Sunday, May 22, 2016

စစ်တွေတွင် ရွန်နုမုန်တိုင်းကြောင့် လေပြင်များတိုက်ခတ်၍ ပွိုင့်ကမ်းခြေတွင် လိုင်းကြီးနေ



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွန်နုမုန်တိုင်းကြောင့် မေလ ၂၀ရက်နေ့မှ စပြီး မေလ ၂၁ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းများ တိုက်ခတ်ခဲ့ပြီး ပွိုင့် အပန်းဖြေစခန်းတွင် လိုင်းများထန်နေကြောင်း သိရသည်။

အဆိုပါလေပြင်များတိုက်ခတ်မှုကြောင့် ရခိုင်ကမ်းရိုးတမ်းတလျောက် ပြေးဆွဲနေသော အမြန်ယာဉ်များမှာလည်း မေလ ၂၀ ရက်နေ့ကတည်းက ရပ်နားထားခဲ့ပြီး အာဏာပိုင်များ၏ ခွင့်ပြုချက်ရသည့် အချိန်မှသာလျှင် အမြန်ယဉ်များကို ပြန်လည် ပြေးဆွမည်ဖြစ်ကြောင်း သိရသည်။


မုန်တိုင်ကြောင်း စစ်တွေမြို့တွင်လည်း အာဏာပိုင်များမှ မုန်တိုင်းသတိပေးထားပြီး စစ်တွေမြို့ ကမ်းနားလမ်းနှင့် ပွိုင့် အပန်းဖြေစခန်းများတွင်လည်း လေပြင်းများ တိုက်ခတ်နေသည့်အတွက် ပြည်သူများ
အပန်းဖြေရန် လာရောက်နိုင်ခြင်း မရှိကြပေ။

လက်ရှိအချိန်တွင် ရွန်နု မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းတိုက်ခတ်မှုများသာရှိရာ ထိခိုက်ပျက်စီဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments: