P နိုင်ငံရေး ဒေဝေါကြီး
----------------------
ကျွန်တော်တို့ အားလုံးသည် ငယ်စဉ်ကလေးဘ၀ကို ဖြတ်သန်းဖူးကြသူချည်းဖြစ်ပါတယ်။ဒီတော့ "ဒေဝေါ" ဆိုတဲ့နာမ်စား အသုံးအနှုန်းကိုလည်း အများကြီး အထူးတလည် ရှင်းပြနေဖို့
မလိုဘူးလို့ထင်ပါရဲ့။ကျွန်တော်တို့ ငယ်ငယ်က မိဘအုပ်ထိန်းသူတွေဟာ ကျွန်တော်တို့ကို
မိဘတွေ အလိုဆန္ဒအတိုင်း သိမ်းသွင်းယူဖို့အတွက် ပြောဆိုမရတဲ့အခါတွေမှာ ချော့နည်းတစ်ဖုံ
ခြောက်နည်းတစ်သွယ်နဲ့ ပြုမူခဲ့ကြတယ်။ဥပမာ ဆိုကြပါစို့ ကလေးသဘာဝ မုန့်စားချင်တာ
မစားရလို့ ငိုယိုဂျီကျ တဲ့အခါ မိဘတွေက ဒေဝေါကြီး လာလိမ့်မယ်နော်၊ ဒေဝေါကြီး လာပြီရယ်
လို့ ခြောက်လှန့်ခဲ့ကြတယ်။ကလေးဘ၀ ဘာမှန်းမသိတော့ ဒေဝေါဆိုတာ ကိုယ်လုံးကိုယ်ထည်
မဲမဲကြီး လက်သည်းရှည်ရှည်နဲ့ မျက်လုံးကြီးများဟာ သပိတ်လောက်ကြီးများရှိသလား ကိုယ့်
အတွေးနဲ့ ကိုယ် ကြောက်လန့်နေခဲ့ကြတော့ ဒေဝေါလို့များဆိုလိုက်ရင် မုန့်တောင်းနေတာတွေ၊
ငိုယိုနေတာတွေ ချက်ချင်းရပ်လို့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ အနားရှိတဲ့ အမေကို
ဖြစ်စေ၊ အဖေကိုဖြစ်စေ နီးစပ်ရာ ကုပ်တက်ပြီး ကြောက်စိတ်ကိုဖြေခဲ့ကြတယ်။အသက်ရွယ်
တွေ နည်းနည်းလေးကြီးလာလို့ သူငယ်တန်းလောက်အသိရှိတဲ့အချိန်မှာ ဒေဝေါ ဆိုတာလောက် နဲ့ မရတော့ဘူး။ဆွမ်းအုပ်နီနီ ကဗျာလေးထဲကလို မျော့နက်ဆိုတာ ဂျိုနဲ့လားကွယ့် မြွေနဂါးတောင်မကြောက်ဘူးကွယ်အရွယ်ပေါ့။ဘာကြောင့်လဲဆိုတော့ ဒေဝေါဆိုသည့်ဝေါဟာရသည် ကလေးတွေအတွက်တော့ အရမ်းကြောက်ဖို့ကောင်းခဲ့ပေမယ့်၊လူလောကနဲ့ နည်းနည်း သဟဇာတ ဖြစ်ပြီး တီးမိခေါက်မိရှိလာတဲ့ သူငယ်တန်းအရွယ်လောက် ကလေးအတွက်တော့ ဦးချစ်ကောင်းသီချင်းလို သွားစမ်းပါ မာယာတွေ ရိုးနေပြီကွာဆိုသလိုပေါ့။တကယ်တမ်းတော့ ဒေဝေါဆိုတာ ကလေးတွေကိုခြောက်လှန့်တဲ့ ဝေါဟာရ နာမ်စားတစ်ခုပါပဲ။
ဒီသဘောတရားတွေဟာ နိုင်ငံရေးမှာလည်း ဆက်နွယ်လာတယ်လို့ ခံစားရတယ်။လူတွေဟာ
အာဏာရှင် ဆိုတဲ့ ဝေါဟာရကို အတော်လေးကိုကြောက်ကြတယ်။(လူတွေဆိုတာထက် ပြည်သူလူထုဆိုပိုမှန်လိမ့်မယ်ထင်တယ်။)ဒီတော့ အာဏာရှင်လို့ အသံကြားတာနဲ့ ရွံသလိုလို၊
ကြောက်သလိုလို နဲ့ သရိုးသရီဖြစ်တွေဖြစ်ပြီး လက်မခံနိုင်ကြဘူး။ဒါကို အပေါစားနိုင်ငံရေး
သမားတွေက ကောင်းကောင်းသိတယ်။ဒီတော့ ကလေးကို ဒေဝေါနဲ့ခြောက်သလို၊ မဲဆွယ်စည်း
ရုံးရေးတွေမှာ အာဏာရှင်ဆိုတဲ့ စကားလုံးခြင်းမိုးမွန်မတတ်သုံးလို့ ၊ ခြိမ်းခြောက်တယ်ဆိုတာ
တွေ ၊ အကြပ်ကိုင်တယ်ဆိုတာတွေ ကို မဲဆွယ်စည်းရုံးရေးတွေမှာ အတော်လေးတွေ့ရတယ်။
ဒါကို ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရ တစ်ဦးကတောင် သုံးနှုန်းလာတာတွေ့ရတယ်။
မြန်မာနိုင်ငံမှာ ပါတီပေါင်း ၉၃ ပါတီ ရှိတယ်။တကယ်တမ်း မဲဆန္ဒရှင်တွေကို ဘယ်ပါတီက ခြိမ်း
ခြောက်အကြပ်ကိုင်နေကြသလဲ။တရုတ်သိုင်းကားထဲက ပေါင်ချိန်လူကြီးမင်းလေသံနဲ့မေးရရင်
ဒီလို အဖြစ်မျိုးတကယ်ပဲရှိသလား။ရှိရင် ရွေးကောက်ပွဲကော်မရှင်က ဘာလုပ်ဖို့ထားထားတာ
လဲ။ဒီလိုမျိုးတွေ မေးစရာရှိတယ်။မနေ့က 7 Days Facebook စာမျက်နှာမှာ ဖတ်မိလို့ နှုတ်ထွက်စကားကို တန်ဖိုးထားသင့်ကြောင်း ကွန့်မင့် ပေးလိုက်တယ်။ထုံးစံအတိုင်း တစ်ယောက် တစ်ပေါက်နဲ့ ၀ိုင်းအာကြတာပေါ့။မတူကွဲပြားခြင်းကို လက်ခံနိုင်ပါတယ်။လူ့အတွေးဆိုတာ သွားတိုက်ဆေးဗူးလိုပဲ အ ထဲမှာရှိသလောက်ပဲ ညှစ်ထုတ်နိုင်လိမ့်မယ်ဆို
တာလည်း သိပြီးသားမို့ အထူးတလည် တုန့်ပြန်မနေတော့ဘူး။အချိန်တွေကို ချွေတာတဲ့အနေနဲ့
Noti Off ထားလိုက်တယ်။
ပြန်ဆက်ရရင် မြန်မာနိုင်ငံက လူထုသည် တပ်မတော်အုပ်ချုပ်မှုအောက်မှာနေခဲ့တာ မှန်တယ်။
တပ်မတော်အစိုးရ ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိစဉ်က အမိန့်ဆန်ဆန်အမိန့်တွေ ရှိခဲ့သလို၊အာဏာရှင် ဆန်ဆန်အမိန့်တွေလည်း ရှိခဲ့မှာပါ။သို့သော် ယနေ့အချိန်အခါသည် ၁၉၈၈ ခုနှစ်
မဟုတ်တော့သလို ၁၉၉၀ ခုနှစ်လည်း မဟုတ်တော့ဘူး။ခုနှစ်သက္ကရာဇ်ဟာ ၂၀၁၅ ကိုရောက်
နေပြီ။တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ ခေတ်ကနေ အရပ်သားသမ္မတအုပ်ချုပ်တဲ့ ခေတ်ဖြစ်နေ
ခဲ့ပြီ။ပြီးတော့ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိရှိနဲ့ ပါတီပေါင်း ၉၃ ပါတီတောင် ၀င်ပြိုင်ကြတာ
ဖြစ်တယ်။အရှေ့တောင်အာရှမှ ပါတီ အများဆုံးလို့ပဲ ဆိုနိုင်မလားမသိဘူး။သည်တော့ ၉၃ ပါတီ
ထဲက ဘယ်ပါတီက ပြည်သူလူထုကို မဲမပေးရင် သတ်ပစ်မယ် ၊ ရွာကို မီးနဲ့ရှို့မယ် အစရှိသဖြင့်
ပြောတာတွေများ ရှိလို့ NLD က ပြောနေတာလား၊ ဒါမှမဟုတ် ပြည်သူလူထုဆီက မဲကို
အကြောက်တရားတွေ ထိုးထည့်ပြီး လိမ်ယူနေတာလားဆိုတာ စဉ်းစားစရာပဲ။ငယ်ငယ်တုန်းက
ဒေဝေါကြီး လာလိမ့်မယ်ဆိုပြီး ကလေးတွေကို ခြောက်သလိုပေါ့။ခြိမ်းခြောက်စည်းရုံးနေတဲ့ နိုင်ငံရေးပါတီတွေ ရှိရင် ရွေးကောက်ပွဲဥပဒေအတိုင်း တစ်ဆင့်ခြင်းအပြတ်ရှင်းသင့်ပါတယ်။
ခြိမ်းခြောက်စည်းရုံးမှု မရှိပဲ ၊ မရှိတာကိုအရှိလိုလုပ်ပြောနေတာဆိုရင်တော့ NLD ရဲ့ နိုင်ငံရေးသိက္ခာ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးသိက္ခာဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။
ကျွန်တော်အထင်ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အခုတလော သန့်ရှင်း၊တည်မြဲ အကွဲအပြဲ နဲ့ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲကာလ က စာတွေပြန်ဖတ်နေတာလည်း ဖြစ်နိုင်ပါတယ်။
USM
hotos from Oppositeyes's post
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment