Tuesday, October 6, 2015

မြန်မာနိုင်ငံရှိ သတင်းစာ၊ ဂျာနယ်တို့တွင် ရှေ့တန်းတွင် ရှိနေသော ELeven Media နှင့် 7Day Media တို့အကြား အပြန်အလှန်တိုက်ပွဲများ ပြင်းထန်လာနေပြီး မီဒီယာသမားများနှင့် အကြောင်းသိများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ သတင်းစာ၊ ဂျာနယ်တို့တွင် ရှေ့တန်းတွင် ရှိနေသော ELeven Media နှင့် 7Day Media တို့အကြား အပြန်အလှန်တိုက်ပွဲများ ပြင်းထန်လာနေပြီး မီဒီယာသမားများနှင့် အကြောင်းသိများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
7Day သတင်းထောက်များက ချက်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့၏ စစ်တမ်းကောက်ယူမှုတွင် 7Day လူမှုကွန်ရက်မှာ ကြည့်ရှုသူအများဆုံး ဖြစ်၍ သုတေသနစစ်တမ်းက ပေးသည့် နံပတ်(၁) ဟု စတင်ကြွားဝါခဲ့ရာမှ ပြည်သူပေးသည့် နံပတ်(၁)ဟု ကြွေးကြော်ထားသည့် Eleven အဖွဲ့သားများကို ထိုးနှက်ရာ ရောက်ရှိစေခဲ့ပြီး Eleven သတင်းစာ စာမျက်နှာပေါ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“Eleven က ကချင်တပ်မတော် ဆိုတဲ့ လူမှုကွန်ရက်အသုံးအနှုံးကို သတင်းစာမှာ တင်လိုက်တာကို အမှားထောက်ပြီး စာမျက်နှာမှာ တင်လာတယ်။ ပြီးတော့ like လုပ်တဲ့အရေအတွက် များတာက ငွေအကုန်အကျခံပြီး ပရိုမုတ်လုပ်လို့ ရတာပါ ဆိုပြီး စာမျက်နှာပေါ် တင်လာတယ်။ ဒါကတော့ လွန်လွန်းသွားပြီ။ ကျွန်တော်တို့ သတင်းစာက ကိုယ့်သတင်းစာတိုက်မှာပဲ အပေါ်ထပ်ကို တက်မေး၊ သတင်းရေး တဲ့ အမျိုးအစားမဟုတ်ဘူး။ ကျင့်ဝတ်စည်းမျဉ်းနဲ့အညီပဲ ရေးတယ်။ သူများတွေကို မနာလိုစိတ်နဲ့ အသားလွတ်ကြီး ပတ်ရမ်းနေတာလည်း မဟုတ်ဘူး။ အခုကိစ္စက ဘလိုင်းကြီး ဆော်တာပဲ။ စောင်ရေမှာလည်း ကျွန်တော်တို့က ပိုများတယ်လေ။ သတင်းစာ(၂)စောင် ယှဉ်ပြီးဖတ်ရင် ဘယ်သတင်းစာ ဖတ်မလဲ။ 7Day ကိုပဲ ဖတ်တယ်ဆိုရင် ပိုကောင်းလို့ပေါ့။ ဒါက ရှင်းနေတာပါ။ အရည်အသွေးမှာ ယှဉ်၊ သတင်းကျင့်ဝတ်မှာယှဉ်။ အခုဟာက မဟုတ်တဲ့နေရာ လိုက်ပြီး ယှဉ်နေတာ။ ရှက်စရာကြီးပါဗျာ” ဟု 7Day သတင်းထောက်တစ်ဦးက ပြောသည်။
Eleven မှာ ရှယ်ယာတစ်ဝက် ထည့်ဝင်ထားသည်မှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၏ သားတစ်ဦး ဟု သိရကြောင်း၊ ထို့ကြောင့် Eleven မီဒီယာတွင် လွှတ်တော်မကောင်းကြောင်း တစ်ခါမှ မထည့်ဘူးကြောင်း၊ ဒေါက်တာသန်းထွဋ်အောင်နှင့် တစ်လတစ်ကြိမ် ညစာ စားပြီး မီဒီယာတွင် တိုက်ခိုက်မည့် ကိစ္စရပ်များကို ဆွေးနွေးလေ့ရှိကြောင်း၊ Eleven သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ ဒေါက်တာသန်းထွဋ် အောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၄င်းကို ငွေကြေးပံ့ပိုးပေးသူကိုသာ လော်ဘီလုပ်သွား မည် ဟု သိရကြောင်း၊ သတင်းစာပညာနှင့် လေ့လာမှုတို့တွင် လက်ရှိ ထုတ်ဝေ နေသည့် သတင်းစာများ၌ ညံ့သည့်သူများလည်း အစိုးရကိုတိုက်ခိုက် ပတ်ရမ်း၍ ရောင်းကောင်းနေသည်များလည်း ရှိကြောင်း၊ မိမိတို့ 7Day မှာ အရည်အသွေးကို ကြည့်၍သာ ဆုံးဖြတ်ကြောင်း၊ မိမိအလုပ်ကို မိမိလုပ်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်မှာ 7Day ဂျာနယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ လာဘ်ယူမှုများကို မျက်နှာဖုံးတင် ဖော်ပြပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
“ဒါက ရှင်းပါတယ်။ ကျွန်တော်တို့က ဂျာနယ်မှာ လွှတ်တော်အမတ်တွေကို ခရိုနီတွေက ဘယ်လို ထောက်ပံ့ပေးတယ်။ မော်တော်ကားတွေ ယာဉ်မောင်းတွေ ထားပေးတဲ့သူတွေ ရှိတယ်။ လွှတ်တော်ထဲမှာ ခရိုနီတွေ အကျိုးကို သက်စွန့် ကာကွယ်ပေးဖို့ မွေးတာတွေ ရှိတယ် ဆိုပြီး ရေးလိုက်တာ။ အဲဒါ ပြီးတော့မှ Eleven က ဆော်တော့တာပဲ။ 7 Day က အစိုးရကိုလည်း ဆောာ်တာပဲ။ လွှတ်တော်ကိုလည်း ဆော်တာပဲ။ Eleven ကိုကြည့်လိုက် အစိုးရကိုပဲ ဆော်နေတယ်။ လွှတ်တော်ကို တစ်ခွန်းမှ မပြောရဲဘူး။ ဘယ်ပြောရဲမလဲ။ သူတို့က ကြောက်ရတယ်လေ” ဟုလည်း ဆိုသည်။
"လွန်ခဲ့တဲ့ ငါးလလောက်က 7Day News Journal Facebook Page ထက်Eleven Media Group Facebook Page က like အရေအတွက် ငါးသောင်းကျော်လောက် ပိုများပါတယ်။ ဒီနောက်ပိုင်းမှာ 7Day က Facebook Promotion လုပ်လာပါတယ်။ အဲဒီမှာ လပိုင်းအတွင်း ကျွန်တော်တို့ထက် ၁၈၀၀၀၀ လောက် ပိုများသွားပါတယ်။ အခု ကျွန်တော်တို့လည်း တစ်လဒေါ်လာ ၃၅၀ Facebook ကိုပေးပြီး Promotion လုပ်နေပါတယ်။ အရင်က ပုံမှန်သတင်း အခြေအနေမှာ တစ်လကို လူ ၃၀၀၀၀ ကျော်လောက် like လုပ်တဲ့ အခြေအနေကနေ အခုလူတစ်သိန်း ကျော်လောက် Like လုပ်လာကြပါတယ်" ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။
အလားတူ Eleven အယ်ဒီတာတစ်ဦးကလည်း “7Day က လျှောက်သာပြောနေတာ မန်းအောင်ငြိမ်း ဆိုပြီး ဖောင်ဒေးရှင်း ထောင်ထားတာ။ သတင်းစာမှာတောင် ပါတယ်။ ဦးရွှေမန်း၊ ဦးစံရွှေအောင်၊ ဦးသောင်းစုငြိမ်း တို့လုပ်တာလေ။ ဦးသောင်းစုငြိမ်းက ဦးရွှေမန်း သမ္မတ ဖြစ်ရင် အမေရိကန် သံအမတ်ကြီး လုပ်ချင်တယ် ဆိုပြီး ပြောထားတယ်၊ သဘောတူထားတယ် လို့ ပြောတယ်။ ပြီးတော့ ဦးရွှေမန်းသားတွေနဲ့ ပေါင်းပြီး ICT ပရောဂျက်တွေ ရအောင်ယူပြီး လုပ်ကိုင်နေတာပဲ။ ဦးသောင်းစုငြိမ်းဆိုရင် သူ့အဖေ နိုင်ငံခြားရေးဝန်ကြီးဟောင်း အထဲမှာ သေသွားတယ် ဆိုပြီး အစိုးရကို စိတ်နာပြီး အစိုးရမကောင်းတာပဲ ဖြန့်နေတာ။ ဘင်္ဂလီအရေးတို့ ရခိုင်အရေးတို့ ဘာထည့်ရဲသလဲ ပြန်ကြည့်လိုက်။ ပြီးတော့ 7Day တစ်ဖွဲ့လုံးက ဦးရဲမိုး တပည့်တွေချည်းပဲ။ ဦးရဲမိုး ဆိုတာ သူတို့ သတင်းစာမှာပဲ ပင်တိုင်ရေးပေးနေတာ။ ဦးရဲမိုး အာဘော်က 7Day အာဘော်ပဲ။ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် ဖန်တီးမှု ဘာမှ ရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ CEO ကို ပြောတာတွေက အခြေအမြစ် မရှိပါဘူး။ သူတို့သာ ဦးရွှေမန်းကိုရော ဒေါ်စုကိုပါ လှေနံနင်းပြီး ဖားနေကြတာ။ 7Day သတင်းထောက် တစ်ယောက်ဆိုရင် ဦးရွှေမန်းအတွက် ဆောင်းပါးရှဲဒိုး ရေးပေးတာ ငွေ ဆယ်သိန်း ရတယ် ဆိုပြီး သတင်းတွေ ကြားရသေးတယ်” ဟု ဆိုသည်။
သို့သော်လည်း 7Day အယ်ဒီတာတစ်ဦးကမူ “Eleven ကို ဆူးလှည်းကြီးလို့ ကျွန်တော်တို့ လောကမှာ ခေါ်တယ်။ အရင်တုန်းကတော့ စစ်တပ်က အရာရှိကြီးတွေနဲ့ ပေါင်းတယ်။ ဦးသိန်းရွှေ လက်ထောက် ဗိုလ်ချုပ်စိုးရှိန် ဆိုရင် သူတို့က ကပ်ထား၊ ၀င်ထားရတာ။ အဲဒီတုန်းက ဘာတစ်ခွန်းမှ မပြောဘူး။ ပြောလည်း မပြောရဲဘူး။ အခုကျတော့ အခွင့်အရေး အပြည့်အဝေ ယူပြီး ဟိုဘက်ဆော်လိုက်၊ ဒီဘက်ဆော်လိုက်နဲ့။ သူ မဆော်တာဆိုလို့ ဦးရွှေမန်းနဲ့ ဒေါ်စုပဲု။ ဒါကိုကြည့်ရင် သူ့နောက်မှာ ဘယ်သူရှိသလဲ ဆိုတာ သိသွားတယ်။ Eleven က ဘယ်သူနဲ့မှ မတည့်ဘူး။ အဲ..သူတို့နဲ့ တည့်တာ ဦးရွှေမန်းနဲ့ သူ့သားပဲ။ သူတို့က ပေးထား ကမ်းထားတာ။ နောက် ဘယ်သတင်းစာမှာမှ မရှိတဲ့ သတင်းတင်ပြပုံ သူတို့ဆီမှာ ရှိတယ်။ သူတို့ CEO တို့ အယ်ဒီတာချုပ်တို့ကို အင်တာဗျူးးလုပ်ပြီး သူတို့သတင်းစာ၊ ဂျာနယ်မှာ ပြန် ထည့်တယ်။ ဒါက စာနယ်ဇင်းကျင့်ဝတ်အရ မလုပ်ရဘူးဗျ။ ဘယ်နိုင်ငံမှမှ မရှိတဲ့ သတင်းရင်းမြစ် ဂျာနယ်တိုက် ဆိုတာ။ အဲဒါကိုကြည့်ရင် အရည်အချင်း ဘယ်လောက်ရှိသလဲ သိနိုင်တယ်။ ပြောတော့ ပြည်သူပေးတဲ့ နံပတ်(၁)တဲ့။ ဘယ်ပြည်သူကပေးလဲ။ ကိုယ့်ဘာသာကိုယ် ပေးတာတော့ နံပတ်(၁)မကဘူး၊ နံပတ်ဇီးရိုးလည်း ပေးလို့ရတာပဲ။ CEO က ကားတွေ ၀ယ်ရောင်းလုပ်၊ Showroom ဖွင့်ထားတော့ ကားဈေးလှုပ်တိုင်း အစိုးရကို ဆဲပြီ။ ဒါလား ကျင့်ဝတ်” ဟု ပြောသည်။
Eleven နေ့စဉ်သတင်းစာမှ သတင်းထောက်တစ်ဦးကလည်း “7Day ဆိုတာ ဘယ်လောက် အရည်အချင်းရှိသလဲ ကြည့်နေ။ 7Day ကြီးကြီးမား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာ ကိုယ်ပိုင်အရည်အချင်းမှ မဟုတ်တာ။ နောက်က သူတို့ဆရာတွေက ထောက်ပေးထားလို့ပေါ့။” ဟု ပြန်လည် ဖြေကြားသည်။
မည်သို့ပင်ဆိုစေ စတုတ္ထမဏ္ဍိုင် ဟု ခေါ်တွင်သော မြန်မာ့လေးချောင်းထောက်တို့၏ တိုက်ပွဲမှာ ယခုနှင့် ပြီးဆုံး မသွားနိုင်သေးသဖြင့် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း သိရှိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: