အစိုးရဝန်ကြီးများနှင့် အဆင့်ဆင့်သော အစိုးရအဖွဲ့ဝင်များ အဂတိတရားကင်းစင်ရန် အပါအဝင် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုကော်မတီအစည်း အဝေးက ချမှတ်ခဲ့ပြီး လိုက်နာမှုမရှိပါက ချက်ချင်းအရေးယူမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
NLD ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပ ရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ နိုင်ငံရေးနှင့် လုပ်ငန်းအစီရင် ခံစာတို့ကို ဖတ်ကြားခြင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ပါတီ ဗဟိုကော်မတီဝင်များက သက် ဆိုင်ရာဒေသ အခြေအနေများ၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ များကို အစီရင်ခံတင်သွင်းခြင်း တို့ ပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးဆုံးဖြတ်ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဗဟိုကော်မတီအ စည်းအဝေးက ချမှတ်ခဲ့သည့်ရှေ့ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်း NLD ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေးက ‘‘အဓိကအားဖြင့် တော့ အစိုးရဝန်ကြီးတွေနဲ့ဝန်ကြီး လက်အောက်က ဌာနဆိုင်ရာတွေ အားလုံးက ကိုယ်ကိုယ်တိုင်လည်း အဂတိကင်းစင်ဖို့နဲ့ အောက်က ဝန်ထမ်းတွေကို အဂတိကင်းစင်ဖို့ ကိစ္စတွေပေါ့’’ဟု ပြောသည်။
‘‘ရှေ့လုပ်ငန်းစဉ်ငါးခုချမှတ် တယ်။ ရှေ့လုပ်ငန်းစဉ်ငါးခုမှာကို က ကျွန်တော်တို့အဖွဲ့ဝင်တွေ အ ဆင့်ဆင့်သော အစိုးရအဖွဲ့ဝင် တွေအားလုံးဟာ အဂတိတရား ကင်းစင်ရမယ်ဆိုတာကို ချမှတ် ထားပြီးသား။ အဂတိတရားမ ကင်းစင်လို့ကတော့ ချက်ချင်းအ ရေးယူမှာပါ’’ဟု ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောကြားသည်။
NLD ဗဟိုကော်မတီအစည်း အဝေး၏ရှေ့လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဒေသများ၌ အလုပ် အကိုင်များဖန်တီး၍ ပြည်သူလူထု ၏စားဝတ်နေရေးအဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ အလုပ်အကိုင်များ ဖော်ထုတ်ရန်တို့ပါဝင်သည်။
ထို့ပြင် နိုင်ငံတော်က ချပေး သည့် ဘတ်ဂျက်များဖြင့် ရွာချင်း ဆက်လမ်းများအပါအဝင် လမ်း ပန်းဆက်သွယ်ရေးအမြန်ဆုံးအ ကောင်အထည် ဖော်ပေးရန်၊ ကျေးလက်ဒေသ မီးလင်းရေးနှင့် ရေရရှိရေးကို ပိုမိုလုပ်ဆောင်ရန်တို့ပါဝင်ကြောင်း သိရသည်။
NLD ဗဟိုကော်မတီအစည်း အဝေးသို့ပါတီဗဟိုအလုပ်အမှု ဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ ဗဟိုကော်မတီဝင်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုအစည်းအဝေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် NLD ပါတီအနိုင်ရ၍ အစိုးရ ဖွဲ့စည်းပြီးနောက် ပထမဆုံးအ ကြိမ်ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးဖြစ်သည်။
7day
No comments:
Post a Comment