Monday, October 19, 2015

ဘယ်နိုင်ငံခြားအစိုးရကိုမှ အားကိုးပြီးနိုင်ငံရေးလုပ်တာမဟုတ်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား မှန်ကန်မှု မရှိ

ဘယ်နိုင်ငံခြားအစိုးရကိုမှ အားကိုးပြီးနိုင်ငံရေးလုပ်တာမဟုတ်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား မှန်ကန်မှု မရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ အမျိုး ဘာသာ သာသနာအရေးနဲ့ နိုင်ငံသားဥပဒေနဲ့ပတ်သက် လို့ မေးခွန်းအများဆုံးအထုတ်ခံခဲ့ရပါတယ်။ သံတွဲ ဟောပြောပွဲမှာဆိုရင် မဲဆန္ဒရှင်တစ်ဦး က ဒေါ်အောင်ဆန်းစုကြည်ဟာ RSO ရိုဟင်ဂျာ အဖွဲ့အစည်းကို စာရေး အကူအညီတောင်းတယ်ဆိုပြီး အင်တာနက်လူမှုရေးစာမျက်နှာတွေမှာပျံ့နေတဲ့ကိစ္စ ဟုတ်ပါသလားလို့ မေးမြန်း ခဲ့ ပါတယ်။ အဲဒီမေးခွန်းကို ဒေါ်အောင်ဆန်း စုကြည်က "ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ကျမတို့ ပြည်သူကို အားကိုးပြီးတော့ လုပ်တာ၊ ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးပြီးတော့ လုပ်တာမဟုတ်ပါဘူးလို့ ပြောပါရစေ၊ အဲ့ဒီလို စွပ်စွဲတဲ့လူတွေက သူတို့ကိုယ်တိုင်က ဘယ်နိုင်ငံခြားအစိုးရတွေကို အားကိုးနေလို့လဲလို့ ကျမပြန်ပြီးတော့ မေးချင် ပါတယ်" လို့ ပြန်ပြောခဲ့ပါ တယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒေါ်စုကြည်အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပနိုင်ငံတွေ ကူညီကြပါလို့ အရင်က တစာစာပြောခဲ့တာကို ဗြောင်လိမ်ပြီး ဘယ်နိုင်ငံခြားအစိုးရကိုမှ အားမကိုးပါဘူး လို့ ဖြေခဲ့တဲ့အတွက် ရိုးသားတယ်လို့ အရင်တုန်းက လူအများကပြောခဲ့ကြတဲ့ ဒေါ်စုကြည်ရဲ့ အရည်အချင်း ဘယ်ရောက် သွားပြီလဲ။ မဲရဖို့ အတွက်ဆို ဘယ်လိုပဲ လိမ်ညာရ ၊ လိမ်ညာရဆိုတဲ့ ကလိမ်ကကျစ် နိုင်ငံရေးသမား ဖြစ်သွားပြီးလားလို့ မေးခွန်းထုတ်ကြ ပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဗဟိုကော်မတီဝင်တစ်ဦးက “အရင်တုန်းကဆိုရင် နိုင်ငံရေးအတွေး အခေါ် အယူအဆ မတူပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ရိုးသားမှုရှိတယ်။ မှန်တယ်ထင်ရင် ပြောရဲတယ်လို့ ထင်ပြီး လေးစားမိတယ်။ ခုတော့ အဲဒီလေးစားစိတ်ပျောက်သလောက်ဖြစ်သွားပြီ။ ဝါကာအူဒင်နဲ့ ဆက်သွယ်ရင်လဲ ဆက်သွယ်တယ်။ မဆက်သွယ်ရင်လဲ မဆက်သွယ်ဘူး။ ကျွန်မကိုသက်သက် လုပ်ကြံကြတာပါ ပေါ့၊ ရှင်းရှင်းလေး။ ဒါကို ဘယ် နိုင်ငံခြားအစိုးရကိုမှ အားမကိုးပါဘူးဆိုတော့။ ဝါကာအူဒင်ဆိုတာ နိုင်ငံခြားက အစိုးရအဖွဲ့ခေါင်းဆောင် မဟုတ်ပါဘူး။ ပြည်တွင်းက ဘင်္ဂါလီတွေ ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသားဖြစ်ရေး လော်ဘီလုပ်နေတဲ့ အဖွဲ့ ခေါင်းဆောင်ပါ။ အဲဒါကို ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးပြီးတော့ နိုင်ငံရေးလုပ်တာမဟုတ်ဘူးဆိုတော့ ဘယ်လိုနားလည်ရမတုန်း။ ဝါကာ အူဒင်ကို အားကိုးပြီး နိုင်ငံရေး လုပ်တာ မဟုတ်မှန်းတော့ လူတိုင်းသိတာပေါ့။ လူထုသိချင်တာက ဝါကာ အူဒင်နဲ့ ဘင်္ဂါလီကိစ္စ အပေးအယူလုပ် ထား တာ ရှိ၊ မရှိ။ ဒေါ်စုဖြေတာက ခါးတောင်းကျိုက် တခြား ၊ အဝှာတစ်ခြားဖြစ်နေတယ်” ဟု ဝေဖန်ခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာသန်းထွန်းအောင်ကလည်း “နိုင်ငံရေးလုပ်တာ ဘယ်နိုင်ငံခြားအစိုးရကိုမှ အားကိုးပြီးတော့ လုပ်တာမဟုတ်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားက ရှေ့နောက်မညီဘူး။ ၂၀၁၂ စက်တင်ဘာလ အမေရိကန်ခရီးစဉ်မှာတုန်းက လူးဝစ္စဗီးလ်တက္ကသိုလ် မက္ကော်နယ်လေ့လာ့ရေးဗဟိုဌာနမှာ မြန်မာ့ဒီမိုကရေစီရေး အတွက် ပြည်ပအကူအညီလိုအပ်တယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကူညီကြပါ။ NLD ပါတီဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ရှေ့ဆောင်ပါတီပါလို့ ပြောခဲ့တယ်။ ပြည်ပခရီးစဉ်တွေမှာ နိုင်ငံခေါင်းဆောင်တွေနဲ့တွေ့တိုင်း ဒီမိုကရေစီရေးအတွက် NLD ကို အားပေး ထောက်ခံကြပါလို့ ပြောခဲ့တယ်။ အဲဒီလို ပြောခဲ့တာတွေရှိရက်နဲ့ ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးပြီးတော့ နိုင်ငံရေးလုပ်တာမဟုတ်ဘူးလို့ ပြောလိုက်တာ မေးခွန်းမေးတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဘာမှ မသိတဲ့လူတွေပါ။ ငါကြိုက်သလို ပြောလို့ရတယ်လို့ အထင်သေးတဲ့ သဘောလားလို့ မေးချင်တယ်။ တကယ်တမ်းသာ ရိုးသားမှုရှိရင် ဒီလိုမပြောသင့်ဘူး။ နိုင်ငံတကာအကူအညီဆိုတာ အစိုးရဖြစ်လဲ ယူရမှာပဲ။ ပွင့်လင်းမြင်သာမှုရှိဖို့တော့လိုတာပေါ့။ နိုင်ငံခြားက ဘဏ်စာရင်းထဲကို ဘယ်ကမှန်းမသိတဲ့ ငွေတွေ ဝင်နေပြီး နိုင်ငံခြားအားမကိုးဘူးဆိုတာကတော့ တည့်တည့်ပြောရရင် ညာနေတာလို့ပြောချင်တယ်” ဟု ပြောကြားခဲ့သည်။

“ရှင်းရှင်းလေးပဲဗျာ။ နိုဘယ်ဆုပေးခဲ့တယ်။ တစ်ချိန်လုံး ဒေါ်စုကို ထောက်ခံခဲ့တယ်။ ဒေါ်စုနားမှာ အင်္ဂလိပ် ထောက်လှမ်းရေးစပိုင်တစ်ယောက် ထားပေးတယ်။ ထားပေးတာမှ သံရုံးက ထောက်လှမ်းရေးတာဝန်ကို ခွင့်နဲ့ အနားပေးပြီး ဒေါ်စုဘေးမှာ ထားတယ်။ တစ်ရက်၊ တစ်ရက် မဟုတ်ဘူး။ ဒေါ်စု လွှတ်တော် ရောက်ကတည်းက ထားပေးတာ။ ဒီအင်္ဂလိပ်ထောက်လှမ်းရေးက ဒေါ်စု သွားတိုင်း တကောက်ကောက်လိုက်တယ်။ သူ့ရှေ့မှာပဲ နိုင်ငံခြားသားတွေနဲ့ တွေ့ရတယ်။ ဒါက တစ်ချက်။ ဒေါ်စုနဲ့ သူနဲ့ ကြားက ဆက်သွယ်မှုတွေနဲ့ ပြည်ပဆက်ဆံ ဆက်သွယ်မှုတွေ ဘယ်လိုရှိနေလဲ ဘယ်လို ရှိလဲ။ ပွင့်ပွင့်လင်းလင်း မပြောဘူး။ အခု ရွေးကောက်ပွဲအတွက် လေယာဉ်စင်းလုံးငှားတာတွေရော၊ တစ်နိုင်ငံလုံး စည်းရုံးတာတွေရော ဒေါ်လာ သန်းနဲ့ချီပြီး ကုန်တယ်။ NLD မှာ ပိုက်ဆံ မရှိဘူး လို့ ဒေါ်စုက ပြောတယ်။ ကျွန်တော်တို့ ကြားရတဲ့သတင်းအရ နိုင်ငံခြားမှာရှိတဲ့ ဒေါ်စုရဲ့ ငွေစာရင်းထဲကို oic နိုင်ငံတွေက ငွေတွေ လွှဲပြောင်းပေးနေတယ်၊ ဒါကို အခြားလူတွေဆီ ဖြန့်ခွဲပြီး nld အသုံးစရိတ်အတွက် သုံးနေတယ် ဆိုတာ သိရတယ်။ နောက်တစ်ချက်က ဒီလို ထောက်ပံ့ပေးထားတဲ့ အနောက်နိုင်ငံတွေ၊ OIC နိုင်ငံတွေအတွက် သူအာဏာရလာရင် ဘာပြန်လုပ်ပေးရမလဲ ဆိုတာပဲ။ ဒီလောက်ထောက်ပံ့ကူညီထားတဲ့ ပြည်ပနိုင်ငံတွေကို ဒေါ်စု ပြန်ပြီး ငြင်းရဲပါ့မလား။ ဒါတွေက စဉ်းစားစရာတွေ ဖြစ်လာနေတယ်။ ပြည်ပ အားမကိုးပါဘူး သူပြောတယ်။ ပြည်ပ အားကိုး ပုဆိန်ရိုးဆိုပြီး သူ့ကို ခေါ်ခဲ့တာ အခုမှ မဟုတ်တာ။ သူ့နောက်မှာ ပြည်ပနိုင်ငံတွေ၊ အခုနောက်ပိုင်း OIC တွေ ရှိနေတာ အကုန်လုံး သိထားပြီးသားပါ။ လျှာမှာ အရိုးမှ မရှိတာ။ သူပြောချင်ရာ ပြောနေတာ။ ရှေ့နောက်တွေလဲ မညီဘူး။ ပါးစပ်ထဲတွေ့တာ ပြောနေတာ ထင်တယ်” ဟု ၄င်းကဆက်လက်ပြောကြားခဲ့ ပြောသည်။

ပြည်သူ့အာဏာ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: