Sunday, May 22, 2016

ဘင်္ဂါလီဒုက္ခသည်စခန်း လုံခြုံရေးကင်းအား လက်နက်ကိုင်တစ်စု ၀င်ရောက်ပစ်ခတ် ၊ ကင်းစခန်းမှူးသေဆုံးပြီး လက်နက်များလုယက်ခံရ


ပြီးခဲ့သည့်သောကြာနေ့က မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်း လုံခြုံရေးကင်းအား လက်နက်ကိုင်တစ်စုဝင်ရောက်ပစ်ခတ်ရာ ကင်းစခန်းမှူးသေဆုံးပြီး လက်နက်များလုယက်ယူငင်သွားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ကင်းစခန်းမှူးကိုအသေပစ်သတ်ပြီး ကျန်လုံခြုံရေးအရာရှိများကို ကြိုးတုပ်ကာ ရိုင်ဖယ် ၁၁ လက်နှင့်ကျည် ၅၇၀ ကိုလုယက်ယူငင်သွားသည်ဟု ဒေသခံရဲချုပ် မူဂျီဘာရာမန်ကဆိုသည်။

“တိုက်ခိုက်မှုက သောကြာနေ့ လင်းအားကြီး၂ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ လက်နက်ကိုင် ၁၀၊ ၁၅ယောက်လောက် ဗြုန်းဆိုဝင်လာပြီးလုံခြုံရေးတွေကို ရိုက်ပြီး ကင်းမင်းကိုတော့ နေရာမှာတင်ပစ်သတ်သွားပါတယ်” ဟု ရဲချုပ်ရာမန်ကAFP သို့ပြောသည်။

မြန်မာနယ်စပ်နှင့်၂ ကီလိုမီတာ ၁.၂မိုင်ကွာဝေးသည့် တက်ကနက်ဖ်မြို့အနီးရှိ နယာပါရာဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသူ မူဆလင်ဘင်္ဂါလီ ၂၅,၀၀၀ ခန့် ခိုလှုံနေကြကြောင်း ကုလဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ကဆိုသည်။

တိုက်ခိုက်သူများကိုရဲက စုံစမ်းလျက်ရှိရာ ဘင်္ဂါလီများကိုပင်သံသယဖြစ်နေကြောင်း သိရသည်။
“ကျုးလွန်သူတွေ စခန်းထဲမှာပုန်းအောင်းနေနိုင်ပါတယ်”ဟု အမည်မဖော်လိုသည့် ရဲအင်စပက်တာတစ်ဦးကဆိုသည်။ “ဒါပေမဲ့ ဘယ်ဘက်ကမဆို စခန်းထဲ ၀င်ချင်တိုင်းဝင်လို့ရတယ်။ စခန်းက ၀.၇၅ ကီလိုကျယ်ပြီး တောနက်ကြီးက ပတ်လည်ဝိုင်းနေတာဆိုတော့ဘယ်မှာမဆို သူတို့ပုန်းနေလို့ရတယ်”ဟု ယင်းကဆိုသည်။

ရွှန်းတင့်

Ref - Bdnews 24

The Ladies News

No comments: