Wednesday, May 4, 2016

NLD ပါတီ နာယကဖြစ်သူ သူရဦးတင်ဦး ဘင်္ဂလားဒေ့ရှ်သတင်းစာဆရာများနှင့် ပါတီရုံးချုပ်တွင် တွေ့ဆုံ -------- ------ ---

NLD ပါတီ နာယကဖြစ်သူ သူရဦးတင်ဦး ဘင်္ဂလားဒေ့ရှ်သတင်းစာဆရာများနှင့် ပါတီရုံးချုပ်တွင် တွေ့ဆုံ -------- ------ ------- ---- ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အငြင်းပွားစရာမရှိကြောင်းနှင့် မြန်မာအစိုးရသစ်သည် ဘင်္ဂလားဒေ့ရှ် အပါအ၀င် အိမ်နီးနားချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်လိုကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောကြားသည်။ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးသည် ပါတီ၏ မူဝါဒဖြစ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးခြင်း ကနေ ပြသ၁နာတိုင်းကို ဖြေရှင်းနိုင်မည်” ဟု ယုံကြည်ကြောင်း အသက် ၈၉ နှစ်ရှိ ဦးတင်ဦးက ဆိုသည်။ “ပြသ၁နာတိုင်းကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု တင်္နလာနေ့တွင် ရန်ကုန်မြို့၊ (NLD) ရုံးချုပ်သို့ ရောက်လာကြသော ဘင်္ဂလားဒေ့ရှ် သတင်းစာဆရာအုပ်စုကို ဦးတင်ဦးက ပြောကြားခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင် မြန်မာစစ်ဗိုလ်ချုပ်များ ဖန်တီးခဲ့သော နိုင်ငံနှစ်ခုကြား အလှမ်းကွာဝေးမှုကို လျော့ကျနည်းပါးသွားစေရန် ကြိုးစားနေသည်။ စနေနေ့က ပထမဆုံး ဘင်္ဂလားဒေ့ရှ်နှစ်သစ်ကူးပွဲကို ရန်ကုန်ဘင်္ဂလားဒေ့ရှ်သံရုံးတွင် ကျင်းပခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက နှစ်နိုင်ငံအကြားက တူညီသော အခြေအနေများကို ပြောကြားရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့သူ Sheikh Mujibur Rahman အကြောင်းကို ပြန်ပြောင်းပြောဆိုခဲ့သည်။ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်က အရှေ့ ပါကစ္စတန်ဖြစ်ခဲ့ပြီး အနောက်ပါကစ္စတန်နိုင်ငံ၏ ဖိနှိပ်ခြင်းကို ခံရခဲ့သည့်အတွက် Sheikh Mujibur Rahman ကစတင်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ “အစိုးရတစ်ရပ်အနေနဲ့ ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်အပါအ၀င် အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားရေးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ အမြဲကျင့်သုံးသွားမှာပါ” ဟုလည်း ဆိုသည်။ နှစ်နိုင်ငံအဆင့်မြင့် နိုင်ငံရေးရာထူးအဆင့် တာဝန်ရှိသူများအကြား အပြန်အလှန်လည်ပတ်ရန်နှင့် အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးရန်လည်း အဓိကထားပြောခဲ့သည်။ ငြိမ်းချမ်းရေးသည် NLD ပါတီ၏ ရွေးကောက်ပွဲလှုပ်ရှားမှုတွင် အဓိကရည်မှန်းချက်ဖြစ်သည်။ ယင်းရည်မှန်းချက်ကို အောင်မြင်ရန် ပြည်သူ၊ ပါတီနှင့် တိုင်းရင်းသားအုပ်စုများ အားလုံး အတူတကွ လုပ်ဆောင်ရမည်ဟု ဦးတင်ဦးက ပြောကြားခဲ့သည်။ “ပြည်တွင်းပြသ၁နာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ခေါင်းဆောင်တွေ အရမ်းကြိုးစားနေကြတယ်။ ဒါတွေကို မဖြေရှင်းနိုင်သမျှ ငြိမ်းချမ်းရေးက သေချာမှာ မဟုတ်ဘူး” ဟုလည်း ၄င်းကပြောကြားသည်။ လင်းလင်း The Ladies News

No comments: