Monday, November 2, 2015

လက်ရှိ နိုင်ငံရေးပါတီတွေထဲမှာ ... NLD ဟာ လူထုထောက်ခံမှု အများဆုံးပါတီပဲ ... ဒါကိုတော့ ဘယ်သူမှ ငြင်းလို့ မရနိုင်ဘူး ... ကောင်းပြီ ... NLD ကို ... လူတွေ ဘာလို့ ထောက်ခံကြသလဲ ... အချက် လေးချက်ရှိတယ် ...

လက်ရှိ နိုင်ငံရေးပါတီတွေထဲမှာ ...
NLD ဟာ လူထုထောက်ခံမှု အများဆုံးပါတီပဲ ...
ဒါကိုတော့ ဘယ်သူမှ ငြင်းလို့ မရနိုင်ဘူး ...

ကောင်းပြီ ... NLD ကို ...
လူတွေ ဘာလို့ ထောက်ခံကြသလဲ ...
အချက် လေးချက်ရှိတယ် ...

ပထမ နဲ့  ဒုတိယ အချက် ၂ ချက်ဟာ ...
အကြောင်းအကျိုး ဆက်စပ်ပြီး ...
ဖြစ်လာတဲ့  အချက် ၂ချက် ဖြစ်တယ် ...
ဘယ်သူမှ လုပ်လို့  ဖြစ်တာမဟုတ် ...

တတိယ အချက်ဟာ ...
လက်ရှိ အာဏာရပါတီရဲ့  အမှားတွေကြောင့် ...
ဖြစ်လာတဲ့  အချက် ဖြစ်တယ် ...
စတုတ္ထ နောက်ဆုံး အချက်ကမှ ...
NLD အနေနဲ့  ....
ကိုယ်လုပ်လို့  ကိုယ်ရတဲ့  အချက်ဖြစ်တယ် ...

ဒါဆို ပထမဆုံးအချက်ကို စပြောကြည့်ရအောင် ....

ပထမဆုံး အချက်ကတော့ ....
လက်ရှိ အစိုးရကို ...
စစ်အစိုးရကနေ အရပ်သားအစိုးရကို သွားဖို့  ...
ကြားမှာ တစ်ဆင့်ခံထားခဲ့တဲ့  ....
အသွင်ကူးပြောင်းရေး အစိုးရလို့  ...
လက်ခံနိုင်တဲ့  နိုင်ငံရေးရေချိန် ...
ဒီနေ့  ပြည်သူအချို့ မှာ မရှိနိုင်တဲ့ ကိစ္စပဲ ....

သူတို့ စိတ်ထဲမှာ ...
စစ်အစိုးရ လက်ထက်က လူတွေ ...
နားလှည့် ပါးရိုက်လုပ် အရပ်ဝတ် လဲပြီး ....
ကလိမ်ကကျစ် နဲ့  ...
အာဏာဆက်ယူထားတယ်လို့ မြင်နေတယ် ...

အဲဒီ အတွက်ကြောင့် လက်ရှိ ပြည်ခိုင်ဖြိုးအစိုးရကို ...
ချိန်းသွားစေချင်တဲ့ သူ အတော်များတယ် ...
အဲဒီအခါမှာ ...
အစိုးရအပြောင်းအလဲ လုပ်ဖို့  အတွက် ...
အဓိက အတိုက်အခံပါတီကို ...
လူတွေက ပြုံပြီး ထောက်ခံလာကြတယ် ....
စစ်အာဏာရှင် စနစ်ကို အဆုံးသတ်ရမယ် ...
စစ်တပ်အုပ်စိုးတာကို အဆုံးသတ်ရမယ် ဆိုတဲ့  ...
ဝါဒဖြန့် မှုမျိုးတွေ ပေါ်လာတာ ...
ဒီ ပထမ အချက်ကြောင့် ဖြစ်တယ် ....

ဒုတိယ အချက်က ဘာလဲ ?
ဒုတိယ အချက်က ...
ပြည်ခိုင်ဖြိုး ပါတီဟာ ...
ကြားခံအစိုးရတို့ ၏ ထုံးစံအတိုင်း ...
ရှေ့ က စစ်အစိုးရ လုပ်ခဲ့သမျှကို ခါးစည်းခံရတယ် ...

သူ့ ကာလ သူ့ လက်ထက် ....
သူ ဘယ်လောက် ကောင်းအောင်လုပ်လုပ် ...
စစ်အစိုးရ လက်ထက်က လုပ်ခဲ့တဲ့  ပြစ်ချက်တစ်ချို့ က ...
သူ ကောင်းအောင်လုပ်တာတွေကို ...
လာလာ ဖုံးလွှမ်းနေတယ် ...
( အရင်လူ နဲ့  နောက်လူတွေ ...
အတူတူဖြစ်နေရတာကလဲ ...
ပြောစရာ တစ်ခု ဖြစ်နေတာပေါ့
:D
)

လက်ရှိ မဲဆွယ်ကာလ အွန်လိုင်းပေါ်မှာ ...
ပြည်ခိုင်ဖြိုးကို တိုက်ခိုက်သမျှ ကိစ္စ ....
ကိုးဆယ်ရာခိုင်နူန်းဟာ ...
စစ်အစိုးရလက်ထက်က ကိစ္စတွေကို ဆွဲယူလာပြီး ...
ပြည်ခိုင်ဖြိုး နဲ့  တွဲကပ်ပေးလိုက်တာ ဖြစ်တယ် ...
လက်ရှိ ၂၀၁၀ - ၂၀၁၅ အတွင်းက ကိစ္စတွေကို ...
လာထောက်တာ အလွန်နည်းတယ် ....

ဒီတော့ လူအတော်များများက ...
ပြည်ခိုင်ဖြိုး အစိုးရက လုပ်ခဲ့တဲ့  ပြုပြင်ပြောင်းလဲမှုတွေကို ...
လက်မခံနိုင်တော့ဘဲ ...
မလုပ်ဘူး မကောင်းဘူးဘဲ မြင်လာကြတော့တယ် ...

လက်ရှိပါတီ မလုပ်ဘူး မကောင်းဘူး လို့ မြင်ပြီဆိုမှတော့ ...
အဓိက အတိုက်အခံပါတီဘက်ကို ...
မဲတွေ စုပြီးရောက်လာတာပေါ့ ...
:D :D :D :D

ဖုန်းတွေ ကားတွေကိစ္စ ...
မီဒီယာ လွတ်လပ်ခွင့် စိစစ်ရေးဖျက်လိုက်တဲ့ ကိစ္စ ...
မြေတွေ ဧကသိန်းနဲ့ ချီ ပြန်ပေးတဲ့ ကိစ္စ ...
ကျန်းမာရေး ပညာရေးဘတ်ဂျက်တွေ တိုးလာတာ ...
လုပ်ခ လစာတွေ ပင်စင်လစာတွေ မြင့်လာတာ ...
ငြိမ်းချမ်းရေးကို အဆင့်တစ်ခုထိ ဆောင်ရွက်နိုင်ခဲ့တာတွေကို ...
အသိအမှတ်ပြုတဲ့ သူတွေ နည်းနေရတာ ...
ဒီ ဒုတိယအချက်ကြောင့် ဖြစ်တယ် .....

တတိယ အချက်ကတော့ ...
ပြီးခဲ့တဲ့  ငါးနှစ်ကာလမှာ ...
လက်ရှိ အစိုးရအဖွဲ့ က ...
ထိထိရောက်ရောက် မကိုင်တွယ်နိုင်တဲ့  ...
ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခဲ့တဲ့  ကိစ္စတွေ ...
နိုင်ငံရေးအရ ကြားညပ်သွားခဲ့တဲ့  အဖြစ်အပျက်တွေကြောင့်ပဲ ...
ဥပမာ လာဘ်ပေးလာဘ်ယူ ကိစ္စ ....
မြေယာ စီမံခန့် ခွဲမှု ကိစ္စ ....

ဒီလို ကိစ္စတွေဟာ ...
စနစ်ပြောင်းလဲသွားတာ ...
အခင်းအကျင်း ပြောင်းလဲသွားတာကို သဘောပေါက်ပြီး ...
မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့ကြတဲ့  ...
တစ်ဘက်ပိတ် မဟုတ်သော ...
လူလတ်တန်းစား ပညာတတ် အလွှာအုပ်စုကို ...
အကြီးအကျယ် စိတ်ပျက်စေခဲ့တယ် ...

( ဘာမှ မဆောက်တဲ့ စက်မှုဇုန် မြေယာတွေ ...
ဘာလို့ အခုထိ ပြန်မသိမ်းတာလဲဆိုတဲ့  မေးခွန်း ...
ကျွန်တော် ကိုယ်တိုင် ...
တာဝန်ရှိသူတစ်ဦးကို မေးကြည့်ဖူးတယ် ...
မေးခံရသူမှာ အဖြေမရှိသမို့  အားနာပြီး ...
စကားပြန်လွှဲ လိုက်ရဖူးတယ် ...
:D :D :D :D
)

သစ်ခိုးတရုတ်တွေကို ပြန်လွှတ်ပေးရတဲ့  ကိစ္စမျိုးဆို ...
ရခိုင် ဘင်္ဂါလီကိစ္စမှာ ....
နိုဘယ်ဆုရှင် ဒေါ်စု ကြားညပ်သွားသလို ...
ညပ်ထွက်သွားတယ် ...

ဦးသိန်းစိန်ဟာ ...
နိုင်ငံငယ်တစ်ခုက သမ္မတ တစ်ဦးအနေနဲ့  ...
လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ပေမယ့်  ...
လူထုရဲ့  အမျက်ရှမှု ...
နိုင်ငံရေးအရ အထိနာမှု ကိုတော့ ...
အကြီးအကျယ် ခံလိုက်ရတယ် ...

ဒါတွေဟာ အခု ရွေးကောက်ပွဲမှာ ...
တစ်ဖက်က ချနင်းပြီး ၀ါဒဖြန့် စရာ ဖြစ်လာတယ် ....
အတိုက်အခံပါတီဘက်ကို ...
ပြည်ခိုင်ဖြိုး မဲ တွေ ပဲ့ ပါသွားတဲ့  အကြောင်းတစ်ခုပေါ့ ...

စတုတ္ထအချက်ကမှ NLD က လုပ်တဲ့အချက် ....
ဘာလုပ်လဲဆိုတော့ သူက ဘာမှမလုပ်ဘူး ...
မစားရ ၀ခမန်း ...
အပြစ်ထိုင်ပြောတဲ့  အလုပ် လုပ်တယ် ...
:D :D :D :D

အပြစ်ထိုင်ပြောတာဟာ ...
ကမ္ဘာပေါ်မှာ အလွယ်ဆုံးအလုပ်ပဲ ...
ဘာမှ မှ မစိုက်ရတာ ....
တကယ်တန်းပြောရင် ...
NLD က အဲဒီအလုပ်ကိုတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူး ...
ဘက်လိုက် မီဒီယာတွေနဲ့  ...
သူ့ ဘေးက ၀န်းရံသူတွေက လုပ်ပေးတာ ...
:D :D :D :D
ဟိုဟာလုပ် လုပ်ပြန်ပြီ ....
ဒီဟာလုပ် လုပ်ပြန်ပြီ ....
အောင်မြင်လဲ ဒီလောက်လေးလုပ်ပေးတာ ....
ဘာမှ ကျေးဇူးတင်စရာမရှိ ...
မအောင်မြင်ရင်လဲ ....
ငိုးမ အစိုးရ ေ-ာက္သံုးမွ မက် ...

အာ့ဆို မင်းတို့ လက်ထက် ဘယ်လိုလုပ်မလဲ ?
အို ... ဒီလောက်ပျက်နေတဲ့ နိုင်ငံ ...
အချိန်ယူရမှာပေါ့ ...
နေ့ ချင်းညချင်း ရီးမို့  တိုးတက်မလားလို့  ...
အာ့လို ပြန်ဆဲခံရတဲ့ အပေါက် ....
:D :D :D :D

ဝန်းရံသူတွေထဲက မြင်းထိန်းငတာတွေကြောင့် ...
တစ်ချက်တစ်ချက် ကွဲတာတော့ ....
တစ်ကဏ္ဍပေါ့လေ ..
:P :P :P :P

ဘာပဲဖြစ်ဖြစ် ...
ဒီနည်းဟာလဲ ...
ထိရောက်သင့်သလောက်တော့ ထိရောက်တယ် ....
လက်ရှိ အစိုးရ အသုံးမကျဘူးလို့ တွင်တွင်ပြော ...
တွင်တွင် ထောက်လာပြီး ....
မဲဆွယ်ချိန် လဲ ရောက်ရော .....
ပြောင်းလဲချိန်တန်ပြီ ဆိုပြီး ...
ကစ်လိုက်တဲ့ အကွက်လေးကတော့ ...
အတော် လှတယ် ....
:D :D :D :D

လက်ရှိ ၂၀၁၂ -၂၀၁၅ ကြားမှာ ...
NLD လုပ်ခဲ့တဲ့  ကိစ္စဟာ ဒါပဲရှိတယ် ...
ဆိုလိုတာက ...
သူ့ ကို လူထုထောက်ခံနေရတဲ့  အချက် လေးချက်မှာ ...
သုံးချက်က သူလုပ်လို့ မဟုတ် ...
အကြောင်းအကျိုး ဆက်စပ်ဖြစ်လာတဲ့  အချက်က နှစ်ချက် ...
အာဏာရ ပါတီရဲ့  အားနည်းချက်က တစ်ချက် ...
သူ လုပ်တာက တစ်ချက် ...
အဲလို ခွဲခြမ်းစိတ်ဖြာကြည့်တာ ...
:D :D :D :D

ဒါဆို NLD နိုင်ပြီလား ?
အစိုးရ ဖွဲ့ နိုင်ပြီလား ?
အဲလိုတော့လဲ မသေချာသေးဘူး ...

ဘာလို့ လဲဆိုတော့ ....
၁။ လက်ရှိတောင်တွေပြို ကမ်းတွေပြိုနေတဲ့  လူအုပ်ဟာ ...
မဲဆန္ဒနယ် တစ်ခုထဲက လူတွေမဟုတ် ...
မနေ့ က သုဝဏ္ဏပွဲဟာ ...
ရန်ကုန်တိုင်း မဲဆန္ဒနယ် ၄၅ ခု က လူတွေစုထားတာ ...

၂။ မဲဆန္ဒနယ် အသေးလေးတွေ ရှိတယ် ...
လူ ရှစ်ထောင် ၊ တစ်သောင်းလောက်ပဲ ရှိတဲ့  နေရာတွေ ....
အဲဒီနေရာတွေ အတော်များများကို ...
အာဏာရပါတီက ဟိုးအရင်နှစ်တွေထဲက ...
စနစ်တကျတွက်ချက်ပြီး ....
အပိုင်ကိုင်ထားတယ်လို့  သိထားတယ် ...

လူတစ်သိန်းရှိတဲ့ မဲဆန္ဒနယ်ကလဲ ...
အမတ်တစ်ယောက်ပဲ ...
လူ ရှစ်ထောင်ရှိတဲ့  မဲဆန္ဒနယ်ကလဲ ...
အမတ် တစ်ယောက်ပဲ ...
ဒီအချက်ကို သေချာနားလည်ဖို့ လိုတယ် ...
:D
=D =D =D =D

၃။ မဲပြားမယ့် ပြသနာရှိနိုင်တယ် ...
နှစ်ဘက်လုံးမှာ ရှိတာ ....
NLD ဟာ အဲဒီ အန္တရာယ်ကို အဓိက ကြုံရမယ် ...
NLD ကို ပေးမယ့်မဲကို ...
တတိယ ပါတီတစ်ခုကို ...
တစ်သီးပုဂ္ဂလကို လူကြည့်ပြီး ပေးလိုက်မယ့် ကိစ္စ ...
NLD လဲ မရ ပြည်ခိုင်ဖြိုးလဲ မရ ...
တတိယလူက ကြားက ၀င်ပြီး ကင်လိုက်မယ့် ကိစ္စ ...
=D =D =D =D =D

၎။ NLD ဟာ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ...
ဧရာမ နိုင်ငံရေး အမှားကြီး တစ်ခုလုပ်ထားတယ် ...
တိုင်းရင်းသားပါတီတွေ နဲ့  ...
တစ်သီးပုဂ္ဂလတွေကို လက်တွဲဖြုတ်လိုက်တဲ့  ကိစ္စ ...
ဆိုလိုတာက ...
သူ့ တစ်ပါတီတည်း အပြတ်အသတ်မနိုင်ရင် ...
ဒီ အခင်းအကျင်းဟာ ...
သူ့ အတွက် အတော်လေး ပွဲကျပ်မယ့်အနေအထားရှိတယ် ...

တပ်က တင်တဲ့ ဒုသမ္မလောင်း ဟာ ....
တပ်က မဲ ၂၅ ရာခိုင်နူန်းက ရပြီးသား ဖြစ်နေတယ် ...

ပြည်ခိုင်ဖြိုးပါတီ ...
တပ် နှင့် ဆက်ဆံရေးကောင်းတဲ့ တတိယ ပါတီတွေ ...
တပ် နှင့် ရင်းနှီးကျွမ်းဝင်တဲ့  တိုင်းရင်းသားပါတီတွေ ...
အပေးအယူ ညှိနိုင်းမှု ပြုလုပ်ပြီးတဲ့  ...
အခြားပါတီများ နှင့် တစ်သီးပုဂ္ဂလ အမတ်တွေ ....
ဒီလူုတွေစုလိုက်လို့  ၂၆ ရာခိုင်နူန်း ရတာနဲ့  ...
တပ်ကတင်တဲ့ ဒုသမ္မတဟာ ...
သမ္မတဖြစ်သွားမှာ ဖြစ်တယ် ....

ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ...
နိုင်ငံတော် သမ္မတဟာ ...
အစိုးရ အဖွဲ့ ကို ....
သူ့ စိတ်ကြိုက် ဖွဲ့ စည်းခွင့်ရမှာ ဖြစ်တယ် ...

ဒါတွေ ဘာမှ လာမပြောနဲ့  ...
မေမေ နိုင်မှ ဖြစ်မှာ ဆိုရင်တော့ သဘောပဲ ...
=D =D =D =D =D

( ရဲမိုး )

No comments: