Sunday, May 15, 2016

တစ်ခါတစ်လေ ငြိမ်းချမ်းရေးဆိုတဲ့ … စကားလုံး လှလှကြီးကို ရွံမုန်းလာတယ် …

တစ်ခါတစ်လေ ငြိမ်းချမ်းရေးဆိုတဲ့ …
စကားလုံး လှလှကြီးကို ရွံမုန်းလာတယ် …
ပေးဆပ်လိုက်ရတဲ့ အသက်တွေ …
ပေးဆပ်လိုက်ရတဲ့ ဘဝတွေ …
ရေတွက်လို့တောင် မရနိုင်တော့ဘူး …

ဖခင်မဲ့ခဲ့ရတဲ့ သားသမီးတွေရဲ့…
ခင်ပွန်းဆုံးရှုံးခဲ့ရတဲ့ ဇနီးကောင်းတွေရဲ့ …
ကျခဲ့ကြရတဲ့ မျက်ရည်တွေလဲ များခဲ့ပြီ …
၁၉၄၈ ကတည်းကနေ ဒီနေ့အချိန်အထိ …
တိုင်းတပါး သူယုတ်တွေနဲ့ …
ပြည်တွင်း လောက်ကောင် နိုင်ငံရေးသမား …
အပောင်းတို့ရဲ့ စနက်တွေကြောင့် …
မငြိမ်းနိုင်ခဲ့တဲ့ ပြည်တွင်းစစ် …
ဘယ်အချိန်ထိ …
ဘယ်လောက်များ ထပ်ပြီး …
ပေးဆပ်နေကြရအုံးမှာလဲ …
ဒီတစ်ကြိမ် … ဒီတစ်ကြိမ်မှာများ …
တရားသောစစ်အတွက် …
ပြည်ထောင်စု တပ်မတော်က …
ပြန်တုန့်ပြန်တဲ့အချိန် …
စစ်ပွဲတွေရပ်တို့ …
အပစ်ရပ်ပါတို့ …
ပြည်တွင်းက လောက်ကောင်တွေများ …
သောက်ရှက်မရှိ ထအော်ခဲ့ကြရင် …
ထအော်တဲ့ကောင်တွေကိုပါ …
တစ်ခါတည်း အပြတ်ရှင်းပစ်ဖို့…
ပြည်သူတစ်ယောက်အနေနဲ့ …
တောင်းဆိုခွင့်ရှိခဲ့ရင် တောင်းဆိုချင်ပါရဲ့ …

No comments: