မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 18, 2016
အထက်ပိုင်းမိုးကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပေါ်
တောင်တွင်းကြီး ဇူလိုင် (၁၈)
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့၏ အရှေ့ဘက်ရှိ တောင်ပေါ်ဒေသများတွင် မိုးသည်းထည်စွာရွာသွန်းမှုများကြောင့် ယနေ့ ဇူလိုင် (၁၈) ရက် နံနက် (၁) နာရီအချိန်ခန့်မှစတင်ကာ တောင်ပြင်(၁)ရပ်ကွက် ၊တောင်ပြင်(၂)ရပ်ကွက် ၊ အုန်းတော(၁)ရပ်ကွက် ၊အုန်းတော(၂)ရပ်ကွက် ၊ မောင်းတိုင်(၂) ရပ်ကွက် စသည့် မြေနိမ့်ပိုင်းများရှိ နေအိမ်အချို့တွင် ရေအနက် တစ်ပေခွဲမှ နှစ်ပေခွဲခန့်အထိ ရေများ စတင်ဝင်ရောက်မှု ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည် ။
ထိုကဲ့သို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေရခြင်းကြောင့် မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် ၊ စက်ဘီး နှင့် ကြက် ၊ ၀က်စသည့် အိမ်မွေး တိရိစ္ဆာန်များကို ရေလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ခေတ္တပြောင်းရွှေ့ထားရကြောင်း သိရသည် ။
ဗိုလ်ပြည့် ( တောင်တွင်းကြီး )
Subscribe to:
Post Comments (Atom)



No comments:
Post a Comment