မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်တစ်ခုကို ရုရှားနိုင်ငံက တည်ဆောက်ရန် စီစဉ်လျက်ရှိ
------ ------ --- -----
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ တည်ဆောက်ရန် မြန်မာနိုင်ငံ က ရုရှားနိုင်ငံကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်တည်ဆောက်ရန် ရုရှား အရေးပေါ်အခြေအနေဆိုင်ရာ ၀န်ကြီးဌာနက ကူညီမည်ဖြစ်ပြေီး ဘေး အန္တရာယ် ကြုံတွေ့ရပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်သည့် ကိရိယာများကိုလည်း ထောက်ပံ့သွားမည် ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်စလီ ပေါ့စ်ပီကေ့ဗ်က Sputnik သတင်းဌာနသို့ ပြောကြားသည်။
သံအမတ်ကြီးက “မြန်မာအစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာ ကြိုတင် သတိပေးစနစ်တစ်ခု တည်ဆောက်ဖို့ စိတ်ဝင်စားနေပါတယ်။ ကျွန်တော် တို့က စနစ်အတွက် လိုအပ်တဲ့ ကိရိယာတွေနဲ့ ဆက်သွယ်ရေး စနစ်တွေ ထောက်ပံ့ပေးဖို့ ဆွေးနွေးနေပါတယ်။ ကြိုတင် သတိပေးစနစ်နဲ့ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ ရှိပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ယခုနှစ် ကြုံတွေ့ခဲ့ရသည့် ရေလွှမ်းမိုးမှုများကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ရေလွှမ်းမိုးမှုက လူတစ်သန်းကျော်ခန့်ကို ထိခိုက်စေခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးက ဆိုသည်။
မြန်မာ၏ အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း သဘာဝဘေး အန္တရာယ်နှင့် လူလုပ်ဘေးအန္တရာယ်များကို ထိရောက်စွာ ကိုင်တွယ်နိုင်မည့် ဗဟိုစီမံခန့်ခွဲရေး စနစ်တစ်ခုကို ရုရှားက တည်ဆောက်ပေးထားသည်။
ရုရှားနိုင်ငံတွင် နောက်ဆုံးပေါ် နည်းပညာသုံး အရေးပေါ် စီမံခန့်ခွဲမှုစင်တာ (NCMC) ကို တည်ထောင်ထားပြီး နိုင်ငံအတွင်း ဖြစ်ပေါ်သည့် မတော်တဆမှုနှင့် သဘာဝဘေးအန္တရာယ်အားလုံးကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်ထားသည်။
ရုရှားသမ္မတ၏ အမိန့်ဖြင့် ၂၀၀၈ အောက်တိုဘာတွင် တည်ထောင်ခဲ့သော NCMC ကို အရေးပေါ်အခြေအနေဆိုင်ရာ ၀န်ကြီးဌာနက နေ့စဉ် အနီးကပ် ကွပ်ကဲလျက်ရှိသည်။ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး အဖွဲ့များ၊ ၀န်ထမ်းများသည် ပြည်တွင်းပြည်ပ အရေးပေါ် အခြေအနေများကို အချိန်မီ တုံ့ပြန်နိုင်ရန် ၂၄ နာရီ အသင့်ရှိနေရသည်။ NCMC က ၁၂ မိနစ်တိုင်းတွင် အသက်တစ်ချောင်း ကယ်တင်လျက်ရှိသည်ဟု ရုရှားအစိုးရ စာရင်းများ တွင် ဖော်ပြသည်။
KHTun
The Ladies News Journal
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment