Tuesday, October 20, 2015

အီရန်နျူကလီးယား သဘောတူညီချက် စတင်အကောင်အထည်ဖော်

အီရန်နျူကလီးယား သဘောတူညီချက် စတင်အကောင်အထည်ဖော်
================================================

တီဟီရန် အောက်တိုဘာ ၁၉

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ကရစ်နှင့် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးအကြီးအကဲ ဖက်ဒါရီကာမိုဟာရီနီတို့သည် တနင်္ဂနွေ နေ့က ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်ရာ အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံတို့အကြား ဇူလိုင်လက သဘောတူခဲ့သော နျူကလီးယားစာချုပ် ကို စတင်အကောင်အထည်ဖော်ရန် ကြေညာလိုက်ကြောင်း အီရန်နိုင်ငံခြား ရေးရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ယခုအခါအီရန်က ၄င်း၏ ပူးတွဲအကောင်အထည်ဖော်ရေးအဖွဲ့နှင့် နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့တို့က အဆိုပါ နျူကလီးယားစာချုပ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဇူလိုင် ၁၄ ရက်က သဘောတူညီခဲ့သော နျူကလီးယား သဘောတူစာချုပ်အရ အီရန်အနေဖြင့် ၄င်း၏ နျူကလီးယားအစီအစဉ်ကို ထင်သာမြင်သာရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယူရေနီယံသန့်စင်မှု ကို ကန့်သတ်မှုဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက် ခြင်းအပေါ် နိုင်ငံတကာနှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထား မှုများကို ဖြေလျှော့ပေးရမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
အဆိုပါ သဘေတူစာချုပ်သည် လုံခြုံရေးကောင်စီက လက်မှတ်ရေးထိုး ပြီး ရက်ပေါင်း ၉ဝ အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ရာ အောက်တိုဘာ ၁၈ ရက်က စတင်ကာ အကျိုးသက်ရောက်သည်ဟု ဆိုသည်။

(ဆင်ဟွာ)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: