Tuesday, November 15, 2016

သတင်းစာသမိုင်းမှာ ဖမ်းမှာစိုးလို့ ဟိုရှောင် ဒီရှောင် ရှောင်တဲ့ သတင်းစာဆရာမရှိဘူး (စည်သူအောင်မြင့်)

ကျွန်တော်တို့ သတင်းစာသမိုင်းမှာ သတင်းစာဆရာကြီးတွေ ရှိခဲ့ဖူးတယ်။ ဘယ်သောအခါမှ နှောင့်နှေးတာ၊ ကြန့်ကြာတာ၊ ပုန်းအောင်းနေတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော်တို့ရှေ့က သတင်းစာ ဆရာကြီးတွေက လိုအပ်ရင် ရဲစခန်းကခေါ်ရင် ကိုယ်တိုင်သွားတယ်၊ တချို့တွေဆိုရင် ကျွန်တော်တို့ ကြားဖူးတာက အိပ်ယာလိပ်တောင်ပြင်ထားတဲ့ သတင်းစာဆရာကြီးတွေ ရှိခဲ့ဖူးတယ်။ လာဖမ်းပါစေ၊ လာဖမ်းရင် လိုက်သွားဖို့အတွက် အသင့်ဖြစ်အောင်ပေါ့။ ဒါဟာ အမှန်တရား အတွက်၊ အမှန်တရားကို ရေးတယ် ရင်ဆိုင်မယ်ဆိုပြီးတော့ပဲ တွေ့ဖူးတယ်။ အခုလို ဟိုရှောင် ဒီရှောင်တွေ တစ်ခါမှ မတွေ့ဖူးဘူး။

MCN

No comments: