Tuesday, November 15, 2016

ပုဒ်မ ၆၆(ဃ)အပေါ် ပြည်သူတွေရဲ့ ဆန္ဒနဲ့ အကြံပြုချက်တွေ သူရဦးရွှေမန်း တောင်းခံ

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အပေါ် ပြည်သူတွေ သဘောထားဆန္ဒနဲ့ အကြံပြုချက်တွေ ဘယ်လိုလဲလို့ သူရဦးရွှေမန်းက မေးခွန်းထုတ်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် အဲဒီလို မေးခွန်းထုတ်လိုက်တာပါ။ ဥပဒေဟာ တရားမျှတတဲ့ ဥပဒေဖြစ်ဖို့ နိုင်ငံနဲ့ နိုင်ငံသားအကျိုးဖြစ်ထွန်းဖို့ဖြစ်သလို ကိုင်တွယ်ကျင့်သုံးသူတွေဟာ မျှတမှုနဲ့ ဆင်ခြင်တုံတရားကောင်းဖို့ လိုတယ်လို့ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ(ဃ)ကို ပြင်သင့်တာလား၊ ဖျက်သင့်တာလား၊ ဆက်ထားမလားဆိုတာ မူဝါဒချမှတ်သူတွေနဲ့ လွှတ်တော်ကလည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်းက ပြောဆိုထားပါတယ်။

MCN

No comments: