မိတ္တီလာမြို့နယ် ဥယျာဉ်ကျေးရွာ အ မ က (၁၀၅ ) ကျောင်းမှ ကျောင်းဆရာတစ်ဦးအား မူလတန်းကျောင်းသူ (၁၂) ဦး အား မဖွယ်မရာ ပြုလုပ်သည်ဟုဆိုကာ တိုင်တန်းမှု့ ဖြစ်ပွားခဲ့သဖြင့် လက်ရှိအချိန်တွင် အမှု(၁၂)မှု ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိကြောင်း မိတ္တီလာမြို့မရဲစခန်းမှ သိရှိရသည်။
“ကျောင်းဆရာကို အမှု(၁၂) မှု ဖွင့်ထားတယ်၊ သုံးမှု့က ကာယိနြေ္ဒ ပျက်စီးမှု့ ၃၅၄ နဲ့ ဖွင့်ထားပြီးကျန်တဲ့ ကိုးမှုက မှု့ဒိန်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်မှုနဲ့ ဖွင့်လှစ်ထားတာပါ၊ ကျောင်းဆရာနဲ့ ကလေး ၁၂ ဦးကို ဆေးစစ်ထားပါတယ်၊ အသက်မပြည့်သေးတဲ့ ကလေးတွေဖြစ်တဲ့အတွက် တရားသူကြီးရဲ့ ခွင့်ပြူချက်၊ မိဘတွေရဲ့ ခွင့်ပြူချက်ယူပြီး ဆေးစစ်ခဲ့တယ်၊ ဆေးစာရရင် အမြန်ဆုံး တရားစွဲတင်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မိတ္တီလာမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်စိုးမှ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ပြောကြားသည်။
“၃၇၆/၅၁၁ မူဒိန်းမှု ကျူးလွန်ရန် ကြံစည်တဲ့အမှုပေါ့၊ ဒီပုဒ်မကအရွယ်မရောက်သေးတဲ့ ကလေးတွေမှာ အဖြစ်များတယ်၊ အမြင့်ဆုံးပြစ်ဒဏ်က(၇)နှစ်(၈)နှစ် လောက်ချလို့ ရတယ်၊အခြေအနေနဲ့ အကြောင်းအရာ မူတည်ပြီး အမိန့်ချလေ့ရှိကြတယ်၊ (၃၅၄)က ကာယိနြေ္ဒ ပျက်ဆီးအောင်လုပ်တဲ့ ပြစ်မှု့ပေါ့၊ ဒီပုဒ်မကလည်း သုံးနှစ်လောက် ချလို့ရတယ်၊ ပေါ်ပေါက်ချက်ပေါ်မူတည်ပြီး ပြစ်ဒဏ် အနည်းအများရှိတယ်၊ ဒီအမှု့က အရွယ်မရောက်တဲ့ ဖြစ်စဉ်ဖြစ်နေတယ်၊ကိုဟု” တရားလွှတ်တော်ရှေ့နေ ကိုမိုးဟိန်းမှ ပြောကြားသည်။
ဖြစ်စဉ်မှာ မိတ္တီလာမြို့နယ် ချောင်းနားကျေးရွာနေ ဦး---- အသက်(၅၄)နှစ်သည် အောက်တိုဘာ(၂၉)ရက်နေ့ တွင် သမီးဖြစ်သူ စတုတ္တတန်းကျောင်းသူ မ----အသက်(၁၀)နှစ်သည် အမှတ်(၁၀၅) ဥယျာဉ် အမကကျောင်းသို့ မနက်အစောပိုင်းများတွင်သွားရောက်ပြီး မူမမှန်သဖြင့် ချော့မော့မေးမြန်းရာ အောက်တိုဘာာ ၂၈ ရက် မနက် (၇) နာရီခန့်တွင် အမက(၁၀၅)ကျောင်းမှ ကျောင်းဆရာဦးစိုးမြင့် အသက်(၅၄)နှစ်သည် ကျောင်းဝန်းအတွင်းရှိ နေအိမ်အတွင်းမှာပင် မဖွယ်မယာ ကိစ္စများ လုပ်ခိုင်းကြောင်း ပြောပြသိရှိခဲ့သဖြင့် ကျေးရွာလူကြီး ဦးသန်းနိုင်နေအိမ်သို့ အောက်တိုဘာ (၃၀)ရက်နေ့ညပိုင်းတွင် သွားရောက် အသိပေးအကြောင်းကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဆက်လက်စုံစမ်းခဲ့ရာ ကျောင်းဆရာဦးစိုးမြင့်သည် တတိယတန်းနှင့် စတုတ္တတန်း ကျောင်းသူ (၁၂)ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသဖြင့် မိတ္တီလာမြို့ နန်းတော်ကုန်းရပ်ကွက်နေ ဦးစိုးမြင့်(ခ) ပေတိုး အသက်(၅၄)နှစ်အား အရေးယူပေးပါရန် နိုဝင်ဘာ(၁)ရက်နေ့တွင် တရားလိုပြုလုပ်ကာ အမှု့ဖွင့် တိုင်တန်းခဲ့ကြောင်း သိရှိရသည်။အဆိုပါ အမှု့များအား မိတ္တီလာမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁/၃၅၄ ဖြင့် အမှု့ဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Writer:
ဝဏ္ဏ(မိတ္တီလာ)
No comments:
Post a Comment