Tuesday, October 20, 2015

NLD ပါတီ ထာဝရအစိုးရ မလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD ပါတီ ထာဝရအစိုးရ မလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပုသိမ်၊အောက်တိုဘာ ၁၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ အနေနှင့် ရွေးကောက်ပွဲ တိုင်းတွင် အမြဲတမ်းအနိုင်ရပြီး ထာဝရ အစိုးရ မလုပ်လိုကြောင်း အဆိုပါပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

NLD ပါတီကို ယခု ၂၀၁၅ ရွေးကောက်ပွဲ တွင် အစိုးရ သက်တမ်း တစ်ခု အတွက် စမ်းသပ် တာဝန် ပေး နိုင် ကြောင်း၊ NLD ပါတီ အစိုးရ ဖွဲ့ခွင့်ရရှိ ပြီး ကြိုက် နှစ် သက်ပါက နောက်ထပ် သက်တမ်း တစ်ရပ် တာဝန်ဆက် ပေး နိုင်သော်လည်း မြန်မာနိုင်ငံ၏ ထာဝရအစိုးရဖြစ် ရန်ကို မူ မလို လားကြောင်း ဒေါ်အောင် ဆန်းစုကြည် က ဆိုသည်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထာဝရဆက်ပြီးနိုင်တာကိုကျွန်မအနေနဲ့မမြင်ချင်ဘူး၊ တိုင်းပြည်အတွက်လည်း မဖြစ်သင့်ဘူး၊ ပါတီအနေနဲ့ လည်းမဖြစ် သင့်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ပါတီတည်း ဆက်လက်အုပ် ချုပ်နေရင် ဒီပါတီ ပျက်စီးမှာပဲ၊ဒီပါတီမှာ အာဏာရှင်ပါလာမယ်၊ ပါတီအတွက် လည်းမကောင်း ဘူးတိုင်းပြည် အတွက်လည်းမကောင်းဘူး" ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် စနစ်ကိုပြောင်းလဲနိုင်ရန် အတွက် အစိုးရတစ်ရပ်ဖွဲ့နိုင်ရန် အပြတ်အသတ် အနိုင်ရစေလိုသော်လည်း နောင်လာမည့်ရွေးကောက်ပွဲများ တွင် အမြဲ တမ်း ထာဝရနိုင်သည့် ပါတီအဖြစ် ၎င်းအနေဖြင့် မမြင်တွေ့လိုကြောင်း ဒေါ်အောင် ဆန်းစုကြည် က အောက် တို ဘာ ၁၈ရက်နေ့ ညနေပိုင်းက ကျင်းပပြု လုပ်သည့် ကျုံပျော်မြို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လူထု တွေ့ဆုံ ပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါ အခမ်း အနား တွင် ကျုံပျော် ဒေသခံ တစ်ဦးမှ NLD ပါတီက ဘယ်လိုပင်နိုင်နိုင် ပြိုင်ဘက်ပါတီကြီး တစ်ခုမှ ၎င်းတို့သာ အာဏာဆက် လက်ရရှိမည် ဟုပြောနေခြင်း မေးမြန်းခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ပြောကြားသည့်ပုဂ္ဂိုလ်များနှင့် ပါတီအဖွဲ့အစည်းများ၏ ထာဝရ အာဏာရလိုမှု လောဘကို ပြည်သူများ တွေ့မြင်နိုင်ကြောင်း၊ ၎င်းအနေဖြင့် NLDပါတီထာဝရအနိုင်ရသည်ကိုမမြင်တွေ့လိုကြောင်း ၊ဒီမိုကရေစိ နိုင်ငံ ရေး တွင် အပြောင်းအလဲ ရှိရမည် ဖြစ်ကြောင်း၊ သို့မှသာနိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီများကို ပြည်သူများမှ ထိန်း ကျောင်း နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ ကျုံပျော်မြို့မှပြည် သူများနှင့်လူထုတွေ့ဆုံဟောပြောပွဲများ ပြုလုပ်၍ခဲ့ ခြင်းဖြစ်သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: