Monday, October 19, 2015

ဖုန်ကြားရှင်ကို အရမ်း ရင်းနှီးဖော်ရွေပြနေတဲ့  ... ဦးအောင်မင်း အိမ်မှာ .... ပေးနေလိုက်တာပဲ အကောင်းဆုံး ဖြစ်လိမ့်မယ် ."

" ဖုန်ကြားရှင်ကို အရမ်း ရင်းနှီးဖော်ရွေပြနေတဲ့  ...
ဦးအောင်မင်း အိမ်မှာ ....
ပေးနေလိုက်တာပဲ အကောင်းဆုံး ဖြစ်လိမ့်မယ် ."
===========================
ဒီစတေးတပ်စ် ရဲ့ ခေါင်းစဉ်ကတော့ ....
သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ တကွ ....
အခြားအခြားသော လူထုရှေ့  ၊ မီဒီယာတွေရှေ့ မှာ ...
စကားပြောဆို ထုတ်ပြန်ချက် ပြုလုပ်နေရသူတွေကို ...
ရည်ညွှန်းလိုတာ ဖြစ်တယ် ...

မြန်မာပြည်မှာ ဖေ့စ်ဘုတ်သုံးစွဲသူဦးရေဟာ ...
ကြောက်ခမန်းလိလိ မြင့်သထက်မြင့်လာတယ် ...
သတင်းပြန့် နှံ့ စီးဆင်းမှုဟာ ...
စိတ်ပျက်စရာကောင်းလိုက်အောင် လျှင်မြန်လွန်းလှတဲ့ အတွက် ....
တစ်ခုခုများ အမှားအယွင်းဖြစ်ခဲ့ရင် ....
လိုက်ဖြေရှင်းဖို့ ဆိုတာဟာ ဆေးမမီတဲ့ အနေအထားဖြစ်လာတယ် ...

ဖေ့စ်ဘုတ် စတင် သုံးစွဲခါစအချိန်မှာ ...
ကျွန်တော်တို့ ဟာ ဒီပြသနာကို သိပ်ဂရုမပြုခဲ့ကြမိဘူး ...
သို့ သော် အခုအချိန်မှာ သူ့ ရဲ့ အကျိုးသက်ရောက်မှုဟာ ...
သတိကြီးကြီး ထားရမယ့် အခြေအနေ တစ်ခုဖြစ်လာနေတယ် ...
ဘာလို့ လဲ ဆိုတော့ ပရင့်မီဒီယာတွေပါ ...
ဖေ့စ်ဘုတ်ရဲ့ စောင့်ကြည့်ထိန်းချုပ်မှုကို ခံလာကြရလို့ ပဲ ....

အပတ်စဉ်ဂျာနယ်ဖောင်ပိတ်ခါနီးတိုင်း ...
ကျွန်တော် အမြဲမှာနေရတဲ့  စကားဟာ ....
ခေါင်းစဉ်တွေသေချာစစ် ....
ဓာတ်ပုံနဲ့ သတင်းနဲ့  မလွဲဖို့ အခါခါစစ် ...
ကိုယ်တင်ထားတဲ့ ခေါင်းစဉ်ဟာ ...
အုပ်စုတစ်ခု ဒါမှမဟုတ် ဘက်တစ်ဘက်ကို ....
ဖေ့စ်ဘုတ်လော်ဘီတွေ အမြတ်ထုတ် ...
တိုက်ခိုက်လို့ ရသွားမယ့် ခေါင်းစဉ်လား ?
ဓာတ်ပုံလား သေချာကြည့် ....
မှားရင် ကျေးဇူးရှင်တွေက ဖေ့စ်ဘုတ်တင်ပြီး ကင်လိမ့်မဟေ့ ...
ဒါကိုပဲ အထပ်ထပ်မှာနေရတဲ့ အနေအထားဖြစ်တယ် ...

အားလုံးသိပြီးတဲ့ အတိုင်း ....
NCA လက်မှတ်ထိုးအပြီး ...
ဦးအောင်မင်းက သတင်းစာရှင်းလင်းပွဲလုပ်တယ် ...
ဖုန်ကြားရှင်ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြောတယ် ...
သူပြောတဲ့ စကားထဲမှာ ...
ဘ၀င်မကျစရာ အချက်တွေ အများကြီးပါလာတယ် ....
မကျေလည်စရာ ပြန်မေးစရာမေးခွန်းတွေ အများကြီးရှိလာတယ် ...
သို့ သော် ဘ၀င်မကျတာက အသာထား ...
ဖေ့စ်ဘုတ်မှာကတော့ ပွက်လောရိုက်ကုန်ပြီ ဖြစ်တယ် ....

တပ် အသိုင်းအ၀ိုင်းဟာ ဦးအောင်မင်းရဲ့ စကားအပြီးမှာ ...
ရုတ်ချည်း ငြိမ်ကျသွားတယ် ....
သို့ သော် ကောင်းသောငြိမ်သက်ခြင်းမဟုတ် ...
ပေါက်ကွဲဖို့ အရှိန်ယူနေတဲ့ ငြိမ်သက်ခြင်းဖြစ်တယ် ...
မီး စထိုးပေးတာက ဒီမိုတွေ အတိုက်အခံတွေဖြစ်တယ် ...
ဒဲ့ ပြောရရင် အွန်လိုင်း NLD ၀န်းရံသူတွေ ....

ဒီလူတွေထဲက အများစုဟာ ...
လောက်ကိုင်စစ်ပွဲမှာ ...
ဘာတွေရေး ဘယ်လိုတွေပြောခဲ့ကြတယ်ဆိုတာ ...
လူတိုင်း အသိပဲ ဖြစ်တယ် ...

တပ်မ ၃၃ က တပ်နှစ်တပ်
ပွိုင့် ၂၂၀၂ မှာ ပိတ်မိပြီး ...
စစ်သည်တွေ အများကြီးကျဆုံးသွားချိန်မှာ ...
ဒီအကောင့်တွေက ဘယ်လိုသရော်တော်တော် ရိတိတိတွေ ...
ရေးခဲ့ ချွတ်ခဲ့ ကြတယ်ဆိုတာလဲ လူတိုင်း အသိပဲ ဖြစ်တယ် ...
သူတို့ မသိတာက တစ်ခုပဲ ...
အဲဒီ ဌက်ပရိုဖိုင်နဲ့  ကောင်တွေရေးတဲ့  စတေးတပ်စ်တွေကို ...
တပ်အသိုင်းအ၀ိုင်းက ဘယ်လောက်ေ--ာက်သဲပေါက် ...
နာကျည်းခဲ့တယ်ဆိုတာ မသိတာ ...

အခုလဲ ဦးအောင်မင်းပြောစကားဟာ ...
ဒီ ဌက်ပရိုဖိုင်နဲ့  အွန်လိုင်းတော်ကီ NLD တို့ အတွက် ...
ဒီနေ့  အကြိုက်ဆုံး စကား ဖြစ်လာတယ် ...
ကလိကြတယ် ရိကြတယ် ရွဲ့ ကြတယ် ဟားကြတယ် ...
တပ်အသိုင်းအ၀ိုင်းက လူတွေ နာနာကျည်းကျည်း ငုံ့ ခံရတယ် ...
ဘာမှ ပြန်မပြောသာဘူး ဖြစ်ကုန်တယ် ....

အဲဒီ NCA လက်မှတ်ထိုးပွဲ ကျွန်တော်လဲ တက်တယ် ...
သို့ သော် သတင်းစာရှင်းပွဲတော့ မတက်မိဘူး ...
နေပြည်တော်မှာ ဂျာနယ် ဖြန့် ချိရေးဝန်ထမ်းတစ်ဦးထားဖို့ ကိစ္စ ...
တစ်လက်စတည်းရောက်တုန်း လိုက်လုပ်နေလို့  ....
သတင်းကို စသိတော့ ...
အမြန်လမ်းမှာ ကားရပ်ပြီး ခဏနားတုန်း ...
ဖေ့စ်ဘုတ်ဖွင့်ဖတ်မိချိန်မှာ သိတာ ...
တပ်အသိုင်းအ၀န်းက လူတွေ ...
လာမေးထားတဲ့  မက်ဆေ့တွေလဲ အများကြီးပဲ ...

အရင် ကျွန်တော်သိထားတဲ့  မူဝါဒဟာ ...
ဒီ ဌက်ပရိုဖိုင်နဲ့ ကောင်တွေ လိုင်းပေါ် ၀ါဒဖြန့် နေသလို မဟုတ် ...
ဒါနဲ့  ချက်ချင်း သမ္မတရုံး ညွှန်မှူး ကိုဇော်ဌေး ( မူးဇော် ) ကို ...
ဖုန်းဆက်မေးတယ် ....
တရားဝင်မေးတာပါ ... ဖေ့စ်ဘုတ်ပေါ်တင်မှာပါ ...
ဂျာနယ်မှာလဲ ထည့်မှာပါ ... ဒီလိုပြောပြီး မေးတယ် ...

ကိုဇော်ဌေးက တော်တော် ရှည်ရှည်ဝေးဝေးပြန်ရှင်းပြတယ် ....
MNDAA ဖုန်ကြားရှင်အနေနဲ့  ...
အချုပ်အခြာအာဏာကို ထိပါးခဲ့တာ ဖြစ်လို့  ...
လက်နက်ချမှသာ ရမှာဖြစ်ကြောင်း ...
သမ္မတရော တပ်ချုပ်ကပါ မူချမှတ်ပေးထားကြောင်း ...
ဒီမူ လုံးဝ အပြောင်းအလဲ မရှိကြောင်း ...
ရှင်းရှင်းလင်းလင်း ပြန်ဖြေတယ် ...
ဒါနဲ့  ဖေ့စ်ဘုတ်မှာ ကနဦး သတင်းတင်တယ် ...
ပြီးမှ ကားဆက်မောင်းလာတယ် ....

ညနေရောက်တော့ ပိုပြီး ရှင်းအောင် ...
MPC က တာဝန်ရှိသူတစ်ဦးကို ဖုန်းဆက်မေးတယ် ...
သူ နဲ့  တစ်နာရီလောက် ဖုန်းပြောတယ် ...
သူကလဲ ရှင်းပြတယ် ...
အဲဒီအချိန် သူဘေးမှာရှိတယ် ...
ဦးအောင်မင်းက ဒီပလိုမေစီ စကားပြောတာပါတဲ့  ...
သမ္မတကြီး ချပေးထားတဲ့ မူကို ကျော်မပြောပါဘူးတဲ့  ...
ဆိုလိုတာက လက်နက်ကိုင်အဖွဲ့ တွေနဲ့  ...
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တဲ့  ပွဲမှာ ...
လက်နက်ချရမယ် ဘာညာ ဒဲ့ မပြောချင်လို့  ...
ဒီပလိုမေစီ စကားပြောပုံရတယ် ...

စိတ်ရှည်လက်ရှည် ဖြေပေးသူကို အားနာလို့ တော့ မမေးခဲ့ဘူး ...
တကယ်တော့ ဒီကိစ္စတွေအားလုံးရဲ့  အဓိက ပြသနာဟာ ...
မလိုအပ်ဘဲ ထည့်သုံးလိုက်တဲ့  ....
စကားလုံးအသုံးအနူန်း တစ်ခုကြောင့် ဖြစ်လာတာ ဖြစ်တယ် ...
ဦးအောင်မင်းကို တွေ့ ရင်မေးချင်တာက ...
ပုဂ္ဂိုလ်ရေး ရင်းနှီးမူအရ သမ္မတကြီးက ခွင့်ပြုတယ်ဆိုတဲ့  စကားလုံးဟာ ....
ကိုယ့်ဖာသာ သုံးတဲ့ အသုံးအနူန်းလား ...
သမ္မတကြီးက ချမှတ်ပေးတဲ့ စကားလုံးလား လို့ မေးချင်တယ် ...

နိုင်ငံတော် သမ္မတကတော့ ...
သတင်းစာရှင်းလင်းပွဲမှာ ...
ဘယ်လိုမေးရင် ဘယ်လိုစကားလုံးသုံးလို့  ပြောမှာမဟုတ် ...
ဖြစ်ဖို့ များတာကတော့ ...
ကိုယ့်ဖာသာကိုယ် လျှာရှည်ပြီး ...
ထည့်ပြောမိတဲ့  စကားလုံး ဖြစ်ပုံရတယ် ....

သတိထားမိသလောက်ကတော့ ...
ဦးအောင်မင်းဟာ သူတာဝန်ယူရတဲ့  ...
ဒီငြိမ်းချမ်းရေးကိစ္စကို သိပ်အောင်မြင်ချင်နေတယ် ...
အဲဒီ ဆန္ဒဟာ အရာရာကို ဖုံးလွှမ်းလာပြီး ...
မပြောသင့်တဲ့ စကားတွေ ...
လောကြီးပြီး ပြောလာတဲ့  သဘောရှိတယ် ...

ကျွန်တော်ဟာ ဒီ NCA ကိစ္စ သိပ်ဖြစ်ချင်တယ် ...
NCA ကိုလဲ တစ်ချိန်လုံး ထောက်ခံရေးသားခဲ့တယ် ...
NCA ရဲ့ အစ ငြိမ်းချမ်းရေး စလုပ်ကြချိန် ...
ကြားက နီဂိုရှေးတားတွေ စလာဆက်သွယ်တော့ ...
ပြည်ထောင်စုဝန်ကြီးတစ်ပါးက ခါးခါးသီးသီး ငြင်းခဲ့ပြီး ...
ဦးအောင်မင်းက လိုလိုချင်ချင် တာဝန်ယူခဲ့တာကိုလဲ သိတယ် ....
ဆိုလိုတာက ...
ဒီ ငြိမ်းချမ်းရေး ကိစ္စမှာ ...
ဦးအောင်မင်း ဘယ်လောက်အားထုတ်ရတယ် ...
အပင်ပန်းခံ ဆောင်ရွက်နေတယ်ဆိုတာကို သိတယ်ပြောချင်တာ ...

သို့ သော် ... ဒါက ဒါတစ်ပိုင်းပဲ ...
ဦးအောင်မင်း တစ်ချို့ ကိစ္စတွေ ....
သဘာဝမကျ ပြောလာတာကို ...
ထောက်ပြရမှာကလဲ တစ်ပိုင်းပဲ ....

မနှစ်က ဒီဇင်ဘာ 7 သူရဲကောင်းစစ်သည်ဗိမ္မာန်မှာ လုပ်တဲ့  ...
အညတြစစ်သည်များ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ...
မီဒီယာတွေက မေးတယ် ...
ငြိမ်းချမ်းရေးအတွက် ဘာပြောချင်လဲတဲ့  ...
ကျွန်တော်က ငြိမ်းချမ်းရေးအတွက် ...
သဘာဝကျတဲ့  မျှတတဲ့  တောင်းဆိုချက်တွေကို ...
နှစ်ဘက်လုံးက တောင်းဆိုပါ လို့ ပြန်ပြောခဲ့တယ် ...

ဦးအောင်မင်းအနေနဲ့  သူဆက်ဆံညှိနိုင်းနေရတာဟာ ...
နှစ်ဘက် အဖွဲ့ အစည်း ဖြစ်တယ်ဆိုတာကို ...
သတိပြုမိစေချင်တယ် ...
သူ စကားတစ်ခါတစ်ခါ ထမှားလိုက်တိုင်း ...
ဌက်ပရိုဖိုင်နဲ့  ကောင်တွေက ...
သူ့ စကားအကျကို နင်းပြီး ...
ဖေ့စ်ဘုတ်ပေါ်မှာ ...
တပ်ကို စော်ကားမော်ကားရေးနေကြတယ်ဆိုတာကိုလဲ ...
ဦးအောင်မင်း သိစေချင်တယ် ...

ကျွန်တော်တို့ က တဖြည်းဖြည်း ဘယ်လိုမြင်လာလဲဆိုတော့ ...
ဦးအောင်မင်းဟာ ....
တစ်ဖက်က ငြိမ်းချမ်းရေး အဖွဲ့ တွေနဲ့ ပဲ ဆက်ဆံတာများလာတော့ ...
သူတို့ ကိုပဲ နံပါတ်တစ် ဦးစားပေး ...
သူတို့  ရွှေစိတ်တော် ညိုမှာကိုပဲ ကြောက်ပြီး ...
အရိပ်တကြည့်ကြည့်  လုပ်နေတယ် ...
ကိုယ့်တပ်ဘက်ကျတော့ ထည့်မစဉ်းစားဘူး ...
မညှာတာဘူး .... ကိုယ်ချင်းမစာဘူး ...
ငြိမ်းချမ်းရေး လိုချင်ဇောအားကြီးပြီး ...
ကိုယ့် တပ်မိသားစုဝင်တွေ ထိခိုက်နာကျင်ရတဲ့  စကားမျိုးတွေ ...
မဆင်မခြင် စွတ်ပြောလာတယ်လို့ ခံစားလာရတယ် ...

ဖုန်ကြားရှင်ဟာ လက်ရှိ စစ်ဖြစ်နေတဲ့  အဖွဲ့ ဖြစ်တယ် ...
လောက်ကိုင်မှာလဲ အခုထိ စစ်သည်တွေ ကျဆုံးနေဆဲပဲ ...
ဆိုလိုတာက ဒီ အဖွဲ့ နဲ့ ပတ်သက်လို့ ပြောချင်ရင် ...
ဒီပလိုမေစီတွေ ဘာတွေ ဘေးချိတ်ပြီး ....
မူဝါဒကိုပဲ အပိုအလိုမရှိ ပြတ်ပြတ်သားသားပြောရမှာဖြစ်တယ် ...

အခုဟာက ပုဂ္ဂိုလ်ရေး ရင်းနှီးမူအရ ...
သမ္မတကြီးက ခွင့်ပြုတယ် ဘာညာနဲ့  ....
မလိုတဲ့  အပိုဆာဒါးတွေ ရွန်းရွန်းဝေ ထည့်ပြောတော့ ...
ရှေ့ တန်းက စစ်တိုက်နေတဲ့  စစ်သားတွေက ...
ဟ .... ငါတို့ စစ်တိုက်နေတဲ့ အဖွဲ့ ခေါင်းဆောင်က ...
သမ္မတကြီး မိတ်ဆွေဟ ဘာညာနဲ့  ...
ယုန်ထင်ကြောင်ထင် အီလည်လည်တွေ ဖြစ်လာစေတယ် ...

အကောင်းဆုံးကတော့ ...
သမ္မတကြီးအနေနဲ့  ...
ဖုန်ကြားရှင်အဖွဲ့ အကြွင်းမဲ့  လက်နက်ချခဲ့ရင်လဲ ...
ရန်ကုန် ၊ မန်းလေး သူကြိုက်တဲ့ နေရာမှာ နေဖို့ ခွင့်မပြုသင့်ဘူး ....

ဖုန်ကြားရှင်ကို အရမ်း ရင်းနှီးဖော်ရွေပြနေတဲ့  ...
ဦးအောင်မင်း အိမ်မှာ ....
ပေးနေလိုက်တာပဲ အကောင်းဆုံး ဖြစ်လိမ့်မယ် ... ။

Ye Moe



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: