Thursday, November 5, 2015

ဗိုလ်ချုပ်ကြေးရုပ်ဖျက်ဆီးခဲ့သူအား ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချမှတ်

ဗိုလ်ချုပ်ကြေးရုပ်ဖျက်ဆီးခဲ့သူအား ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချမှတ် ============================== ကြံခင်း နိုင်ဝင်ဘာ ၄ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တရားရုံးက နိုဝင်ဘာ ၂ ရက်က နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို မဖွယ်မရာပြုလုပ်ဖျက်ဆီးခဲ့သော ပြစ်မှုကျူးလွန်သူ ဖြိုးကျော် ဌေး (၂၄ နှစ်) ကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ အရ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။ အမှုမှာ လွန်ခဲ့သည့်ဇူလိုင် ၂ဝ ရက် နံနက်ပိုင်းက အထက်ဖော်ပြပါ ပြစ်မှုကျူးလွန်သူ ဖြိုးကျော်ဌေးဆိုသူသည် ကြံခင်းမြို့ မက်သနောလမ်းနှင့် လမ်းမတော်လမ်းဆုံး အဝေးပြေးကားဝင်းအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြို့သူမြို့သားများစုပေါင်းဆောင်ရွက်ထား ရှိသော ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခင်းများ၊ မီးစလိုက်များကို ဝင်ရောက်ဖျက်ဆီး နေသဖြင့် အနီးရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ကြံခင်းမြို့မရဲစခန်းသို့အပ်နှံခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက အမှုဖွင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ (ဝ၆၉)

No comments: