Monday, November 2, 2015

NLDတွေဖြေပေးပါ NLDတွေဖြေပေးပါ

NLDတွေဖြေပေးပါ
============
- ယခင်စစ်အစိုးရလက်ထက်
ဦးသန်းရွှေအပါအဝင်
ဗိုလ်ချုပ်တချို့ရဲ့ မသမာခြစားမှုတွေကို
ဘာမှငြင်းစရာ အကြောင်းမရှိခဲ့ပါဘူး
လူတိုင်းသိနေတဲ့ကိစ္စပါပဲ.....
- ကျန်းမာရေး ပညာရေး
စီးပွါးရေးနိမ့်ကျနေတာလဲ
အငြင်းမပွါးပါဘူး
လူတိုင်းသိနေတဲ့ကိစ္စပါပဲ...
- လယ်ယာမြေ ပြသနာတွေဖြစ်တယ်
လယ်သိမ်းခံတောင်သူတွေရှိတယ်
ဒါလဲဘာပြောစရာရှိလဲ
လူတိုင်းသိပြီးသားပါပဲ....
- ငြိမ်းချမ်းရေးမရသေးတဲ့ အဖွဲ့တွေနဲ့
တိုက်ပွဲတွေလဲ ရှိသေးတယ်
ဒါလဲထင်ထင်ရှားရှား
လူတိုင်းသိနေတဲ့ကိစ္စပဲ...
- ကျွန်တော်ပြောချင်တာက
အခုအတိုက်အခံအုပ်စုတွေ
တစ်ချိန်လုံးထောက်နေတဲ့
ဒီအချက်တွေ
ဘယ်သူကများ ငြင်းနေလို့လဲ...
- ဒါဆို အငြင်းပွါးစရာ ကိစ္စက ဘာလဲ???
ဟုတ်ကဲ့.......
အငြင်းပွါးစရာကိစ္စက
ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မူဝါဒနည်းလမ်းပါ..
- အခုအစိုးရကသူ့မူဝါဒ သူ့နည်းလမ်းနဲ့
ဆောင်ရွက်ဖြေရှင်းတယ်
အတိုက်ခံအုပ်စုကပြောတယ်
မအောင်မြင်ဘူး
နည်းလမ်းကတလွဲဥာဏ်မှမရှိတာ
ဘာမှမတတ် ဘယ်ရမှာတုန်း စသဖြင့် စသဖြင့်
- ကြာလာတော့
ကျွန်တော်တို့ ဘေးကလူတွေကပြန်မေးတယ်
ဟုတ်ပြီ
ဒါဆို ခင်ဗျားတို့အာဏာရတယ် ဆိုပါစို့
ဘယ်လိုဖြေရှင်းမလဲလို့ ပြန်မေးတယ်
ခင်ဗျားတို့ မူဝါဒက ဘယ်လိုလဲ???
နည်းလမ်းက ဘယ်လိုလဲ???
- များများမဟုတ်ပါဘူး
နည်းနည်းပဲပြောမယ်
မြစ်ဆုံကိုအပြီးဖျက်မလားဆိုတော့
ယတိပြတ်မဖြေဘူးဗျ
ဝေ့လည်ဝေ့လည် ပဲဖြေတယ်....
- ရခိုင်ကိစ္စ nldသဘောထားဆိုတော့
လူနည်းစုကို စာနာဖို့လောက်ပဲပြောတယ်
တစ်ခြားမပြောဘူး
လက်ရှောင်နေတယ်....
- ကျောက်ဖြူပိုက်လိုင်း
nldတက်ရင် ဖျက်ပြစ်မှာလား???
ဝမ်ပေါင်ကို အပြီးနှင်ထုပ်မလား???
ဒါတွေမေးတော့လည်း
အတိုက်ခံအုပ်စုက
မသိချင်ယောင်ဆောင်နေတယ်....
- ခြစားမှု လက်စားမှု
ုဟုတ်တယ် အများကြီးဖြစ်နေတယ်
ကဲဘယ်လိုဖြေရှင်းမလဲ
နည်းလမ်းပြောဆိုတော့
တရားဥပဒေစိုးမိုးဖို့လိုတယ်
ဒါပဲတွင်တွင် ပြောနေတယ်....
စိုးမိုးဖို့ ဘယ်လိုလုပ်မလဲဆိုတော့
ဘယ်တော့မှမပြောဘူးးးးးးးး
- အမှန်ပြောရရင်
ကျွန်တော်တို့က အဲဒါတွေသိချင်တာ
အစိုးရလုပ်သမျှ
မှန်တယ်ကောင်းတယ်လို့ မပြောပါဘူး
ဒါပေမယ့် လုပ်သမျှအပြစ်ပြောနေရင်တော့
ခင်ဗျားတို့ဆိုရင်ရော
ဘယ်လိုများရှင်းမလဲလို့
ပြန်မေးရမှာပဲခင်ဗျားးးးးးး
- ကိုယ့်လက်ထက်မှာလဲ
ချက်ချင်းကောင်းအောင် မလုပ်နိုင်ဘူးနော်
ဒီလိုပဲဖြေးဖြေးချင်း လုပ်ရမှာပဲဆိုရင်
လက်ရှိအစိုးရကို
နိုင်ငံရေးအကျပ်အတည်းတွေ မဖန်တီးနဲ့တော့
တိုင်းပြည်နာတယ်ဗျ.....
- သူနဲ့လက်တွဲပြီး
တိုင်းပြည်ကောင်းအောင်လုပ်
သူမှားတာတွေထောက်ပြ
ကိုယ်အစိုးရဖြစ်ရင်
သူ့အမှားတွေသင်ခန်းစာယူ
ကိုကပိုကောင်းအောင်လုပ်
ကျွန်တော်တို့ကဒါမျိုးဖြစ်စေချင်တာ...
- ဝေဖန်ရေးနဲ့ လေကန်ရေးတော့
လူတိုင်းလုပ်တတ်တာပေါ့ဗျာ
လက်တွေ့လုပ်ရတာပဲ ခက်တာ
- မြန်မာပြည်တစ်ပြည်လုံး မပြောနဲ့
အခုလက်ရှိ
ရန်ကုန်ကားကြပ်တဲ့ ပြသနာကိုပဲ
ကိုယ့်ရှိတဲ့ ဘတ်ဂျက်နဲ့
ဘယ်လိုရှင်းမလဲဆိုတာPlanချပြကြည့်
ပြောသလောက်လွယ်မယ်ထင်သလားးးးး
- မိုးပျံတံတားကြီး အစင်း၃၀နဲ့
မြေအောက်ရထားတွေ ဆောက်ပြီး
ဖြေရှင်းမယ်တော့ လာမလုပ်နဲ့ပေါ့ဗျာ
credity by - ရဲမိုး

No comments: