Sunday, November 1, 2015

အစိုးရသစ် ပေါ်ပေါက်လာမှ ရခိုင်ပြည်နယ်ကို တစ်ပိုင်းပိုင်းပြီး ဘင်္ဂါလီတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေး နိုင်ငံသားအဖြစ် သတ်မှတ်ပေးနိုင်မယ်ဆိုတဲ့ NLD ပါတီ စစ်တွေခရိုင် ဥက္ကဋ္ဌ

အစိုးရသစ်  ပေါ်ပေါက်လာမှ ရခိုင်ပြည်နယ်ကို တစ်ပိုင်းပိုင်းပြီး ဘင်္ဂါလီတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေး နိုင်ငံသားအဖြစ် သတ်မှတ်ပေးနိုင်မယ်ဆိုတဲ့  NLD ပါတီ စစ်တွေခရိုင် ဥက္ကဋ္ဌ

ရခိုင်ပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက တပြည်နယ်လုံး အတိုင်းအတာဖြင့် နေရာမလွတ်ဘဲ ရွေးကောက် ပွဲ ၀င်ရန် ပြင်ဆင်လျက်ရှိသည်။

ထို့ကြောင့် NLD ပါတီ၏ စည်းရုံးရေး၊ ရခိုင်လူထုနှင့် NLD ပါတီကြား သဘောထား အခြေအနေ တချို့နှင့် ရခိုင်ပြည်နယ်တွင် NLD ၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက်ပြီး NLD ပါတီမှ စစ်တွေခရိုင် ဥက္ကဋ္ဌလည်း ဖြစ်ပြီး စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် လောင်းလည်း ဖြစ်သည့် ဦးသင်္ခါကျော်နှင့် ဧရာဝတီ၏ ရခိုင်ပြည်နယ် သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။    ။ အန်ကယ်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လက်ရှိ ကြုံတွေနေရတဲ့ အခက်အခဲ အကျပ်အတည်း အပါအ၀င် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတဲ့ အခြေအနေကို သိပါရစေ။

ဖြေ။    ။ စက်တင်ဘာလ ၈ ရက်နေ့မှာ ကော်မရှင်ကနေ မဲဆွယ်စည်းရုံးခွင့်ကို ပေးလိုက်ပြီး နောက်ပိုင်းမှာ ကျနော်တို့ ပါတီ အနေနဲ့တော့ ၁၅ ရက်နေ့မှာပဲ စည်းရုံးရေးဆင်းနိုင်ခဲ့တယ်။ ၁၉ ရက်နေ့မှာ အမြင့်ကျွန်းရွာနဲ့ ၂၀ ရက်နေ့မှာ ပါဒ လိတ်ကျေးရွာကို စည်းရုံးရေး တွေ ဆင်းခဲ့တယ်။ မနေ့ကတော့ ၀ါဘို ကျေးရွာကို ဟောပြောခဲ့ပါတယ်။ အခက်အခဲ အကျပ် အတည်းကတော့ ပါတီရန်ပုံငွေ အခက် အခဲရှိတယ်။ ကုလားတွေရဲ့ ထောက်ပံ့ကြေးနဲ့ပဲ သွားနေရတယ်။ ပါတီအောင်နိုင်ရေး အဖွဲ့ ကလည်း ဒီနေ့ထိ ထောက်ပံ့မှုတွေ မရှိသေးဘူး။ ဒါကြောင့် ကုလားတွေကိုပဲ အားကိုးနေရတယ်။

မေး။    ။ စည်းရုံးရေးဆင်းတဲ့အခါမှာ ကျေးရွာသားတွေက အန်ကယ်တို့ ပါတီကို ဘယ်လို သဘောထားပြီး ဆက်ဆံကြလဲ။ ရခိုင် လူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အမြင်မကြည်လင်မှုတွေက ရှိခဲ့တယ်လေ။
ဖြေ။    ။ မနေ့က ၀ါဘို ကျေးရွာမှာ တယောက် မေးတယ်။ လူနည်းစုနဲ့ လူများစုဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အပေါ် မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ ကုလားတွေကို သနားတတ်တဲ့ နိုင်ငံရေးသမား တဦး၊ ကုလားဖြူတစ်ယောက်နဲ့ ယူထားတဲ့ မြန်မာအမျိုးသမီးတစ်ဦး ၊ ကျနော်တို့ နားလည်တာကတော့ သူက ကုလားတွေ စိတ်ချမ်းသာဖို့အတွက် ပြောဆိုတယ်လို့ ယူဆတယ်။

မေး။    ။ အန်ကယ်တို့ NLD ပါတီ ရုံးခန်းတွေက ဘာကြောင့် ခဏခဏ ပြောင်းနေရတာပါလဲ။ ရခိုင်လူထုက  ဆိုင်းဘုတ်တွေကို လာဖျက်တယ်လို့လည်း ကြားနေရလို့ပါ ။

ဖြေ။     ။ ကျနော်တို့ ပါတီရဲ့ ပထမဆုံး ရုံးခန်းက စစ်တွေ မင်းဘာကြီး လမ်းသစ်မှာပါ။ မောင်တောမှာ အရေးအခင်း ဖြစ်ပြီး နောက် နေ့ ဇွန်လ  ၉ ရက်နေ့မှာ ဆိုင်းဘုတ်တွေ အားလုံး ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီအချိန်တုန်း ကလည်း သိတဲ့ အတိုင်းပဲလေ။  ပါတီကို ကုလားဘက် လိုက်တဲ့အတွက် မကျေနပ်တဲ့ လူ တွေ တော်တော်များများ ရှိပါတယ် အထူးသဖြင့် ပညာမတတ်တဲ့ ရခိုင်တွေပေါ့။ အရေးအခင်း စစ်တွေမြို့မှာ စဖြစ်တဲ့နေ့မှာပဲ ညဘက် အားလုံး အဖျက်ခံရတယ်။ရခိုင်တွေ လုပ်တာပါ။

မေး။     ။ ရခိုင်လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သွားခဲ့တဲ့ အမြင်မကြည်လင်မှုတွေကိုရော အန်ကယ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။     ။ ၂၀၁၂ ခုနှစ်ပေါ့။ ရခိုင်မှာ အရေးအခင်းဖြစ်တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့ စကားနဲ့ လူများစုနဲ့ လူနည်းစုဆိုတဲ့ စကားနဲ့ ကိုင်ပြီးတော့ ရခိုင်တွေက NLD ပါတီကို လူမျိုးရေးအရ ဘင်္ဂါလီဘက်က ပါတယ်ဆိုပြီး ကျနော်တို့ ဆိုင်းဘုတ်တွေကို လာဖျက် တယ်လို့ပဲ ယူဆရတယ် ။ ဒါကတော့ ပညာမတတ်လို့ ဖြစ်ရတဲ့ကိစ္စပါ။

မေး။     ။ ပါတီ ဆိုင်းဘုတ် ဘယ်နှကြိမ်လောက် လာဖျက်တာကို ခံရလဲ။

ဖြေ။     ။ ဖျက်တာကတော့ ခဏခဏပါပဲ။ နောက်ရုံးတခုကို ပြောင်းပြီး ရှုပတောင် ရပ်ကွက်ကို ပြောင်းတဲ့အခါတော့ ရုံးဝရန်တာမှာ ကပ်ထားတဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆိုပြီး တင်ထားတဲ့ အထဲက ခရိုင်ဆိုင်းဘုတ်ကို နည်းနည်း ဆွဲဖြဲသွားတယ်။  မြင်မကောင်းအောင် ဖျက်တာတော့ မဟုတ်ဘူး။ မေလလောက်မှာ ထင်တယ်။ ကျနော်တို့ ပထမ အဖျက်ခံရပြီး ရုံးမဖွင့်ဘဲ နေခဲ့ရတယ်။ နောက်တည်ငြိမ်စ ပြုပြီဆိုပြီးတော့ မြို့နယ် အဆင့်၊ ခရိုင်အဆင့် ပါတီ ခေါင်းဆောင်တွေကို ရွေးချယ်ပွဲ လုပ်တဲ့အခါမှာ ဖျက်တာကို ခံရတာပါ။

မေး။     ။ အန်ကယ်တို့ ပါတီက အခုလိုမျိုး စစ်တွေမြို့မှာ ရုံးခန်းပြောင်းခဲ့ရတာ ဘယ်နှကြိမ်လောက် ရှိနေပြီလဲ။ အန်ကယ်တို့ကို ရုံးခန်း ငှားမယ့်လူတွေ မရှိဘူးလို့လည်း ကြားနေရလို့ပါ။

ဖြေ။     ။ နေရာ ပြောင်းရွှေ့တာ အခုနဲ့ဆို လေးကြိမ်လောက် ရှိနေပြီ။ဘင်္ဂါလီတွေရဲ့ အကူအညီပေးမှုကြောင့် ပါတီ ရုံးခန်းငှားရတဲ့ အပိုင်းမှာတော့ အခက်အခဲဖြစ်တာ မရှိပါဘူး။ လိုလိုလားလားကို ငှားတာပါ။ ကျနော်တို့ ငှားပြီးတဲ့နောက်မှာ သူတို့မှာ အိမ်အရောင်းအ၀ယ် ဖြစ်သွားလို့ပါ။ အဲဒါနဲ့ ကျနော်တို့ တရားသီးစု ရပ်ကွက်ကို ပြောင်းသွားတယ်။ တရားသီးစုက အိမ်ပိုင်ရှင်တွေကလည်း လိုလိုလားလားနဲ့ သဘောကောင်းပါတယ်။ ကျနော်တို့ အောက်ထပ်ကို ငှားပြီး ရုံးခန်းဖွင့်တာ။ အဲဒီမှာလည်း အိမ်ပိုင်ရှင် မိသားစုဝင် တယောက်က ရပ်ဝေးက ပြောင်းရွှေ့လာလို့ ကျနော်တို့ကို ဆက်ပြီးတော့ ငှားဖို့ မဖြစ်နိုင်တော့ဘဲ ဖြစ်သွားတာပါ။ ဘင်္ဂါလီတွေ အမြဲတမ်း ကူညီတဲ့အတွက် ရုံးခန်းငှားတဲ့ကိစ္စကတော့ ပြဿနာ မရှိပါဘူး။
၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ဗျာ။ တော်တော်လေး အမျိုးသားရေးကြောင့် အမြင်မကြည်လင်ဘဲ ဖြစ်ပြီးတော့ ကျနော်တို့ကို စာနဲ့သော်လည်းကောင်း၊ အင်တာနက် facebook နဲ့ သော်လည်းကောင်း ပြောဆို ဝေဖန်တာတော့ ရှိခဲ့တယ်။ သို့သော်လည်း ကြီးမားတဲ့ ပြဿနာတွေ ဖြစ်တာတော့ မရှိခဲ့ပါဘူး။ အဲဒီလောက်ပါပဲ။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ စစ်တွေမှာ အဲဒီလိုမျိုး ပြောဆိုမှုတွေ သိပ်မရှိတော့ဘူး။ နည်းလာပြီပေါ့။ အမြင် ကြည်လင်လာကြတယ်။ သဘောပေါက် နားလည်လာကြတယ်ပေါ့။ လူထု အများစု ကလေ။ တချို့ကလည်း ရှိနိုင်သေးတယ်။ အမြင် မကြည်လင်သေးတဲ့ အမျိုးသားရေး တဇောက်ကန်းသမားတွေကလည်း ရှိဦးမယ် လို့တော့ ထင်ပါတယ်။အထူသဖြင့် ရခိုင်တွေပေါ့ဗျာ။

မေး။     ။ အန်ကယ်တို့ပါတီထဲက လာမယ့် ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲက ဘယ်နှယောက် အပယ် ခံရလဲ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ကိုရော ဘယ်လို လုပ်ဆောင်နေလဲ။

ဖြေ။     ။ လာမယ့် ရွှေးကောက်ပွဲမှာ ကျနော်တို့ ပါတီက ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးမှာ အပြည့် ၀င်ပြိုင်ထားတယ်။ မောင်တောမှာ ဘင်္ဂါလီ တယောက် အပယ်ခံရတယ်။ မြေပုံမှာ တယောက်က အရွေးမခံဖြစ်ဘူး။ မောင်တောက ကိုယ်စားလှယ်ကတော့ ဘင်္ဂါလီဖြစ်နေလို့  လ၀က ဥပဒေနဲ့ ပယ်ချခံရတယ်။ ဘင်္ဂါလီ အစစ်ပါ။  ရွေးကောက်ပွဲကို ကျော်ဖြတ်မှာကတော့ အဖွဲ့ချုပ်ရဲ့ logo အတိုင်းပဲ။ ပြောင်းလဲချိန်တန်ပြီ။ အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးစို့ ဆိုတဲ့ အတိုင်းပါပဲ။
ဆိုလိုတာက တပြည်လုံး ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အဖိနှိပ်ခံနေရတဲ့ စသဖြင့်ပေါ့။ ဒါတွေကို ပြောင်းလဲဖို့အတွက် အစိုးရသစ် တရပ် လိုနေပြီ။ NLD ပါတီ နေရာ အားလုံးနိုင်မှပဲ အစိုးရသစ်တရပ် ဖွဲ့နိုင်မယ်။ အစိုးရသစ် တရပ် ပေါ်ပေါက်လာမှပဲ ဘင်္ဂါလီတွေကို သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာတစ်နေရာ ပေးနိုင်မယ်၊သူတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးနိုင်မယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ တန်းတူ အခွင့်အရေး၊ ဖက်ဒရယ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေးစတဲ့ ကိစ္စရပ်တွေကို လုပ်လို့ရမယ်ဆိုတဲ့ မူဝါဒပေါ့။

မေး။     ။ NLD ပါတီ လာမယ့်၂၀၁၆ ခုနှစ်မှာ အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် အန်ကယ်တို့ NLD ပါတီဝင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွက် ဘာတွေလုပ်ပေးနိုင်မယ်လို့ ထင်လဲ။

ဖြေ။     ။ ကျနော်တို့ ပါတီက အနိုင်ရခဲ့မယ်ဆိုရင် ဖက်ဒရယ်မူ ဖြစ်တဲ့ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် တွေ ရအောင် ဘင်္ဂါလီတွေအတွက် ဦးစားပေးပြီး လုပ်ပေးသွားမယ်။ ဒီအတွက် ရခိုင်ပြည်နယ် ကိုလည်း တစ်ပိုင်းပိုင်းသင့်ရင် ပိုင်းရမယ်။ ရခိုင်တွေကိုလည်း အမျိုးသားရေးဝါဒတွေ အရမ်းမကြီးအောင် ပညာပေး ဆုံးမရမယ်။  နောက်တခုကလည်း ဦးဥတ္တမနေ့လိုမျိုးကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးနိုင်ရေးကိုလည်း တောင်းဆိုလာရင် ဆန့်ကျင်သွားမှာပါ။ ဒီလို အမျိုးသားရေးဝါဒ စူးရှတဲ့ ဦးဥတ္တမ နေ့မျိုး လုပ်မဲ့အစား ဘင်္ဂါလီတွေအတွက် အစ်နေ့တွေကို အစိုးရ ရုံးပိတ်ရက်ဖြစ်အောင် ကျွန်တော်တို့ ဖိအားပေးသွားမှာပါ။

http://burma.irrawaddy.org

No comments: