Tuesday, November 3, 2015

လူ့အလိုနတ်မလိုက်နိုင် လိုပဲလိုချင်တယ် လုပ်တော့မပေးပဲနဲ့ ကို့ပိုက်ဆံကို့ အိတ်ကပ်ထဲထည့် ကို့ပါးစပ်ကို ကိုအစာကျွေးပြီး သူများ ကို အပြစ်ပဲမြင်

လူ့အလိုနတ်မလိုက်နိုင် လိုပဲလိုချင်တယ်
လုပ်တော့မပေးပဲနဲ့ ကို့ပိုက်ဆံကို့ အိတ်ကပ်ထဲထည့်
ကို့ပါးစပ်ကို ကိုအစာကျွေးပြီး သူများ ကို အပြစ်ပဲမြင်
အမြင်မတူ ရန်သူ. ရထားတဲ့ ပညာ အဆင့်မြင့်ဖို့ မကြိုးစားပဲ
အလုပ်ထိုင်စောင့်နေတော့ သေပေါ့. လူကငပျင်း
စိတ်မဝင်စားတဲ့ မေဂျာကို အိမ်က အတင်း ယူခိုင်းလို့ယူ
သင်သမျှစာ အလွတ်ကျက် ပြီးဖြေ ဖြေပြီးမေ့
နောက်တစ်နှစ်ဆက်တက် ပြီးရင် ဘွဲ့ရ အလုပ်ခေါ်တော့
ရထားတဲ့ ဘွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုမေး မဖြေနိုင်
အဖြေက အလွတ်ကျက်တဲ့ထဲမှာပါပေမဲ့ မမှတ်မိ
လက်တွေ့ လေ့ကျင့်ဖို့ ရထားတဲ့ ပညာနဲ့ ပတ်သက်တဲ့
သင်တန်းတွေ မတက် တက်ပြန်တော့လည်း
အတန်းချိန် လစ်ပြီးဆော်နဲ့ တွေ့ ဘီယာဆိုင်ရောက်
လက်ဖက်ရည်ဆိုင်ရောက် အလုပ်က လက်မခံတော့
နိုင်ငံပညာရေးကို အပြစ်တင် အနှစ်တစ်ရာမက
ဒီမိုကရေစီသက်တမ်း ရှိတဲ့နိုင်ငံတွေနဲ့ယှဉ်ပြ ပညာရေး
မကောင်းဘူးဆိုပြီး နိုင်ငံရေးသမားလုပ် ပြီး
တိုးတက်အောင်လုပ်သလားဆိုတော့လည်း
သူများယောင် လိုက်ယောင် သူများအော် လိုက်အော်
သူများပြေး လိုက်ပြေး တိုင်းပြည်မပြောနဲ့ ကို့အိမ်က
မိသားစုကိုတောင်  လိမ္မာ ယဉ်ကျေးအောင် မဆုံးမနိုင်
အပြင်ရောက်ရင် တစ်လောကလုံးရဲ့ အကျိုးအတွက်
အနစ်နာခံပြီး တိုင်းပြည်ကောင်းကျိုး လုပ်နေသလိုလို
တကယ်တော့ fb မှာ ပုဆိုးထဲက ထိုးကွင်းပြသလို
အမြင် မတူသမျှလူဆိုရင် ဘာပဲရေးရေး ဝင်ဆဲ မသက်ဆိုင်တဲ့
ကိစ္စတွေ ဝင်ပြော တင်ထားတဲ့ post က မှန်နေတယ်
ကောင်းတယ်ဆိုရင် လည်း အကောင်းတစ်စက်မှ မပြော
မရမက အပြစ်တင် တင်လို့မရရင် အနာဟောင်းတွေ
ပြန်ဖော် သူတို့ကအမှန် သူတို့နဲ့ မတူတဲ့သူတွေက အမှား လို့ထင်....

ဪ တကယ် ပြောရမယ်ဆိုရင် အစိုးရလည်း
မကောင်းဘူး ပြည်သူလည်း မကောင်းဘူး ငါလည်းမကောင်းဘူး

But

ပြည်သူ မကောင်းတာက အစိုးရမကောင်းတာနဲ့ ယှဉ်လိုက်ရင်
တော်တော် စိတ်ပျက်ဖို့ကောင်းသလို တော်တော် လေး
စည်းကမ်းမရှိ လူ့ကျင့်ဝတ်မရှိ ယဉ်ကျေးမှုမရှိတော့တဲ့
နိုင်ငံသားတွေ ဖြစ်နေတာပါပဲ

"တိုင်းပြည်က ဘာလုပ်ပေးနိုင်မလည်းလို့ မေးတာထက်
တိုင်းပြည်ကို ဘာလုပ်ပေးနိုင်မလည်းလို့ မေးတာပိုကောင်းပါတယ်"

No comments: