ငလျင်ဒဏ်သင့်ခဲ့သော
ပုဂံဘုရားများ ပြန်လည်ပြုပြင် ထိန်းသိမ်းရန် နှင်းဆီအဖွဲ့သား များက
ကျပ်သိန်းနှစ်ရာကို ပုဂံ ဒေသသို့ သွားရောက်လှူဒါန်းခဲ့ ကြောင်း ဒါရိုက်တာ
မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။
‘‘ပုဂံက ငလျင်ဒဏ်သင့်ခဲ့တဲ့ ဘုရားတွေ ပြုပြင်ထိန်းသိမ်းဖို့လုပ် ဆောင်နေတဲ့ အဖွဲ့အစည်းကို လှူခဲ့တာပါ။ ငွေသိန်းနှစ်ရာနဲ့ သူ တို့အတွက် လိုအပ်တဲ့ ကွန်ပျူတာ နဲ့ ပရင်တာလည်း လှူဒါန်းခဲ့ပါ တယ်’’ဟု စက်တင်ဘာ ၁ ရက် တွင် ပုဂံဒေသသို့ ကိုယ်တိုင်ကိုယ် ကျ သွားရောက်လှူဒါန်းခဲ့သည့် ဒါရိုက်တာ မောင်မျိုးမင်းက ပြော သည်။
နှင်းဆီအငြိမ့် အနုပညာရှင် မောင်နှမများ၏ အလှူအဖြစ် လှူ ဒါန်းခဲ့ပြီး နှင်းဆီအဖွဲ့သားများဖြစ် သည့် မင်းမော်ကွန်း၊ ကျော်ကျော် ဗို၊ ရဲလေး၊ မေကဗျာ၊ ဖူးစုံ၊ မိုးယုစံတို့လည်း လှူဒါန်းမှုခရီးစဉ်သို့ လိုက်ပါခဲ့ကြသည်။
‘‘နေတိုးနဲ့ ထွန်းထွန်းက လည်း လိုက်ဖို့လေယာဉ်လက် မှတ်တွေတောင် ဖြတ်ထားတာ။ ဒါပေမဲ့ ရိုက်ကွင်းတွေနဲ့ ဖျက်မရ လို့ မလိုက်ဖြစ်တော့တာ’’ဟု ဒါ ရိုက်တာ မောင်မျိုးမင်းက ပြော သည်။
ထို့အပြင် နှင်းဆီအဖွဲ့အနေ ဖြင့် ပုဂံဒေသတွင် ရောက်ရှိနေ သော ဝေဠုကျော်တို့အဖွဲ့ကို လည်း သွားရောက်တွေ့ဆုံခဲ့ ကြောင်း ၎င်းက ပြောသည်။
‘‘ဘုရားတွေကနေ အုတ် တွေက လေတိုက်တိုင်း ကျကျလာ တတ်တော့ လုပ်အားပေးတဲ့သူ တွေအတွက် ဦးထုပ်တွေ ထပ်လှူဖို့လည်း ရှိပါတယ်’’ဟု ဦးမျိုး မင်းက ပြောသည်။

No comments:
Post a Comment