စည်းရုံးရေးကာလ ကုန်ဆုံးရန် နီးလာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည် စကားများ ရှေ့နောက်မညီဖြစ်လာ
================================================
ရွေးကောက်ပွဲစည်းရုံးရေး ကာလကုန်ဆုံးရန် ရက်အနည်းငယ်သာ ကျန်တော့သည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားများမှာ ရှေ့နောက်မညီဖြစ်လာတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင် အချို့က ဝေဖန်လိုက်ပါတယ်။
-
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ တိုက်ကြီးမြို့မဲဆွယ်ခရီးစဉ်မှာ အစိုးရဖွဲ့နိုင်မှ အာဏာရမှာ ဖြစ်ပြီး NLD ပါတီအား အစိုးရဖွဲ့ခွင့်ပေးပါက အောင်မြင်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုစည်းရုံးခဲ့ပါတယ်။ တိုက်ကြီးမှာပြောအပြီး တစ်ပတ်အကြာ အောက်တိုဘာ ၁၇ ရက်နေ့ သံတွဲမြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာတော့ ၎င်းတို့အနေနဲ့ အာဏာ တောင်းနေခြင်း မဟုတ်ကြောင်း၊ တာဝန်ယူဖို့ တောင်းနေခြင်း ဖြစ်ကြောင်း ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။
-
“ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ်အတွင်းမှာကို စကားက နှစ်မျိုး သုံးမျိုးပြောနေတယ်.. အာဏာလိုချင်တယ်ပြောလိုက်.. အာဏာမမက်ဘူး ပြောလိုက်.. သမ္မတဖြစ်ချင်တယ်ပြောလိုက်.. သမ္မတဖြစ်ဖို့လုပ်တာမဟုတ်ပါဘူးငြင်းလိုက် နဲ့ စကားတွေက ဗလောင်းဗလဲဖြစ်လာတယ်..” လို့ ရခိုင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ဆိုပါတယ်။
-
ဒါ့အပြင် သံတွဲ ဟောပြောပွဲမှာ မဲဆန္ဒရှင်တစ်ဦး က ဒေါ်အောင်ဆန်းစုကြည်ဟာ RSO ရိုဟင်ဂျာ အဖွဲ့အစည်းကို စာရေး အကူအညီတောင်းတယ်ဆိုပြီး အင်တာနက်လူမှုရေး စာမျက်နှာတွေမှာ ပျံ့နေတဲ့ ကိစ္စမေးမြန်းရာ ၎င်းတို့အနေနဲ့ ဘယ်နိုင်ငံ ဘယ်အစိုးရကိုမှ အားကိုးခြင်းမရှိကြောင်း ယခင်စကားများနဲ့ ရှေ့နောက်မညီ လိမ်ညာပြောဆိုခဲ့ပြန်ပါတယ်။
-
NLD ပါတီစတင်တည်ထောင်ချိန်မှစတင်ပြီး နိုင်ငံတကာမှ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်က အာဆီယံ CSO အစည်းအဝေးသို့ ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီအရေး ကူညီကြဖို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများကို နိုင်ငံတကာက အားပေး ကူညီပေးပါလို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ ၂၀၁၂ စက်တင်ဘာလ အမေရိကန် ခရီးစဉ်တွင်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပအကူအညီလိုအပ်ကြောင်းနဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကူညီကြပါလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ဇွန်လတွင်း ဗြိတိန်ပါလီမန်ကိုပြောတဲ့ မိန့်ခွန်းတစ်ခုမှာတော့ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ထူထောင်ရေးမှာ ဗြိတိန်နိုင်ငံက အကူအညီပေးရန် ပြောဆိုခဲ့ပါတယ်။ လက်ရှိ NLD အစည်းအဝေးများတွင်လည်း နိုင်ငံခြားသားများကို ဖိတ်ကြားခန့်ထားကာ အကြံဥာဏ် အကူအညီများ ရယူနေရကြောင်း သိရပါတယ်။
-
ဒါ့အပြင် ရခိုင်ခရီးစဉ်မိန့်ခွန်း ၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှေ့နောက်မညီပြောဆိုခဲ့တာလည်း ထပ်ပြီးတွေ့ရပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့စဉ်က ၉၀ ရွေးကောက်ပွဲရလဒ်က လက်တွေ့မကျတော့ဘူးလို့ ပြောဆိုခဲ့ပြီး ပါတီကို တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ ဒေါ်စုစကားကြောင့် ၉၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေအားလုံး စိတ်ပျက်ခဲ့ရပြီး NCGUB နဲ့ NCUB တို့ ဖျက်သိမ်းခဲ့ရပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ ဒီမော့ဆိုမြို့ မိန့်ခွန်းမှာလည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲက ၉၀ ရွေးကောက်ပွဲထက် ပိုအရေးကြီးတယ်ပြောခဲ့တာကြောင့် ၁၉၉၀ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU က ကန့်ကွက်ကြောင်းကြေညာချက်ထုတ်ခဲ့ပြီး NLD ကို မဲမပေးရန် လှုံ့ဆော်မှုတွေလုပ်ခဲ့တာကြောင့် ရခိုင်ခရီးစဉ်မှာတော့ ၉၀ ရွေးကောက်ပွဲကလည်း အရေးပါခဲ့ပါတယ်ဆိုပြီး ပြန်ပြောင်းပြောဆိုခဲ့ရပြန်ပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်မိန့်ခွန်းမှာ NLD နေနဲ့ ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့အစည်းအရ တခြားသူများကို တိုက်ခိုက်စည်းရုံးတာမျိုး မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လအကြာ စက်တင်ဘာလ ဒုတိယအပတ်အတွင်းက တခြားပြိုင်ဖက် ကိုယ်စားလှယ်လောင်းများကို မဲမပေးဖို့ ပြောခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြား အကြီးအကျယ် ပြဿနာတက်ခဲ့ဖူး ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သွားခဲ့တဲ့ ကယားပြည်နယ်ဟောပြောပွဲတစ်ခုမှာ အစိုးရမဖွဲ့နိုင်တဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များကို မဲမထည့်ကြဖို့ နဲ့ NLD ကိုသာ မဲထည့်ကြဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် ပြောဆိုခဲ့တာပါ။ ဒီစကားဟာ ပြိုင်ဖက်ကို တိုက်ရိုက်တိုက်ခိုက် စည်းရုံးတာဖြစ်တဲ့အပြင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့လည်း မကိုက်ညီပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စကားတွေကို တစ်လနဲ့ တစ်လ ရှေ့နောက်မညီအောင် ဆက်ပြောနေပါတယ်။
-
အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကုတ်မြို့ဟောပြောပွဲမှာ ရခိုင်ပြည်သူတစ်ဦးက NLD ပါတီကများ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ သမ္မတဖြစ်လာခဲ့ရင် ဘင်္ဂလီတွေက ပိုပြီးတော့ နေရာယူလာလိမ့်မယ် ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တိတိကျကျဖြေကြားခဲ့တာမျိုးမရှိတာကို တွေ့ရပါတယ်။ ဝါဒဖြန့်နေတာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးမှာ ပါဝင်ပြီးတော့ အသုံးချတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တဲ့အကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အရေးယူသင့်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားသွားပါတယ်။ ဘင်္ဂလီတွေပိုဝင်းနေရာယူနိုင်/မယူနိုင်၊ ရခိုင်တိုင်းရင်းသားများ နေရာပျောက်နိုင်/မပျောက်နိုင် ကိုတော့ တိတိကျကျ ကတိပေး ဖြေကြားသွားခြင်းမရှိတာကို တွေ့ရပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂ လ အတွင်း မိန့်ခွန်းပေါင်း ၅၀ ကျော် ပြောဆိုရတဲ့အတွက် ရှေ့နောက်မညီခြင်းများ၊ လိမ်ညာဖုံးကွယ်ခြင်းများ ရှိလာတာဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများဟာ အပ်ကြောင်းထပ်လာပြီး တချို့မိန့်ခွန်းများမှာ တစ်နာရီလောက်ကြာအောင် ပြောထား သော်လည်း အနှစ် သာရမရှိတော့ကြောင်း မြန်မာ့အရေးသုံးသပ်သူများကဆိုပါတယ်။ မဲဆွယ်စည်းရုံးချိန်မှာ စကားကို ရှေ့နောက်မညီပြောဆိုခြင်းနဲ့ လိမ်ညာပြောဆိုမဲဆွယ်ခြင်းဟာ နားထောင်နေတဲ့ပြည်သူကို စော်ကားခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိစကားများအတွက် တာဝန်ယူသင့်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။
-
ကျော်အောင်
People's Voice
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment