Friday, May 6, 2016

ဦးနေမျိုးဝေအမှုနဲ့စဉ်းစားစရာများ

#ဦးနေမျိုးဝေအမှုနဲ့စဉ်းစားစရာများ

မျိုးချစ်သူ တစ်ဦးဟု လူသိများသည့် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ
ဖြစ်တဲ့ နေမျိုးဝေ ကို နိုင်ငံတော် အကြီးအကဲပုဂ္ဂိုလ်များကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စော်ကားရေးသားသည့် အရေးအသားမျာြး့ပုလုပ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံဆရာ၊ဆရာများအဖွဲ့ချုပ်မှ ဦးဝေယံအောင်က ကန်ကြီးထောင့်ရဲစခန်းတွင် မေလ ၂ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီးထိုသို့ တိုင်ကြားခဲ့မှုကို ကန်ကြီးထောင့်ရဲစခန်းက ပ/၉၀/၂၀၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လက်ခံခဲ့ပါတယ်။တိုင်ကြားမှုကြောင့် တာဝန်ရှိသူများက
ရှာဖွေဖမ်းဆီးခဲ့တဲ့အတွက် ရန်ကုန်- မန္တလေး အမြန်လမ်း ၂၂ မိုင် တွင် ယနေ့ မွန်းလွဲ ပိုင်း က ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။

ဦးနေမျိုးဝေ ကို တိုင်ချက်ဖွင့်သူကတော့  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ
အဖွဲ့ချုပ်မှ ဦးဝေယံအောင်ဖြစ်ပါတယ်။ (၆)  ရက်နေ့ထုတ် The Voice Journal ဦးဝေယံအောင် နဲ့ အင်တာဗျူးဆောင်းပါးတစ်ပုဒ်ပါပါတယ်။အဲ့
ဒီအထဲမှာ ဦးဝေယံအောင်က ဦးနေမျိုးဝေကို ဘာကြောင့်တိုင်ချက်ဖွင့်
သလဲဆိုတာကို ပြောပြထားပါတယ်။ အဓိက တိုင်ချက်ဖွင့်ရတဲ့ အကြောင်းကတော့.. ကာကွယ်ရေးဦးစီးချုပ်ကြီး ဓာတ်ပုံကို အသုံးပြုပြီး ‘ကာချုပ်ငပေါက စုကြည်လင်ငယ် လုပ်ချင်တော့ အာဏာမသိမ်းရဲဘူး... ငါတို့မျိုးချစ် အာဏာသိမ်းမှ ဖြစ်မယ်’ ဆိုတဲ့ လှုံ့ဆော်မှု ကြောင့်လို့ဆိုပါတယ်။ဒီအတွက်
တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ အမှုဖွင့်ရတာဖြစ်ပါတယ်တဲ့။

ကောင်းပါပြီ။ ဒီအကြောင်းရဲ့ အခြေခံဇစ်မြစ်က အစ ချဉ်းကပ်ကြည့်ရ
အောင်ပါ။ဦးနေမျိုးဝေ ကို ယခုလို ဖမ်းဆီးချုပ်နှောင်မှုတွေမလုပ်ခင်
ဇာတ်လမ်းအစဟာ "အမေရိကန်" သံရုံးက "ရိုဟင်ဂျာ" ဆိုတဲ့ အသုံး
အနှုန်းက စပါတယ်။ဒီအသုံးအနှုန်းဟာ မြန်မာနိုင်ငံမှာ မရှိတဲ့ တိုင်းရင်း
သားအမည်ကို အဟုတ်လုပ်ပြီး ခေါ်ဆိုတဲ့အမေရိကန်သံရုံးကို ဆန္ဒပြရာ
ကနေ စပါတယ်။ယခင်အစိုးရ လက်ထက်က လည်း ဒီလို ရိုဟင်ဂျာ
ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သတ်ပြီးသွေးတိုးစမ်းခဲ့စဉ်က မြန်မာနိုင်ငံမှာ
ရိုဟင်ဂျာမရှိဘူးလို့ ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။သို့သော်
ယခုအစိုးရလက်ထက်မှာတော့ ဒီလို ပြတ်ပြတ်သားသားငြင်းဆိုတာမရှိတဲ့
အတွက် မျိုးချစ်အုပ်စုတွေ စုပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒါဟာဖြစ်
စဉ်ရဲ့ အခြေခံအကြောင်းအခြင်းအရာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစလို့
ဆိုရမှာပေါ့။

အဲ့ဒီနောက်မှာ အစိုးရက မျိုးချစ်အုပ်စု အမေရိကန်သံရုံးကိုဆန္ဒပြမှာ
ကို နေရာလှီးလွဲချပေးခဲ့တယ်။ဒါကို မျိုးချစ်အဖွဲ့က အမေရိကန်သံရုံး
ရှေ့ကိုေ ရာက်အောင်ချီတက်ပြီး ရိုဟင်ဂျာ ဆိုတဲ့ သုံးစွဲမှု အသုံးအနှုန်းအတွက်ပြင်းထန်စွာရှုံ့ချကြောင်း၊ ဆက်လက်သုံးစွဲမယ်ဆို မြန်မာနိုင်ငံ
က အမေရိကန် သံရုံးထွက်သွားဖို့အထိဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီမှာ
တင် မျိုးချစ်အဖွဲ့ကို သတ်မှတ်သောနေရာနှင့်သွေဖီပြီးဆန္ဒပြတဲ့အတွက်
ပုဒ်မ ၁၉ နဲ့စွဲချက်တင်ထားပါတယ်။ဒီအထိလည်း ကိစ္စမရှိသေးပါဘူး။

သို့သော် ဒါတွေထွက်လာပြီးမကြာခင်မှာပဲ Nay Myo Wai .Peace and Diversity Party Myanmar ဆိုတဲ့ အကောင့်တုတစ်ခု ရုတ်ချည်းပေါ်လာ
ပါတယ်။အဲ့အကောင့်မှာ ဘာရေးထားလဲဆိုတော့  ‘ကာချုပ်ငပေါက စုကြည်လင်ငယ် လုပ်ချင်တော့ အာဏာမသိမ်းရဲဘူး... ငါတို့မျိုးချစ် အာဏာသိမ်းမှ ဖြစ်မယ်’ ဆိုတဲ့ စာတွေကို အဆက်မပြတ်တင်လာပါတယ်။အထူးသဖြင့်တော့
ဦးနေမျိုးဝေကို အကောင့်ပုံစံတူလုပ်ပြီး ချောက်တွန်းတာဖြစ်ပါတယ်။တကယ်
တမ်း နေမျိုးဝေ ဆိုတဲ့ စာမျက်နှာမှာ (-) နဲ့(.) ကွာခြားမှု ရှိပါတယ်။
(.) က အတုဖြစ်တယ်လို့ ပြဿနာတွေ မတက်ခင်အချိန်မှာပင်
ဦးနေမျိုးဝေ စာမျက်နှာက တရားဝင်ပြောဆိုထားတာ ဖတ်လိုက်ရပါသေါးယ်။သို့သော်တမဟုတ်ချင်းမှာပဲ(.)ကရေးတဲ့ စာက ပျံ့နှံ့သွားပါတယ်။အံ့သြစရာကောင်းပါတယ်။တဆက်တည်းမှာ တိုင်ချက်ဖွင့်ပါတယ်။နည်းနည်းနောနော တိုက်ဆိုင်မှု မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ  တာဝန်သိ ပြည်သူတစ်ဦး
ပေါ်လာတာဟာ သာမာန်တိုက်ဆိုင်မှုထက် အံ့သြရပါတယ်။

ဒီမှာတစ်ခု ထူးခြားချက်ရှိပါသေးတယ်။ဒါက ဘာလဲဆိုတော့ တရားစွဲဆိုသူပါ။
တရားစွဲဆိုသူ က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ဦးဝေယံအောင်
ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ Facebook ပေါ်ကနေ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ကို ဂုဏ်သိက္ခာထိခိုက်အောင် တိုက်ခိုက်မှုတွေဟာ ယခင်အစိုးရလက်ထပ်ကတည်းကအမြောက်အများရှိခဲ့ပါတယ်။အဲ့ဒီမှာ တိတိကျကျဖော်
ထုတ်အရေးယူထားသူ ၃ ဦးရှိပါတယ်။ကြက်ဖကြီး၊ ချစ်သမီး နဲ့ နောက်တစ်ယောက်ဖြစ်ပါတယ်။ ရှိခဲ့သူ (၃) ဦးစလုံးကိုလည်း တိတိကျကျ သိရပြီး၊ လူ
ပုဂ္ဂိုလ်နဲ့တကွ ၊ အချက်အလက်ခိုင်မာစွာ နဲ့ လုံးဝ ငြင်းမရတဲ့အခြေအနေ
ထိ ပြင်ဆင်ပြီးမှ တပ်မတော်ဘက်က တရားစွဲဆို ခဲ့တာဖြစ်တယ်ဆိုတာကို
လေ့လာရင်သိနိုင်ပါတယ်။အဲ့ဒီ (၃) ဦးလုံးက တပ်မတော်ကာကွယ်ရေး ဦးစီချုပ်ကို ပုဂ္ဂိုလ်ရေးသိက္ခာကျစေမှု၊ Photoshop တွေ လုပ်ပြီး တိုက်ခိုက်မှုတွေ
အတွက် တပ်မတော်ကလူတွေ ကပဲတရားစွဲခဲ့တာပါ။သို့သော် ဒီတစ်ခါတော့ ထူးထူးခြားခြားတာဝန်သိပြည်သူတစ်ဦးအနေနဲ့ဆိုပြီး ဦးဝေယံအောင်က တရားစွဲဆိုတိုင်တန်းတာဖြစ်ပါတယ်။ စဉ်းစားစရာပါ။ယခင် NLD ကိုထောက်ခံပြီး ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ခိုက်ခဲ့တဲ့ (၃)ဦးတုန်းက သူဘယ်ရောက်နေခဲ့သလဲ။ဒီကိစ္စရဲ့နောက်ကွယ်မှာ ရိုးသားပါရဲ့လား။ "တာဝန်သိပြည်သူတစ်ဦး" ရဲ့ နောက်ကွယ်မှာ ဘာတွေ ဖုံးကွယ် ဆက်နွယ်နေသလဲ။ဒီအမှုဟာ ထူးခြားနေပါတယ်။

နောက်တစ်ခုက အမှုကြောင်းခိုင်မာမှု ရှိမရှိဆိုတာပါပဲ။ယခုတိုင်တန်းမှုမှာ
ဦးနေမျိုးဝေက ဒီလိုရေးပါတယ်ဆိုတာ ၊ သူ့အကောင့်က ရေးတာမှန်ကန်ပါတယ်ဆိုတာ.. တိုင်းတန်းတဲ့သူတွေမှာ သက်သေရှိပါပြီလား။တိကျသေချာတဲ့
အချက်အလက်တွေ လက်ဝယ်ပိုင်ဆိုင်ထားနိုင်ပါပြီလား။ သေချာပိုင်ဆိုင်ထား
ပြီးမှ တရားစွဲဆို ဖမ်းဆီးတယ်ဆိုရင် ကိစ္စမရှိပါဘူး။မသေချာပဲ တိုင်တန်းမှု
ကြောင့်ဖြစ်စေ၊ သက်သေမရှိပဲ ဖမ်းဆီးချုပ်နှောင်မှုကြောင့်ဖြစ်စေ..အမှုကြောင်း မခိုင်မာရင်တော့ သက်ဆိုင်ရာလူပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာအတွက် တိုင်တန်းသူတွေ၊ ဖမ်းဆီးချုပ်နှောင်သူတွေ၊ ဖမ်းဆီးချုပ်နှောင်ခွင့်ပေးသူတွေ အားလံုး တာဝန်ရယူပါလိမ့်မယ်။

ဒီအမှုက အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ဒီလိုတွေးပြီးရေး
တာဟာဦးနေမျိုးဝေဘက်က လိုက်ရေးတယ်လို့ထင်စရာပါ။တကယ်တမ်း
ကျွန်တော်က ဦးနေမျိုးဝေကို လေးစားမှု အလျင်းမရှိသူတစ်ဦးပါ။ဦးနေမျိုးဝေဟာ စကားလုံးသုံးတာတွေ ရမ်းတယ်၊ မလိုအပ်တဲ့နေရာတွေမှာ ကြမ်းတယ်။ဒါကြောင့် မနှစ်သက်သူတစ်ဦးပါ။ဒါဆို ဒီအကြောင်း
ဘာကြောင့်ရေးသလဲ လို့မေးစရာရှိပါတယ်။ကျွန်တော်လိုချင်တဲ့ တစ်ခုတည်းသော အရာတစ်ခုကြောင့် ဖြစ်ပါတယ်။အဲ့တာက "အချစ်" "အမုန်း" မဟုတ်တဲ့ "အမှန်တရား"ပါ။

ဟုတ်ကဲ့..ကျွန်တော် စံဖီး ပါ။

စံဖီး

No comments: