Thursday, November 5, 2015

""NLDကိုမဲပေးဖို့စဉ်းစားထားခဲ့သော်…"" 💥💥💥💥💥💥💥💥💥💥💥💥💥

""NLDကိုမဲပေးဖို့စဉ်းစားထားခဲ့သော်…""
💥💥💥💥💥💥💥💥💥💥💥💥💥

ပြောင်းလဲချိန်တန်ပြီတဲ့
================
အခုရော မပြောင်းလဲနေလို့လားလို့ စပြောပါ့မယ်…

ဖုန်းကဒ်တွေ ၁၅၀၀ဖြစ်လာတယ်…

ကားဈေးတွေ အဆမတန်ကျ လာတယ်…

အင်တာနက်လွတ်လပ်ခွင့်တွေ ရလာတယ်…

စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရလာတယ်…

ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်ခွင့်တွေ ရလာတယ်…

ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့စကားကို ကြိုက်သလိုပြောလို့ရလာတယ်…

သမ္မတကအစ ဝန်ကြီးအလယ် ကာချုပ်အဆုံး လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေ ရလာတယ်…

ဘယ်သူ့မျက်နာကိုမဆို စေ့စေ့ကြည့်လို့ ရလာတယ်…

ဒါတွေဟာ ဒီမိုကရေစီတည်ဆောက်ဆဲ နိုင်ငံတစ်ခုအတွက် အခြေခံကျတဲ့ ပြောင်းလဲမှုတွေ မဟုတ်ဖူးလား…

စဉ်းစားကြည့်ပါ ပြီးခဲ့တဲ့၅နှစ်ဆိုတာ ခဏလေးပါ ပြောရင်းဆိုရင်း သွားရင်းလာရင်းနဲ့ပဲ ဒီ၅နှစ်က ကုန်လွယ်လွန်းခဲ့ပါတယ်…

ပြီးခဲ့တဲ့ငါးနှစ်အတွင်း ခများတို့ရောဘာတွေပြောင်းလဲခဲ့ကြသလဲ???

အရက်ကြိုက်တဲ့ခများ အရက်ပြတ်ခဲ့သလား(ဖြတ်ဖို့ကြိုးစားနေတယ်ပေါ့)

ချုပ်ချယ်လွန်းတယ်လို့ထင်နေတဲ့ ခများသားသမီးကို နေချင်သလိုသာနေတော့လို့ ခများဥပေက္ခာပြုနိုင်ခဲ့သလား(ဘယ်လိုလုပ်ပြုနိုင်မှာလဲဗျာ)

မိဘဆရာမကြိုက်တာတွေ လုပ်လေ့ရှိတဲ့ခများ လိမ္မာခဲ့ပြီလား(ဒါလဲကြိုးစားနေပါတယ်ပေါ့)

လုပ်ငန်းခွင်ထဲမှာ ခများလုပ်နေသလောက်ထက် ပိုလုပ်ပြဖို့ စဉ်းစားခဲ့ဘူးလား(ရုံးဆင်းချိန်ရောက်ဖို့ပဲလိုတယ်ပေါ့)

ခများမှာ အခြားကောင်းတာတွေ ရှိပေမယ့် ဒါတွေဒါတွေကတော့ မကောင်းပါဘူးလို့ မိသားစုကပြောတဲ့ အချက်တွေကို ခများပြောင်းလဲ နိုင်ခဲ့သလား(တခါတလေတော့ ပြောင်းလဲဖို့ခများ စဉ်းစားမိမှာပါ)

ဦးနှောက်ရှိတဲ့ လူတွေဖြစ်တဲ့အတွက် ချက်ချင်းလက်ငင်းကြီး မပြောင်းလဲဖြစ်သေးရင်တောင်
တဖြေးဖြေးချင်းတော့ပြောင်းကြမှာပါ မဟုတ်ဖူးလား။ ဆိုလိုတာက ပြီးပြည့်စုံတဲ့ ပြောင်းလဲမှုရဖို့ လုံလောက်တဲ့အချိန်တော့ ယူရတတ်ပါတယ်…

အဓိက ပြောင်းလဲချင်တဲ့စိတ်ရှိဖို့သာ လိုတာပါ…

အခုလက်ရှိအစိုးရလဲ လွန်ခဲ့တဲ့ငါးနှစ်လေးအတွင်းမှာ ပြောင်းလဲနိုင်သလောက် ပြောင်းလဲခဲ့တာပဲမဟုတ်ဖူးလား။ သူတို့မှာပြောင်းလဲချင်တဲ့စိတ်ရှိတာလည်းတွေ့မှာပါ။ ရှေ့ဆက်ပြောင်းလဲဖို့လည်း ကြိုးစားနေတာမဟုတ်ဖူးလား။ နောက်၅နှစ်လောက် အချိန်ထပ်ပေးကြည့်တာ နှစ်၅၀နောက်ကျသွားတာ မဟုတ်ပါဘူးဗျာ…

ခများတို့NLDကိုမဲပေးလို့ NLDအာဏာရလာပါပြီတဲ့ သူတို့အစုအဖွဲ့ထဲမှာပေါက်နေတဲ့ အစွယ်တွေကိုရော ခများတို့မြင်နိုင်မှာမို့လား…

မြန်မာပြည်မှာအားကောင်းဆဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပိုလို့အားကောင်းလာနိုင်တယ်လို့ မတွေးမိဘူးလား စစ်တပ်ရှေ့သေးကော့ပန်းတာတောင် ဘာမှမဖြစ်တော့တဲ့ခေတ်မှာ ခများတို့ပြောင်းလဲလိုက်တဲ့ခေတ်ကျမှ ခများတို့ခရီးထွက်တဲ့အခါ သောင်းကျန်းသူရှေ့လက်အုပ်လေးချီ ရှိခိုးတောင်းပန်ရတဲ့ခေတ် ဖြစ်နေပါဦးမယ်ဗျာ…

သေချာတာကတော့NLDခေတ်ဦးမှာ ငါတို့မေမေအာဏာရပြီ ငါတို့လုပ်ချင်တာလုပ်လို့ရပြီဆိုပြီး
ကုလားတွေ အိမ်ဦးတက်ချီးပါမယ်၊
"ဒီမှာကိုယ်တော် ကိုယ်တော်က မဘသဘုန်းကြီးလား"ဆိုပြီး လူလယ်ခေါင်သင်္ဃန်းဆွဲချွတ်မယ်၊
ငါNLDက ဘာကောင်ကွ ညာကောင်ကွဆိုပြီး အာဏာရှင်လက်သစ်တွေပေါ်လာမယ်၊
ယာဉ်တွေကားတွေ စည်းမဲ့ကမ်းမဲ့မောင်းမယ်၊
လောင်းကစားမှု မူးယစ်မှုတွေ ပေါ်ပေါ်တင်တင်ဖြစ်လာမယ်၊
မာဖီးယားလို ယာကူဇာလိုဂိုဏ်းတွေ မှိုလိုပေါက်လာမယ်၊အိမ်ထဲကအိမ်ပြင်ထွက်တာနဲ့မလုံခြုံတော့သလိုခံစားရမယ် ခများတို့အဲ့လိုတော့ နည်းနည်းမှမမြင်ချင် မဖြစ်ချင်ကြဘူးမလား…

တစ်ခုတွေးကြည့်ဦးဗျာ
မောက်မာရိုင်းစိုင်းတဲ့ လိုင်းကားစပယ်ယာတွေ ဒရိုင်ဘာတွေရဲ့ဆူပူငေါက်ငမ်းမှုကို ခများတို့ကြုံဖူးကြမှာပါ။ အဲ့လိုကြုံတွေ့ရတဲ့အခါ ခများတို့ကျေနပ်ခဲ့ရဲ့လား။ အခုအဲ့ဒိ မောက်မာရိုင်းစိုင်းတဲ့ စပယ်ယာတွ ဒရိုင်ဘာတွေ သူခိုးဂျပိုးတွေကိုယ်တိုင် ခများတို့နဲ့အတူတူ NLDကိုပဲ မဲပေးကြမှာပဲဆိုရင် NLDအာဏာရတော့ ခများအပြည့်အဝပျော်ရွှင်နိုင်ပါ့မလား…

အီရတ် အာဖဂန်နဲ့ လစ်ဗျားတို့ကိုပဲကြည့်ဦးဗျာ ခများတို့မစိုးရိမ်မိဘူးလား…

ဟိုးတလောက ရှမ်းပြည်တစ်နေရာမှာ ဆက်ကြေးပေါ်ပေါ်တင်တင်ကောက်ခံခဲ့တဲ့ သောင်းကျန်းသုအဖွဲ့မျိုးနဲ့တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံလေးပြ ကဒ်လေးထုတ်ပြီး ကျနော်NLDပါတီဝင်ပါ လို့ပြောကြည့်ရင်ရော ဆက်ကြေးကင်းလွတ်ခွင့် ရမယ် ထင်သလား…

ခများတို့က ပြီးပြည့်စုံတဲ့ နိုင်ငံသစ်တစ်ခု တည်ငြိမ်အေးချမ်းအောင်တည်ဆောက်ရတာ ၅နှစ်လောက်နဲ့ လွယ်လွယ်ရမယ်ထင်နေသလား…

ဒေါ်အောင်ဆန်းစုကြည် အာဏာရတာနဲ့ ဒီနိုင်ငံကြီး အားလုံးပြေလည်ပြည့်စုံသွားမယ်ထင်နေသလား …

ကျနော်သိပါတယ် ခများတို့အဲ့လို တကယ်မထင်ပါဘူး ခများတို့မုန်းတာ အာဏာရှင်တွေ ကြိုးနီစနစ်တွေ စီးပွားရေးလက်ဝါးအုပ်မှုတွေ ပညာရေးစနစ်တွေ ဒါတွေကိုမကျေနပ်လို့ ခများတို့ပြောင်းလဲချင်တာ မဟုတ်ဖူးလား…

ဒေါ်စုကိုယ်တိုင် ကျမတို့ ဘာအာဃာတတွေမှ မထားပါဘူးလို့ ပြောခဲ့တယ်မလား သူ့လိုလူမျိုးတောင် ဘာအာဃာတမှ မထားပါဘူးလို့ ပြောနိုင်သေးတာ ခများတို့ကရော ဘာကိုအာဃာတတွေ ထားနေဦးမှာလဲ
ခများတို့ပြောခဲ့တဲ့ အာဏာရှင်ဆိုသူတွေ ကိုယ်တိုင် သူတို့ကိုယ်တိုင် ပြောင်းလဲနေပြီမဟုတ်ဖူးလား ခများတို့ ပြောင်းလဲချင်တာတွေ ပြောင်းလဲနေတယ် မထင်ဘူး လား ပုဂ္ဂိုလ်စွဲတွေ မထားကြစမ်းပါနဲ့ဗျာ လက်တွေ့ကျကျသာ စဉ်းစားကြစမ်းပါ…

ဒေါ်စုကိုယ်တိုင်ပြောင်းမှ ပြောင်းလဲနိုင်မယ်ဆိုတဲ့ အတွေးကြီး ရှိနေသေးရင် ထုတ်ပြစ်လိုက်စမ်းပါဗျာ အဲ့ဒါ ခများချော်တောငေါ့နေတာ …

ဘယ်လိုအလုပ်မျိုးဖြစ်ဖြစ် အတွေ့အကြုံဆိုတာ အရေးကြီးပါတယ်။ ခုမှဆေးကျောင်းဆင်းတဲ့ ဆရာဝန် ဆေးကုတော်နိုင်မလား။ ခုမှကျောင်းဆင်းကာစ အင်ဂျင်နီယာ စီမံကိန်းတစ်ခုကို တာဝန်ယူနိုင်မလား။ ရှင်းရှင်းလေးပါ။ ခများတို့ပေးလိုက်တဲ့မဲကြောင့် NLDစင်ပေါ်ရောက်လာရင် သူတို့ဆေးကောင်းကောင်းကုနိုင်ဖို့ သူတို့စီမံခန့်ခွဲနိုင်ဖို့ အချိန်တွေအများကြီးပေးရပါလိမ့်ဦးမယ်။ အခုရနေတဲ့အရှိန်တွေအားလုံး လျော့သွားပါလိမ့်မယ်။ ခများတို့ကျနော်တို့ အရှိန်ပြန်ရအောင် အများကြီးပင်ပန်းကြပါလိမ့်ဦးမယ်။ အခန့်မသင့်ရင် လမ်းခုလတ်ကနေ နောက်ပြန်လှိုင်းတောင်ကြုံရပါလိမ့်မယ်…

ခများတို့စဉ်းစားပါ နောက်ထပ်သုံးရက်လောက်အချိန်ရှိပါသေးတယ်၊ကျနော်ဒီစာရေးတာ ကြံ့ဖွင့်ကို မဲပေးပါလို့ မဲဆွယ်နေတာမဟုတ် NLDကိုမဲမပေးကြဖို့ပAung Htut Thetung Htut Thet




၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: