လူနာများဆေးကုသမှုခံ ယူရာ၌ စောင့်ဆိုင်းနေရခြင်း
ပြဿနာများလျှော့ချရေးနှင့် မြို့ပေါ်ရှိ ဒေသန္တရဆေးခန်းများအသုံးပြုလာစေရေး
စသည့်သုတေသနနှစ်ခုကို ရန်ကုန်နှင့် မန္တလေးတွင်
အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ
သတင်းရရှိသည်။
ယင်းသုတေသနနှစ်ခုသည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆေးရုံကြီး
ခြောက်ခု၌ လူနာများအတွက် ဆေးရုံများတွင်စောင့်ဆိုင်းချိန်မကြာမြင့်ဘဲ
အချိန်နှင့်တစ်ပြေးညီ ဆေးကုသမှုရရှိရေးနှင့် ရန်ကုန်နှင့်မန္တလေးမြို့ပေါ်ရှိ
ဒေသန္တရဆေးခန်းများကို အသုံးပြုမှုအခြေအနေ လေ့လာခြင်းသုတေသနတို့ဖြစ်သည်။
ယင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ၂၀၁၆
ဇူလိုင်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လာမည့်နှစ်လ(သို့မဟုတ်) သုံးလအတွင်း
ယင်းသုတေသနပြီးစီးမည်ဖြစ်ပြီး လေ့လာတွေ့ရှိထားသည့် သတင်း အချက်အလက်များ
ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်ဇင်သန့်က ပြောသည်။
‘‘ဆေးရုံကိုလူနာရောက်လာ တဲ့ အချိန်ကစလို့ ဘယ်နှမိနစ် ကြာရင်
ကျန်းမာရေးဝန်ထမ်းက စကားလာပြောလဲ၊ သူ့ရဲ့ ရောဂါ ရာဇ၀င်ကိုလာမေးလဲ၊ ဘယ်နေ
ရာက ဘယ်နေရာကိုရောက်ဖို့ ဘယ်နှမိနစ်ကြာလဲ၊ အဲဒီဟာကို
ကျေနပ်နှစ်သိမ့်မှုရှိလား၊ အခုပေး နေတဲ့ ၀န်ဆောင်မှုတွေကို ကျေ နပ်မှုရှိလား၊
မရှိဘူးလား။ မကျေ နပ်ရင် ဘယ်လိုဖြစ်စေချင်တာလဲ၊ ဒါတွေက သိပ်စိတ်ဝင်စားစ
ရာကောင်းတယ်။ လူနာတွေကမျှ တစွာစောင့်နေရလား။ အလွန် အကျူးစောင့်နေရလား။
အဲဒီလို တွေကို ဖော်ထုတ်ပြီး ရှာဖွေနေ တယ်။ အဲဒီအဖြေတွေက
မကြာခင်သိရမှာပါ’’ဟု ၎င်းကပြောသည်။
ထို့အပြင် ရန်ကုန်နှင့်မန္တ လေးမြို့ရှိ ဒေသန္တရကျန်းမာရေး
ဆေးခန်းများတွင် လူနာများလာ ရောက်ဆေးကုသခံယူမှုအခြေအ နေများပါ လေ့လာသုတေသန
ပြုလုပ်နေကြောင်း သိရသည်။
‘‘ဒေသန္တရဆေးခန်းတွေကို လူတွေအသုံးချမှုကလျော့နည်း နေတယ်။ ဟိုးအရင်ကဆို
အဲဒီ ဆေးခန်းတွေကို သွားအပ်ပြီး တော့မှ အဲဒီက ထောက်ခံချက်နဲ့
ဆေးရုံကြီးတွေကို သွားကုရတာ။ အခုက ဆေးရုံကြီးတွေကို တန်း သွားလို့ရတယ်။
အဲဒါကျတော့ ဒီ နေရာတွေမှာပြတဲ့ဥစ္စာ အင်မတန် နည်းသွားတယ်။ ဒါတွေဘာ
ကြောင့်ဖြစ်ရတာလဲဆိုတာ ဖော် ထုတ်နေတယ်။ အဲဒီသုတေသန နှစ်ခုက
တစ်ခုနဲ့တစ်ခုဆက်စပ်နေ တယ်။ ဒီဆေးခန်းတွေက လူနာ များများကြည့်နိုင်ရင်
အဲဒီနေရာ တွေမှာပဲ လူနာတွေကို စိတ်ကျေ နပ်တဲ့ကုသမှုပေးနိုင်ခဲ့ရင် ဆေးရုံ
ကြီးတွေမှာ လူပြုံမကျတော့ဘူး။ တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်မယ်’’ဟု
ဒေါက်တာကျော်ဇင်သန့် ကဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါဒေသန္တရ ကျန်းမာရေး ဆေးခန်းများ၌ သွေးဖောက်
စစ်ဆေးနိုင်ခြင်း၊ သွေးဖောက်ပြီး ဓာတ်ခွဲခန်းသို့
တိုက်ရိုက်ပို့နိုင်ခြင်းကဲ့သို့ အနေအထား မရှိသေးခြင်း၊ လိုအပ်သော ဆရာဝန်၊
သူနာပြုအင်အားနည်းပါးနေခြင်းတို့ကြောင့် ယခုကဲ့သို့ ယင်းဌာနများအား
အသုံးပြုမှုနည်းပါးနေခြင်းဖြစ်ပြီး ၎င်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ပါက
ဆေးရုံများတွင်လူနာများ စောင့်ဆိုင်းချိန် လျော့နည်းလာမည့်အပြင်
ဒေသန္တရဆေးခန်းများကိုပါ လူထုအသုံးပြုမှုများပြားလာနိုင်ကြောင်း
ဆရာဝန်အချို့က သုံးသပ်သည်။
No comments:
Post a Comment