Monday, October 19, 2015

ကမ္ဘာတစ်ဝန်းမှ အသင်းပေါင်း ၄၀ ကျော်ပါဝင်သော နေစွမ်းအင်သုံးကားပြိုင်ပွဲ သြစတြေးလျတွင်စတင်

ကမ္ဘာတစ်ဝန်းမှ အသင်းပေါင်း ၄၀ ကျော်ပါဝင်သော နေစွမ်းအင်သုံးကားပြိုင်ပွဲ သြစတြေးလျတွင်စတင်
==================================================

ကင်ဘာရာ အောက်တိုဘာ ၁၈

ကမ္ဘာတစ်ဝန်းမှ အသင်းပေါင်း ၄ဝ ကျော် သြစတြေးလျတွင် ကျင်းပသည့် နေစွမ်းအင်သုံး ကားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့နေစွမ်းအင်သုံးစွဲမှုကို စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ယင်းကားပြိုင်ပွဲ ကို အောက်တိုဘာ ၁၈ ရက်က စတင်ခဲ့သည်။
ကီလိုမီတာ ၃ဝဝဝ ရှိ ၄င်းနေစွမ်းအင်သုံး ကားပြိုင်ပွဲကြီးကို မြောက်ပိုင်း ဒါဝင်မှစတင်ကာ တောင်ပိုင်းအဒဲလစ်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်သည်။
နိုင်ငံ ၂ဝ ကျော်မှ အသင်းပေါင်း ၄၂ သင်းသည် အစီအစဉ်အတိုင်း ဒါဝင်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ငါးသင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ တိုကိုင်းတက္ကသိုလ်အသင်းမှာ ပထမဆုံးအောင်ပွဲခံရန် ရည်မှန်း ထားကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ယာဉ်များမှာ နေ့အချိန်များတွင်သာ အပြိုင်အဆိုင်အနိုင်ရရှိရန် ကြိုးစားရမည်ဖြစ်ပြီး လာမည့်ဗုဒ္ဓဟူးနေ့တွင် အစောဆုံးပန်းဝင်သူကို အနိုင်ရရှိသူအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: