အမျိုးသားတိုးတက်ရေးပါတီ၏ မဲဆွယ်စည်းရုံးမှုများကို NLD ပါတီဝင်များ နှောင့်ယှက်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အမျိုးသားတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဌေး မဲဆွယ်စည်းရုံးနေစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးက နှောင့်ယှက်ခဲ့ ကြောင်းသိရသည်။
သာစည်မြို့နယ် ကြပ်စခန်းကျေးရွာတွင် အောက်တိုဘာ ၁၅ ရက်က မဲဆွယ်စည်းရုံးနေစဉ် NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသူက မိုက်ကို လုယူကာ ဆဲဆိုခဲ့ပြီး ၄င်းသည် NLD ပါတီဝင်ဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်း အမျိုးသားတိုးတက်ရေးပါတီက အိမ်တစ်အိမ်တွင် မဲဆွယ်စည်းရုံးနေစဉ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်အိမ်က သီချင်းသံဆူညံစွာ ဖွင့်ထားပြီးနှောင့်ယှက်ခဲ့ကြောင်း၊ အဆိုပါအိမ်တွင်လည်း NLD မဲဆွယ်ပိုစတာများချိတ်ဆွဲထားသဖြင့် အဆိုပါဖြစ်ရပ်များမှာ တိုက်ဆိုင်မှုမဟုတ်ပဲ တမင်သက်သက် ဆောင်ရွက် နေသည်ကို သိသာကြောင်း အမျိုးသားတိုးတက်ရေးပါတီမှ မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူးက ပြောကြား ခဲ့သည်။
ထို့အပြင် သာစည်မြို့နယ်တွင်NLD ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး အခြားပါတီ များကို ပုတ်ခတ်သည့်စာရွက်များဖြန့်ဝေခဲ့ကြောင်းလည်း သိရသည်။
No comments:
Post a Comment