိစ္စတွေကို အာရုံစိုက်နေမယ်ဆိုရင် အရေးကြီးတဲ့ တရား လွှတ်တော်ချုပ် ခန့်အပ်ခြင်းလို ကိစ္စမျိုးတွေကို သတိ မမူဘဲ နေလိမ့်မယ်လို့ သတိပေးလိုက်ပါသေးတယ်။ တိုင်းပြည်ကို အတူတကွ ပြန်လည် ဖြစ်စေမယ့် အကြောင်းအရာတွေ အများကြီး ရှိပါကြောင်းနဲ့ အကောင် ဗလောင် စားပြခြင်းဟာ ထိုမျှလောက် အရေးမကြီးကြောင်း ထောက်ပြလိုပါတယ်လို့ ပါမောက္ခဝမ်က ဆိုပါသေးတယ်။

ပုရစ်စားတာလောက်ကို ရေးကြီးခွင်ကျယ် လုပ်နေကြတာကိုး၊ ဒီမှာဆို ဝယ်တောင် စားရသေးတယ်။

No comments: