မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 18, 2016
မင်္ဂလာဈေးမှ သမီးပျိုများ နှင့် facebook ပေါ်မှ ရိုက်ခတ်သံ
ဇူလိုင် ၁၆။
" မင်္ဂလာဈေးမှ သမီးပျိုများ ထိန်းသိမ်းပေးကြပါဦး "
တစ်ပါတ်ကို တစ်ကြိမ်ကျ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မင်္ဂလာဈေးမှာ ယာဉ်စစ်ဆေးခြင်း အလှည့်ကျ တာဝန်ယူရပါတယ်။
ကျမယ့်ရက် ကြိုတင်သိရတော့ စောစောသွား ပြဿနာသိပ်မရှိလှ ဒါတောင် ခါတလေ အစ်ကို JJ လား MZ လား CV 5/6/7 လား ရွှေမြို့တော်လား အမေးခံရသေးတာ။
ဇူလိုင် (၁၅)ရက် မနေ့ညကတော့ ဆယ့်တစ်နာရီ ထိုးခါနီးမှ ဖုန်းဆက်ပြောလာတော့ ပြေးရပြန်တာပေါ့။
မီးပွိုင့်ကနေ မင်္ဂလာဈေးပေါက်မရောက်မီ ' အစ်ကို ဆယ်နှစ်စွန်းစွန်းလေးရှိတယ်နော် ' တဲ့။
ရင်ထဲ အတော်ထိတ်သွားမိတာတော့အမှန် (ကျွန်တော်ကလည်း ဘောင်းဘီတိုနဲ့ကိုး) ဒီအသက်အရွယ်လေးတွေ ဒီအလုပ် လုပ်နေကြပါပေါ့လား။
မင်္ဂလာမွန်လှေခါးမှာလည်း မိန်းကလေးတစ်ယောက် အမူးလွန်ပီး အိပ်ပျော်နေလေရဲ့ ဆယ်နှစ်ကျော်ယုံ ကလေးမလေးများကလည်း ဘောင်းဘီတို(ပေါင်အရင်း)။
မြင်မြင်ရသမျှ မင်္ဂလာဈေးဝင်းထဲမှ အနိဌာရုံများပါ။
Ye Naung Thein (facebook)
Subscribe to:
Post Comments (Atom)



No comments:
Post a Comment