Sunday, November 1, 2015

ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရလို့ အစိုးရ ဖွဲ့နိုင်ရင် လက်ပတောင်းတောင် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ကိုဆဲဆိုထားတဲ့ လယ်သမားတွေကို နှိပ်ကွပ်ရမယ်

ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရလို့ အစိုးရ ဖွဲ့နိုင်ရင် လက်ပတောင်းတောင် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ကိုဆဲဆိုထားတဲ့ လယ်သမားတွေကို နှိပ်ကွပ်ရမယ်

ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရလို့ အစိုးရ ဖွဲ့နိုင်ရင် လက်ပတောင်းတောင် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဆဲဆိုထားတဲ့ လယ်သမားတွေကို နှိပ်ကွပ်ရမယ်လို့  မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စား လှယ် လောင်း  ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန် ဆေးတက္ကသိုလ်) က ပြောခဲ့ပါတယ်။

ဒေါက်တာ ကျော်သန်းထွန်းသည် ၁၉၇၅ ခုနှစ်တွင် တရုတ်ပြည် ကွမ်ကျိုးရှိ ကန်တုန် တက္ကသိုလ်၏ ပညာတော်သင်ဆုကို ပထမဆုံး ရရှိခဲ့သည့် တရုတ်နိုင်ငံသား ဆရာဝန် တစ်ယောက် ဖြစ်သည်။

ကျန်းမာရေးကဏ္ဍမှ နိုင်ငံရေးလောကသို့ ကူးပြောင်းလာ သည့် ဒေါက်တာ ကျော်သန်းထွန်းအား မဲဆွယ်စည်းရုံးမှု အခြေအနေများ နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုး က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ ဘယ်မဲဆန္ဒနယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်မှာပါလဲ။ မဲဆန္ဒနယ်မှာရော ဘယ်မြို့နယ်တွေ ပါဝင်ပါလဲ။

ဖြေ။ ။ မန္တလေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာပါ၊ ကျနော့် မဲဆန္ဒနယ်မှာ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း မြို့နယ်တွေ ပါဝင်ပါတယ်။

မေး။ အခုရွေးကောက်ပွဲက ပထမဆုံး အတွေ့အကြုံ ဖြစ်တာကြောင့် ဘာတွေအခက်အခဲ ရှိနေပါသလဲ။

ဖြေ။ ။ အခက်အခဲကတော့ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုလေးတွေ ရှိပါတယ်။ ကျနော်ဟာ တရုတ်ကြီး ပါလို့ပြောတဲ့စကားမျိုးပေါ့၊ ကျနော့် ဟာ တရုတ်ကြီးစစ်စစ် တစ်ယောက်ဖြစ်နေတော့ အဲဒီလို အမှန်တွေ ပြောပြီးဝေဖန်ကျတော့ စိတ်မကောင်းဖြစ် မိပါတယ်၊ ကိုယ့်ဘက်ကလည်း သူတို့ပြောတာ မှန်နေတော့ ဘာမှ တုံ့ပြန် မနေတော့ပါဘူး။

မေး။ ။ ပြင်ဦးလွင်မြို့နယ်က စစ်တပ်ဧရိယာများပြီး ဒေါက်တာ ရဲ့ မဲဆန္ဒနယ်မှာလည်း ပါတယ်ဆိုတော့ မဲဆွယ်စည်းရုံးဖို့ အခက် အခဲ ရှိပါလား။

ဖြေ။ ။ မရှိပါဘူး။ စစ်တပ်ဧရိယာထဲ မဲဆွယ်ခွင့် တွေ လွတ်လွတ်လပ်လပ် ပေးထားပါတယ်။

မေး။ ။ အခုအချိန်က မဲဆွယ်စည်းရုံးရေး ကာလဆိုတော့ မဲဆွယ်စည်းရုံးမှုအပေါ် ဒေသခံတွေက စိတ်ပါဝင်စားမှုရော ရှိပါလား။

ဖြေ။ ။ တော်တော်ကိုစိတ်ညစ်ဖို့ ကောင်းပါတယ်။ သူတို့ ပြောစကားအတိုင်းဆို NLD ခွက်ခွက်လန်အောင် ရှုံး မှာပါ။ ကျွန်တော်တို့ ကုလားတွေရဲ့မဲ ကိုပဲအားကိုးရမှာပဲ။

မေး။ ။ ဒေါက်တာက မန္တလေးတိုင်း တောင်သူလယ်သမားရေးရာ ဥက္ကဋ္ဌ လည်း ဆိုတော့ တောင်သူလယ်သမားတွေ လက်ရှိမှာ အများဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာက ဘာပါလဲ။

ဖြေ။ ။ မြေယာသိမ်းမှုတွေပါပဲ။ ဦးနေ၀င်း လက်ထက်ကတည်းက လယ်ယာမြေတွေကို နိုင်ငံပိုင် ပြုလုပ်ရေးဆိုပြီး မြေသိမ်း ယာ သိမ်းတွေ လုပ်ခဲ့တယ်။ ပြီးတော့ ခရိုနီတွေနဲ့ လုပ်စားကြတယ်။ လယ်စိုက်စားရတဲ့ လယ်သမားက မြေမရှိရင် သူဘာနဲ့ သွားစားမလဲ။ မြေယာပြဿနာတွေမှာ ပုံစံနှစ်မျိုးလောက် အကြမ်းဖျင်း တွေ့ရပါတယ်။ တမျိုးက စီမံကိန်းကြောင့် တောင်သူမြေသိမ်းခံရတာ၊ နောက် တမျိုးကတော့ တောင်သူကိုယ်တိုင် လယ်မြေဈေးကောင်းရ လို့ ပြန်ရောင်းကြတာ။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လူဆိုတာ ရိုးသားတဲ့လူရှိသလို လည်တဲ့သူလည်း ရှိတာ ပဲလေ။ ကျွန်တော်တို့ NLD ထဲတောင်မှ လူလည်တွေရှိသေးတာပဲ အခုသူတို့တွေ အမတ်ဖြစ်နေပြီလေ။ ဒီလိုပဲ လယ်သမားလည်း လူလည်ရှိမှာပဲ။ သူ့ဘက် က တွေးကြည့်ရင်လည်း လယ်စိုက်လို့ သူဌေး မဖြစ်နိုင်ဘူးဆိုပြီး လယ်ရောင်းပြီး ကားဝယ်စီးတယ်။ တိုက်တည်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဆန်မရှိ စောက်စားကြီးတာပဲ။ ကိုယ်တန်ရာတန်ရာပေါ့။ လယ်သမားက ကျွန်တော်လို့ ဆရာဝန်တစ်ယောက်လို နေချင်လို့ဘယ်ရမလဲ။

မေး။ ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာလုပ်ပေးမှာလဲ။

ဖြေ။ ။ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရလို့ အစိုးရ ဖွဲ့နိုင်ရင် လယ်သမားတွေကို ကိုယ့်တန်ရာတန်ရာ နေနိုင်ဖို့သင်ပေးရမယ်။ ဟို လက်ပတောင်းတောင် အရေးတုံးက ဒေါ်အောင်ဆန်းစုကြည် ကို ဆဲဆိုအော်ငေါက်ထားတဲ့ လယ်သမားတွေကိုတော့ အထူးနှိပ်ကွပ်ရမယ် ဒီလူတွေရဲ့ လယ်ကွက်တွေကိုလည်း သိမ်းရင် သိမ်းရမယ် နိုင်ပြီဆိုရင်တော့ ကလဲ့စားချေပွဲ လေးလုပ်ရမှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ကိုဆဲဆိုထားတဲ့ လယ်သမားတွေကို နှိပ်ကွပ်ရမယ်

http://burma.irrawaddy.org

No comments: