မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, September 2, 2016
မြစ်ကြီးနားမှာ မူးယစ်ဆေးဝါး အသိပညာပေး ဆောင်ရွက် ~~~~~~~~~~~~
■ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါး တားဆီးရေးနဲ့ မှုခင်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းတွေကို ရဲတပ်ဖွဲ့ ရွှေ့လျား မော်တော်ယာဉ်စာကြည့်တိုက်နဲ့ လှည့်လည်ပြုလုပ်နေ ပါတယ်။ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်လာအောင် ကွင်းဆင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အမှတ်-၁ ရဲစခန်းရဲ့ ဒုတိယစခန်းမှူး ရဲအုပ် ဇာမဲဖုန်ရမ်က ပြောပါတယ်။
မြစ်ကြီးနားမြို့ အမှတ် ၁ အထက်တန်းကျောင်းရှေ့နဲ့ ပြည်သူ့အားကစားကွင်းရှေ့မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာနဲ့ ပညာပေးပိုစတာတွေ ချိတ်ဆွဲပြီး အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အသိပညာပေးလုပ်ငန်းတွေကို မြစ်ကြီးနားမြို့အပြင်၊ ဝိုင်းမော်၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း… စတဲ့မြို့တွေမှာ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment