တိုးတက်သော ကရင်အမျိုးသားတပ်မတော် DKBA လှုပ်ရှားရာ "ကောင်းမူ" ဒေသမှာ ပြုလုပ်နေတဲ့ အစိုးရတပ်ရဲ့ ထိုးစစ်တွေကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မရပ်တန့်ရင် DKBA ထိန်းချုပ်ဒေသ အတွင်း စစ်မျက်နှာဖွင့် တိုက်ခိုက်သွားမယ်လို့ ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်တဲ့ DKBA က သြဂုတ်လ ၃၁ ရက်၊ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
DKBA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင် အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ကြိုးစားလေ တိုက်ခိုက် ခံရလေဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တိုးတက်သော ကရင်အမျိုးသားတပ်မတော် DKBA ဟာ ဗိုလ်ချုပ်ကြီး စောလဘွယ် ဦးဆောင်တဲ့ ဒီမိုကရေစီ အကျိုးပြုတပ်မတော်-DKBA အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ
ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြန်လည်ဖွဲ့စည်းရာမှာ ဦးဆောင်သူတွေအဖြစ် ဗိုလ်ချုပ် စောကျော်သက်၊ ဗိုလ်မှူးချုပ် စောတိုင်းရွှေနဲ့ ဗိုလ်မှူးကြီး စောဆန်းအောင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment