Tuesday, October 6, 2015

၅၉ (စ) ပြင်မယ့်စိတ်ကူးကို ခုထိ လက်မလျော့ဘဲ သူတို့ပါတီ အနိုင်ရရင် ပြင်ဖို့ ကြိုးစားမယ်ဆိုပြိး လျှာရိုးမရှိတိုင်း ပြောနေလိုက်တာများကွယ် ....

၅၉ (စ) ပြင်မယ့်စိတ်ကူးကို ခုထိ လက်မလျော့ဘဲ
သူတို့ပါတီ အနိုင်ရရင် ပြင်ဖို့ ကြိုးစားမယ်ဆိုပြိး လျှာရိုးမရှိတိုင်း ပြောနေလိုက်တာများကွယ် ....
ကြာတော့ သနားတောင်လာတယ် တကယ် တကယ် ..
ဘယ်လောက်ပြင်ချင်ချင် အရူးတပိုင်းဖြစ်လောက်အောင်ပဲ ပြင်ချင်ချင် ပြင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ် ...
အဲ့တော့ သူမ လည်း သမ္မတ ဘယ်လိုမှ မဖြစ် ၊ ဘယ်နည်းနဲ့မှမဖြစ်တော့ဘူး
အဲ့ဒါသေချာပေါက်ပြောရဲတယ် ...
ကိုယ့်ဘာသာ အချစ်စိတ်မွှန်ပြီး လုပ်ချင်ရာ လုပ်ခဲ့ပြီးမှတော့ ဖြစ်လာတဲ့ အကျိုးဆက်ကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပေါ့
အာဂအမျိုးသမီးကြီးပဲ ကိုယ်လုပ် ကိုယ်ခံရဲတဲ့ သတ္တိတော့ရှိရမှာပေါ့ ...
သံဃာနဲ့တောင် တစ်တန်းတည်းထိုင်ဝံ့သေးတာ နည်းတဲ့ သတ္တိမှတ်နေ ...
အခုတော့ ကိုယ့်ဘာသာ အမျိုးမစောင့်ခဲ့လို့ ဥပဒေဘောင်နဲ့မညီတာကို ဇွတ်ရော အဓမ္မရော ပြင်ဖို့ကြိုးစားနေတာဟာ
ဆိုဒ်သေးလို့ မတော်တဲ့ဖိနပ်ကို တော်အောင် ဆိုဒ်ကြီးတာ ပြောင်းစီးရမယ့်အစား ကိုယ့်ဖနောင့်ကိုပဲ လှီးပစ်သလိုဖြစ်နေပြီလေ ...
နိုင်ငံခြားမှာနေရလို့ နိုင်ငံခြားသားနဲ့ရတယ်လို့ဆိုရင်
လူမဟုတ်တဲ့ သတ္တဝါတွေနဲ့ အနေနီးရင်ကော ....
အဲ့လိုပြောရင် ရိုင်းရာကျမစိုးလို့ မပြောတော့ပါဘူးလေ ...
ယောကျာ်းကတော့ သေပြီးပြီဆိုတော့ ထားပါတော့
သူမွေးထားတဲ့ သားနှစ်ယောက်ကိုတောင် မြန်မာနိုင်ငံသားခံယူဖို့ မပြောနိုင်ဘဲနဲ့
ဒီဥပဒေကိုပဲ ပြင်ဖို့ဇွတ်လုပ်နေတာဟာ ...
ပြာတာပြာ ဖွဲမထွက်ဘဲ လက်မောင်းညောင်းတာပဲ အဖတ်တင်မယ့်အဖြစ်ရောက်နေပြီ ...
တကယ်သာ တိုင်းပြည်ချစ်ရင် သမ္မတမဖြစ်ရလည်း ဘာအရေးလဲ
တိုင်းပြည်အတွက် သမ္မတ မဟုတ်ဘဲ လုပ်ပေးနိုင်တာတွေ အများကြီးပါ ...
( လုပ်ပေးချင်စိတ်လည်း ရှိမယ် မထင်ပါဘူး )
ကိုယ်ပိုင်အလင်းရှိတဲ့ အရာဟာ ဘယ်နေရာရောက်ရောက် တောက်ပနေမှာပါပဲ ...
အခု လွှတ်တော်ထဲရောက်နေတာ ဘယ်နှနှစ်ရှိပြီလဲ ...
တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမယ့်အရာ ဘာတစ်ခုများ လောက်လောက်လားလား လုပ်ပြနိုင်ခဲ့လို့လဲ ...
လုက်ပိုင်ခွင့်မရှိလို့ဆိုပြီး အကြောင်းပြလို့ကောင်းနေတာ ယူထားတဲ့ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌရာထူးက ဘာအတွက်ပါလိမ့် ...
စင်ပေါ်တင်မပေးတော့လည်း စင်ပေါ်မတက်ရလို့ ,
စင်ပေါ်တင်ပေးပြီး ကခိုင်းပြန်တော့လည်း အိုးနင်းခွက်နင်းကလို့ ကိုယ့်ထမီစ ကိုယ်ပြန်တက်နင်းမိပြီး အရှက်ကွဲရတာပဲ ရှိတယ် ...
ဒီတော့ အရည်အချင်းရှိတယ် မရှိဘူးဆိုတာ ဘူးပေါ်သလို ပေါ်လာနေပြီပဲလေ ...
ခေါင်းဆောင်ကောင်းဆိုတာ တပည့်ကောင်း ၊ နောက်လိုက်ကောင်းကိုပါ မွေးထုတ်နိုင်ရပါမယ် ...
ဘယ်မှာလဲ ဒေါ်စုမရှိရင် Nld ကို ဆက်ခံနိုင်မယ့်သူ ?
အုပ်ချုပ်ရေးစွမ်းရည်ဆို ပြောမနေနဲ့
ခုကို ပါတီထဲ ဖြုတ် ထုတ် သတ် လုပ်နေတာ ဘာမှ မပြောနိုင်ရှာဘူး
ထိန်းလည်း မထိန်းနိုင်ဘူး ....
ရထားတဲ့ နိုဗယ်လ်ဆု ဆိုတာကလည်း သူများက ခိုင်းကောင်းအောင် နားဖားကြိုးတပ်ပေးလိုက်တာပါ ...
ပညာတတ်တယ် Eng စကားပြောတတ်တာတွေ ဂုဏ်ယူမနေကြနဲ့ ...
လမ်းဘေးက ကလေးတောင် အင်္ဂလန်မှာသွားထားရင် တစ်နှစ်လောက်ဆို အင်္ဂလိပ်စကားမွှတ်နေအောင် ပြောတတ်ပါတယ် ..
( သဘောပြောတာပါလေ )
တွေးမိတာလေး ပြောရရင် ...
တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဒေါ်စုကို ထောက်ခံကြပြီဆိုပါတော့ ...
ဘာ ၅၉ (စ) မှ မပြင်နေနဲ့တော့
ချွင်းချက် အနေနဲ့ ချစ်လွန်းလို့ သမ္မတပေးလုပ်ခိုင်းလိုက်မယ် သူ, မသေမချင်းပေါ့ ...
ဒါမှမဟုတ် ဒေါ်စုသေတာနဲ့ မြန်မာနိုင်ငံကြီးလည်း ပျောက်သွား ၊ ဘာသာ သာသနာလည်း တခါတည်း ပျောက်သွားမယ်ဆိုရင်တော့ ၅၉ (စ) ပြင်ပေးလိုက်မယ် ...
သူလည်း မရှိ ၊ တိုင်းပြည်လည်း မရှိတော့ရင် ဘာတွေးပူစရာလိုသေးလို့လဲ ...
တကယ့်လက်တွေ့မှာက ဒေါ်စု ပဲ သေသွားသွား ၊ ဦးသိန်းစိန် တို့ ဦးမင်းအောင်လှိုင်တို့လည်း သေသွားသွား
ဒီနိုင်ငံ ဒီလူမျိုး ဒီဘာသာကတော့ ကျန်နေခဲ့ဦးမှာပါ
´ကိုယ်မှ မရှိတော့တာ နောက်လာမယ့်မျိုးဆက်တွေ ဘာပဲဖြစ်နေခဲ့ခဲ့ ၊ ဘယ်ဘာသာပဲကိုးကွယ်ကွယ် ငါတို့နဲ့ မဆိုင်တော့ဘူး
လတ်တလော တို့ထောက်ခံတဲ့သူ သမ္မတဖြစ်ဖို့ပဲ အရေးကြီးဆုံးပဲ ´ဆိုပြီး မျက်နှာလွှဲခံပစ် လုပ်ခဲ့ဖို့တော့
ကိုယ်တွေမှာ စိတ်မဖြောင့်နိုင်တာ အမှန်ပါပဲ ...
ဒီတော့ သားသမီးကျင့်ဝတ်ထဲက စောင့်လေမျိုးနွယ်ဆိုတာလေးကိုတောင် အချစ်စိတ်မွှန်ပြီး လိုက်နာဖို့မေ့နေခဲ့တဲ့သူ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ အရည်ချင်းမရှိတဲ့သူကို သမ္မတ ဖြစ်အောင် ထောက်ခံပေးမယ့်အစား
စစ်ခရာသံပေးပြီး ချီတက်လာမှာကိုပဲ ပန်းကုံးစွပ်ပြီး ကြိုဆိုတော့မယ် ...
စစ်ဖိနပ်အောက်မှာနေရလို့ ပြားကပ်နေပါစေ
စစ်အာဏာရှင်အုပ်ချုပ်လို့ ကြောက်ဒူးတုန်နေရပါစေ ကျေနပ်တယ် ...
တိုင်းတစ်ပါးကြိုးဆွဲရာ က,မယ့် အန်တီကြီး
အမျိုး ဘာသာ သာသနာကို ချစ်ရမှန်း စောင့်ရှောက်ရမှန်းမသိတဲ့ အန်တီကြီးထက်
ဘပြောင်တို့ ဦးမင်းအောင်လှိုင်တို့ကိုပဲ သမ္မတဖြစ်စေချင်တယ် ...
Daw Moe Thandar
Like



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: