အလောင်းတွေ့ရတဲ့ အခန်းရှိရာ အဆောက်အဦအသက် ၂၅ နှစ် အရွယ် ဗြိတိန် နိုင်ငံသား ကျောင်းဆရာ တစ်ယောက်ကို ရှာတွေ့ နိုင်ဖို့ နိုင်ငံတကာ အကူအညီ တောင်းခံ ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗြိတိန် နိုင်ငံသား ကျောင်းဆရာ တစ်ဦးပဲ ဖြစ်တဲ့ လူတစ်ယောက် အလောင်းကို နေအိမ် တိုက်ခန်းထဲမှာ တွေ့ခဲ့ရတဲ့နောက် အခုလို ဟဲရစ် ဘီနော့တီ ကို မြန်မာ အာဏာပိုင်တွေက အလိုရှိနေတာ ဖြစ်ပါတယ်။
မစ္စတာ ဘီနော့တီဟာ သောကြာနေ့က သေဆုံးသူနဲ့ အတူ အရက်သောက် ထွက်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ထိုင်းဘက်ကို စနေနေ့က ထွက်ပြေး သွားတယ်လို့ ယူဆ ထားကြပါတယ်။
မစ္စတာ ဘီနော့တီ ရဲ့ ချစ်သူ မိန်းကလေး ဘယ်လ်ဂျီယံ နိုင်ငံသူက တစုံတရာ လွဲမှား နေပြီလို့ ယူဆကြောင်း ထုတ်ဖော် ပြောမလာခင်မှာပဲ မစ္စတာ ဘီနော့တီ ထိုင်းနိုင်ငံကို ထွက်သွား နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ယူဆရပါတယ်။
သေဆုံးသူ ဗြိတိန် နိုင်ငံသား ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ အခုအချိန်ထိ အာဏာပိုင်တွေ ဘက်က ထုတ်ပြောတာမျိုး မလုပ်သေးပါဘူး။
BBC Burmese
No comments:
Post a Comment