၂၀၁၆-၁၇
ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေ အတွက် မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ကျပ်
၅၀၀ ဘီလီယံ ချေး ယူနိုင်ရန် နိုင်ငံတော်သမ္မတက တင်ပြထားမှုကို စိုက်ပျိုးရေး၊
မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်
တာအောင်သူက မေလ ၁၈ ရက် တွင်ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့
တင်ပြခဲ့သည်။
ကျပ် ၅၀၀ ဘီလီယံချေးယူ နိုင်ရန် ပြည်ထောင်စုအစိုးရသည် ၉၂ ရက်သက်တမ်းရှိသည့်အစိုးရ ငွေတိုက်လက်မှတ်များကို စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပေးပို့မည်ဖြစ်ကာ ချေးငွေအကျေ ဆပ်ပြီးချိန်အထိ အစိုးရငွေ တိုက် လက်မှတ်များကို အကြိမ်ကြိမ် သက်တမ်းတိုးမည် ဖြစ်သည်။
ထိုသို့ချေးယူရာတွင် ချေး ငွေသက်တမ်းသည် ကာလတို ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်အတွက်ဖြစ်ကာ အတိုးနှုန်း သည် ၅ ရာခိုင်နှုန်းဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မေလ ၁၈ ရက်တွင် ကျင်းပသော ပြည် ထောင်စုလွှတ်တော်သို့ တင်ပြ သည်။
ချေးငွေချေးယူခွင့်ရရှိရန် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ် စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက အာမခံရမည်ဖြစ်ပြီး အဆိုပါချေးငွေကို ၂၀၁၆ စိုက်ပျိုး ရာသီစတင်မီ ချေးယူမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက လွှတ်တော်သို့တင်ပြသည်။
စိုက်ပျိုးစရိတ် ချေးငွေအ တွက် ဗဟိုဘဏ်မှကျပ် ၅၀၀ ဘီ လီယံချေးယူနိုင်ရေးကို ပြည် ထောင်စုလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်များဆွေးနွေး ခြင်းနှင့်သက်ဆိုင်ရာ ပြည်ထောင် စုအဆင့် ပုဂ္ဂိုလ်များ ပြန်လည်ရှင်း လင်းဖြေကြားခြင်းတို့ကို ရက် သတ္တပတ်အတွင်း ပြုလုပ်မည် ဖြစ်သည်။

No comments:
Post a Comment