ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်များတွင် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၁၂ ဦးနှင့်အတူ သေနတ်ငါးလက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် တပ်မတော်စစ်ကြောင်းများ၊ တပ်မတော် (ရေ) အထူးတပ်ဖွဲ့များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ဒုံပိုက်ကျေးရွာ၏ အနောက်ဘက် လေးမိုင်ခန့်အကွာရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်း မောင်တင်ရွှေအမည်ရှိ မသင်္ကာဖွယ် ငါးဖမ်းစက်လှေတစ်စီးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းစက်လှေအား စစ်ဆေးရာ စက်လှေပေါ်တွင် လိုက်ပါလာသော မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုးများဖြစ်သည့် ဇာဖော်ရာမောက် (ဘ) မော်စတာကာမာရ်၊ မော်ဂူလ်(ဘ) အာလီအာမောက်၊ ဟာဖိတ် ဟူဆောင်း (ဘ) အဒူခေါ်ရိမ်၊ မာမတ်ဟူ ဆောင် (ဘ) အလီဟူဆောင်၊ မာမတ်အီနိုစ် (ဘ) ဟာမာမတ်အမိန်၊ မာမောက်ရော်ဖိတ် (ဘ) အဒူဂေါ်နီ၊ မာမောက်ရော်ဖိတ် (ဘ)နုရ်ဟာနှင့် မာမောက်ရော်ဟိမ် (ဘ) နူရ်မာ မောက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၃ရက် နံနက် ၈ နာရီခွဲ တွင် မောင်တောမြို့နယ်၊ ပြောင်ပိုက်ကျေးရွာ ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ တောအတွင်း၌ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုးများဖြစ်သည့် နိုရူဆောင်း (ဘ) ဟူဆောင်း၊ အီလီယာစ် (ဘ) အဘူဆော်တီ၊ နိုဂူဘရော့ (ဘ)ရှော့မူလူနှင့် ခါမာန်ဟူဆိန် (ဘ) မာမွတ်ဆာ လောင်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နိုဝင် ဘာ ၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ၀ါးပိတ်ကျေးရွာ၏ အနောက်ဘက် လူမနေသည့် ခြံဝင်းအတွင်းရှိ စိုက်ခင်းဟောင်းနေရာ၌ မြေသားများပွနေသည်ကို တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ဘီအေ ၉၄ သေနတ်လေးလက်နှင့် ၎င်းင်းကျည်အိမ်သုံးခု၊ အမ်အေ ၁၁ တစ်လက်နှင့် ၎င်းင်းကျည်အိမ်နှစ်ခု၊ ကိုးမမကျည် ၂၀ တောင့် တို့ကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက် ခဲယမ်းများသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမူအောက်ရှိ ကင်းစခန်းများအား အောက်တိုဘာ ၉ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ စီးနင်းတိုက်ခိုက်စဉ် ပါရှိသွားသော လက်နက်ခဲယမ်းများဖြစ်ပြီး အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်
No comments:
Post a Comment