Saturday, October 24, 2015

Samsung Galaxy S6 Edge Plus အရင်ထွက်ရှိပြီးသား S6 , S6 edge ထက်မျက်နှာပြင်အရွယ် အစား ပိုမိုကြီးမားလာသော မျိုးဆက်သစ်ဖြစ်တဲ့ galaxy S6 edge Plus ဖြစ်ပါတယ်။ Screen size 5.7” ရှိပြီး Resolution မှာလည်း (2560x1440) Quad HD Super AMOLED မျက်နှာပြင်ကို အသုံးပြုပေးထားသောကြောင့်

Samsung Galaxy S6 Edge Plus
အရင်ထွက်ရှိပြီးသား S6 , S6 edge ထက်မျက်နှာပြင်အရွယ် အစား ပိုမိုကြီးမားလာသော မျိုးဆက်သစ်ဖြစ်တဲ့ galaxy S6 edge Plus ဖြစ်ပါတယ်။ Screen size 5.7” ရှိပြီး Resolution မှာလည်း (2560x1440) Quad HD Super AMOLED မျက်နှာပြင်ကို အသုံးပြုပေးထားသောကြောင့် ရုပ်ထွက်မှာလည်းကြည်လင်ပြတ်သားမှုရှိပြီး Graphic မြင့်မားသော ဂိမ်းတွေ၊ ဗီဒီယိုတွေကိုကြည့်ရှု ခံစားနိုင်မှာဖြစ် ပါတယ်။ဆန်းသစ်လှပသောဒီဇိုင်းနှင့် အရည်အသွေးမြင့်မားသော ဖန်သားနှင့်သတ္တုကိုအချိုးညီစွာပေါင်းစပ်ဖန်တီး တည်ဆောက်ထားပြီး ဖုန်း၏ညာဘက်ဘေးဘောင်အနားသားနေရာအထိ Screen မျက်နှာပြင်နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့အခုံးမျက်နှာပြင်ပုံစံဒီဇိုင်းမျိုးဖြစ်သည့်အပြင် စမတ်ဖုန်း၏အရှေ့နှင့်အနောက်ကာဗာကိုလည်းအစင်းရာ၊ အခြစ်ရာများဖြစ်ပေါ်မှုမှကင်းဝေးအောင် Corning Gorilla Glass 4 ဖြင့်ဖုံးအုပ်ကာကွယ်ပေးထားသည့်အပြင်ဘေးဘောင်များကိုလည်း
အရည်အသွေးကောင်းမွန်၊ခိုင်မာသော အလူမီနီယံသတ္တုဘောင်ဖြင့် တည်ဆောက်ပေးထားပါတယ်။ Processor အနေဖြင့်လည်း 64bit Octa Coreကိုအသုံးပြုပေးထားတဲ့အတွက်လုပ်ဆောင်ချက်တွေကို မြန်ဆန်ပေါ့ပါးစေမှာဖြစ်ပါတယ်။ RAM 4GB အထိပါရှိသောကြောင့် အချက်အလက်တွေကို လျှင်မြန်စွာကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏအနေဖြင့် 32GB ဖြစ်ပြီး Memory Card ထပ်မံထည့်သွင်းအသုံးပြုနိုင်မှာတော့မဟုတ်ပါဘူး။ အရှေ့ကင်မရာအနေဖြင့် 5MP ဖြစ်ပြီး အနောက်ကင်မရာမှာ 16MP ပါဝင်သောကြောင့် ပုံရိပ်ဖမ်းယူမှုကိုအကောင်းဆုံး စွမ်းဆောင်ပေးနိုင်မှာဖြစ်သည့်အပြင် 4k အရည်အသွေးရှိ ဗွီဒီယို များကိုလည်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Android OS က နောက်ဆုံးထွက် Lollipop အမျိုးအစားကို ထည့်သွင်းမောင်းနှင်ပေးထားပြီး အားသွင်းကြိုးဖြင့် ချိတ်ဆက်အားသွင်းစရာမလိုသော Wireless Charging စနစ်ပါဝင်ပါတယ်။ SimCard နှစ်ကဒ်ထည့်သွင်းအသုံးပြုနိုင်သည့်အပြင် အရောင်အနေဖြင့် Black, Gold , White အရောင် (၃) မျိုးဖြင့်ထုတ်လုပ်ထားပါတယ်။

ဆက်သွယ်စုံစမ်းလိုပါက ဖုန်း...01543340 , 01373061 , 09253358885 , 0973001902တို့ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

No comments: