Tuesday, October 20, 2015

ဒေါ်စုက NLD အာဏာရရင် ဘာသာခြားလွှမ်းမိုးမယ်ပြောသူတွေကို တရားစွဲမယ်လို့ တွေ့မိတယ်။

ဒေါ်စုက NLD အာဏာရရင် ဘာသာခြားလွှမ်းမိုးမယ်ပြောသူတွေကို တရားစွဲမယ်လို့ တွေ့မိတယ်။ တကယ်တမ်းစိစစ်မယ်ဆို ဒါက လူတွေရဲ့ concern; ဗုဒ္ဓဘာသာဝင်တွေရဲ့ concern; အမျိုးသားရေးဝါဒီတွေရဲ့ concern ဖြစ်တယ်။ သူတို့အနေနဲ့ သူတို့ရဲ့ စိတ်ခံစားမှုကို လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိပါတယ်။ NLD အနေနဲ့ တကယ်လုပ်ရမှာက - "NLD ပါတီအနေနဲ့ မူဆလင်ပါတီဝင်မြောက်များစွာရှိသော်လည်း၊ လူအများပူပင်နေကြသော OIC နှင့် ဆက်ဆံရေးအထူးကောင်းမွန်သော်လည်း၊ မူဆလင်ကိုနီကို အကြံပေးခန့်ထားသော်လည်း NLD အာဏာရလျှင် ဗုဒ္ဓဘာသာကို ထိပါးနိုင်ခြင်းမရှိပါ။ အကြောင်းမှာ -- -- -- -- -- -- များကြောင့် ဖြစ်ပါတယ်" - ဒီလို ရှင်းပြရမယ်။ တကယ်တော့ ပြည်သူဆိုတာက နိုင်ငံရေးနားလည်သူရှိတယ်၊ နားမလည်သူရှိတယ်။ အများယောင်လို့ ယောင်သူရှိတယ်၊ တကယ်ယုံကြည်သူရှိတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူနှင့် နိုင်ငံရေးပါတီဆိုတာက မိဘနှင့် သားသမီးလိုပဲ။ ပြည်သူက သားသမီး။ ပါတီက မိဘ။ သားသမီးမကောင်းရင် အတိုင်းအတာတစ်ခုအထိ ဆုံးမပိုင်ခွင့်ရှိတယ်။ သို့သော် နားမလည်လို့ ပြောရင် ပြုပြင်ပေးရမယ်။ ခွင့်လွှတ်ပေးရမယ်။ အခု ဒေါ်စုပြောတဲ့ပုံစံက ပြည်သူကို ရန်သူလို သတ်မှတ်တဲ့ပုံစံမျိုး။ တနည်းအားဖြင့် အာဏာရှင်ပုံစံ။ NLD က ဦးသိန်းစိန်ကို အာဏာရှင်စွပ်စွဲပေမယ့် အဲလိုကြီး မဆိုးဝါးဘူးနော်။ ဆုံးမသင့်တဲ့သူ ဆုံးမတယ်ဆိုတဲ့ မိဘနဲ့တူတဲ့အဆင့်ပဲရှိတယ်။ ဒေါ်စုပြောပုံက ငါနဲ့မတူ င့ါရန်သူဆိုတဲ့ အနေအထား။ လူကြီးက ကလေးကို တုဖက်ရန်ဖြစ်နေတဲ့ ပုံစံ။ စိတ်ဓာတ်၊ လုပ်ရပ်နှင့် အပြောအဆိုက စစ်အစိုးရခေတ် ပြန်ရောက်သွားသလားတောင် အောက်မေ့ရတယ်။ "နောက်ပြန်ဆွဲတယ်" ဆိုတဲ့ စကားလုံးနဲ့ NLD တွေ ဦးသိန်းစိန်ကို တိုက်ခိုက်ဖူးတယ်။ တကယ့်တကယ်မှာတော့ နောက်ပြန်ဆွဲတာ ဒေါ်စုဖြစ်နေပြီ။ ဒေါ်စုအာဏာရရင် စစ်အစိုးရခေတ်အထိ နောက်ပြန်ဆွဲလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်မယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: