မထသဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း လိုင်းကားယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ရမ်းကားတာ ပိုမိုများပြားလာတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ညက တာမွေဗလီအနီးမှာ ၁၀၇ မီနီဘတ်စ်ကားက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့က တက္ကစီယာဉ်မောင်းတစ်ဦးကို သံပိုက်တွေနဲ့ ရိုက်နှက်မှုနဲ့ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောဆိုလိုက်တာပါ။
အစိုးရအနေနဲ့ မထသကို ဖျက်သိမ်းတာ မဖျက်သိမ်းတာကို ခဏထားပြီး အခုလို ရမ်းကားနေတာတွေကို ထိထိရောက်ရောက် အရေးယူသင့်ပြီလို့လည်း အကြံပြု ပြောဆိုထားတာပါ။ လိုင်းကားတွေအနေနဲ့ စည်းကမ်းပျက်နေတာကြာပြီဖြစ်ပြီး မထသကိုလည်း အလေးမထားတော့ဘူးလို့ ဦးရဲထွဋ်က ပြောဆိုထားပါတယ်။
မထသကို မကြာခင်ဖျက်သိမ်းမှာဖြစ်လို့ လိုင်းကားတွေ မထသကို အလေးမထားတာလား ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့်လားဆိုတာကိုလည်း ပြန်လည် စိစစ်သင့်ပြီလို့ ဦးရဲထွဋ်က ပြောဆိုထားပါတယ်။
MCN
No comments:
Post a Comment