မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အပံ့ဖြစ်စေတဲ့ ပိတ်ဆို့်မှုတွေကို သက်တမ်းတိုးဖို့ တောင်းဆိုခဲ့တာပါ။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့တာ သက်တမ်းတိုးဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက သမ္မတအိုဘားမားကို မေလ ၁၃ ရက်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အပံ့ဖြစ်စေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို သက်တမ်းတစ်နှစ်ထပ်တိုးဖို့ အမေရိကန် ဒီမိုကရက်တစ်နဲ့ ရီပက်ပလစ်ကန်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့တာပါ။
အမေရိကန်နိုင်ငံက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့တာတွေက မေ လ ၂၀ ရက်မှာ သက်တမ်းကုန်တော့မှာဖြစ်လို့ဒီရက်ပိုင်းမှာ စီးပွားရေးပိတ်ဆို့တာတွေကို ပြန်လည်ဆန်းစစ်တာတွေလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုအရ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိဦးမှာဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးမြှင့်တင်ဖို့ အပြောင်းအလဲအချို့ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက နာမည်ပျက်စာရင်းဝင် မြန်မာကုမ္ပဏီတချို့ကို အမေရိကန်ဘဏ္ဍာရေးဌာနရဲ့စာရင်းကနေ ပယ်ဖျက်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လာမယ့် မေလ ၂၂ ရက်နေ့မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။
Source : 7DayDail
No comments:
Post a Comment