မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 18, 2016
အိန္ဒိယ နိုင်ငံမှာ အရက်ပြင်းများ သောက်ရာမှ အဆိပ်ဖြစ်ပွား (၂၁ )ဦးသေဆုံး(၆)ဦး မျက်လုံးကန်း
17July2016
ပြည်တွင်းဖြစ် တဆိပ်မျိုးစုံ အရက်အပြင်းတွေ သောက်ရာကနေ အန္ဒိယ နိုင်ငံ တောင်ပိုင်း Uttar Pradesh state အုတာပရာဒက်ရှ် ပြည်နယ်က ကျေးရွာသား (၅၀) အဆိပ်သင့် ခဲ့ကြောင်းသိရပါတယ်။
ရွာသား ၂၁ယောက် ဆေးရုံမှာသေဆုံးခဲ့ပြီး (၆)ဦးက မျက်လုံးကန်း သွားခဲ့ပါတယ်၊သေဆုံးသူဦးရေ ထပ်တိုးလာနေတယ်လို့  ပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိ သူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ဓါတုဆေးတွေနဲ့  ရောချက်ထားတဲ့ တဆိပ်မျိုးစုံ ကပ် ထားပြီး ရောင်းနေကြတဲ့ အရက်တွေကို သောက်လို့  အဆိပ်ဖြစ်သေ ဆုံးနေတာဟာ ၂၀၁၆ မှာ အများဆုံးဖြစ်ပါတယ်၊၂၀၁၆ ဇွန်လပိုင်းက မိုဘိုင်းမြို့ မှာ အရက်အဆိပ်သင့်လို့  သေဆုံး သူ(၉၄ )ဦးအထိရှိခဲ့ပါတယ်။
လက်ရှိအခြေနေမှာ အာဏာပိုင်တွေ ခွင့်ပြုချက်မရဘဲ ရောင်းနေကြတဲ့ အရက်တွေမှာ မီးတောက်အောင် toxic ဓါတ်ပေါင်းတွေနဲ့  ရောစပ်ပြီး ချက်နေကြ တာပါ။
ပွဲတော်ရက်တွေ မင်္ဂလာဆောင်တွေ မှာ တိုက်တဲ့ Express အမြန်ချက်ထားတဲ့ အရက်တွေကို ပေါင်းအိုးကနေ ချပြီး အအေးခံတဲ့ အချိန်တောင် မစောင့်နိုင်ကြဘဲ ပူနေသေးတဲ့အရက် ကို လေနဲ့ မှုတ်သောက်သောက်ကြတဲ့အထိ အိန္ဒိယနိုင်ငံမှာ အရက်စွဲ ပြသနာဟာ အလွန်ကြီးမားနေကြောင်း သိရပါတယ်။
အာဏာပိုင်တွေက အရက်အတုတွေ ကျန်းမာရေးနဲ့ မညီတဲ့ အရက်တွေကို ရှာဖွေဖမ်းဆီး အရေးယူနေခဲ့ပေမယ့် သောက်တဲ့သူတွေကတော့ လျော့ သွားတယ်ဆိုတာ မတွေ့ ရသေးဘူလို့  အာဏာပိုင်တွေကပြောပါတယ်။
Philstar.com
Social Action for Women - SAW
Subscribe to:
Post Comments (Atom)




No comments:
Post a Comment