ကားအင်ဂျင်ပါဝါပေါ်မူတည်ပြီး ဈေးတက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဖရီးပါမစ်ကားတွေကို ဇွန်လ ၁ ရက်နေ့ ကနေစပြီး ကြိုတင်ဝင်ငွေခွန် ကောက်မယ်ဆိုတာကြောင့် ကားဈေးနှုန်းတွေက ကားအင်ဂျင်ပါဝါပေါ်မူတည်ပြီး တစ်စီးကို ကျပ် ၁၅ သိန်းကနေ သိန်း ၄၀အထိ တက်လာနိုင်တယ်လို့ ဆိုပါတယ်။
အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားတစ်စီးကို ကျပ် ၁၅ သိန်းအထိ ဈေးတက်လာနိုင်ပြီး အင်ဂျင်ပါဝါ ၁၈၀၀ စီစီအထက်ကားတွေကတော့ တစ်စီးကို ကျပ်သိန်း ၄၀ အထိ ဈေးမြောက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ကြိုတင်ဝင်ငွေခွန်အနေနဲ့ ကျပ်သိန်း ၃၀၀ အောက်ကားဆိုရင် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက်ကားဖြစ်ရင် ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၁,၀၀၀ အထက်ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ သိရပါတယ်။
ဒီလို အခွန်ကောက်ခံတာကို ဧပြီလမှာ စဖို့ စီစဉ်ခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ချိန်နည်းပါးခဲ့လို့ ဇွန်လမှ ကောက်ခံဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
‘‘၀င်ငွေရလမ်းမှာ ငွေဖြူဖြစ်ကြောင်း ပြနိုင်ရင်တော့ဆောင်စရာ မလိုပါဘူး’’လို့ ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ပြောပါတယ်။ အခွန်ကောက်ခံရာမှာ စလစ်နဲ့ အစားထိုး တင်သွင်းတဲ့ ကားတွေမပါဝင်ဘဲ တစ်နိုင်တစ်ပိုင် တင်သွင်းတဲ့ ကားတွေကိုပဲ ကောက်ခံသွားမှာပါ။
Source : 7DayDaily
No comments:
Post a Comment