ဦးကိုနီ၊ သို့မဟုတ် ဘာသာရေးပဋိပက္ခများ ဖြစ်ပွားအောင်ဖန်တီးသူ
၂၀၁၅ ရွေးကောက်ပွဲကာလ နီးကပ်လာသည့်နှင့်အမျှ နိုင်ငံရေးပါတီအသီးသီးအနေဖြင့် စက်တင်ဘာလ ၈ ရက်နေ့ကစလို့ မဲဆွယ်စည်းရုံးခြင်းများကို ဆောင်ရွက်နေပြီး ဒီကာလဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးရေချိန် အမြင့်တက်ဆုံးအချိန်လည်းဖြစ်ပါတယ်။ ပါတီအသီးသီးရဲ့ မဲဆွယ်ဟောပြောချက်များ ကို နိုင်ငံပိုင်မီဒီယာများ၊ နိုင်ငံပိုင်သတင်းစာများမှ ၎င်းတို့၏ အာဘော်အတိုင်း ထုတ်လွှင့်ဖော်ပြပေးနေသ လို ပါတီအသီးသီးကလည်း မြေပြင်တွင် မဲဆွယ်စည်းရုံးမှုများ အဆက်မပြတ်ဆောင်ရွက်နေတာကြောင့် ပါတီတစ်ခုချင်းစီရဲ့ မဲဆွယ်စည်းရုံးမှုများအပေါ် ပြည်သူလူထုက လေ့လာအကဲဖြတ်နေကြချိန်လည်းဖြစ် ပါတယ်။
အဲဒီအချိန်မှာဘဲ ၂၀-၉-၂၀၁၅ ရက်နေ့မှာ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်း၊ အမှတ်(၉၇)ရှိ Park Royal ဟိုတယ်၊ ရတနာခမ်းမမှာ သမဂ္ဂကွန်ရက်၊ မြန်မာ-မွတ်စလင် လူမှုအကျိုး ဆောင်ကွန်ရက်၊ အလင်းစက်ဝန်း (SY) အထောက်အကူပြု ကွန်ရက်တို့မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင် ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနှင့် မြန်မာ-မွတ်ဆလင်တို့ ၏ အခန်းကဏ္ဍဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဟာဂျီဦးအေးလွင်၊ ဒေါက်တာ မြင့်သိန်း(ခ) ငြိမ်းချမ်းလုလင်၊ ဦးသိန်းဝင်းအောင်၊ ရှေ့နေဦးကိုနီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ထွန်းကြည်၊ စည်သူမောင်(ဗကသနှုတ်ထွက်) အပါအ၀င် အင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိ ရပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ရှေ့နေဦးကိုနီက မွတ်စလင်ဘာသာဝင်များအားလုံး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မွတ်စလင်များမှ NLD ပါတီကို ပုံအောပြီး မဲပေးခဲ့ကြ၍သာ NLD ပါတီအနိုင် ရခဲ့ခြင်းဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင်လည်း NLD ပါတီကို မဲပေးကြရန်နှင့် ဘာသာရေးဆိုင်ရာ အစွန်းရောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။
ရှေ့နေဦးကိုနီဟာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာ၊ ရွာသားတစ်ဦး ဖြစ်ပြီး ကသာ အထက(၁)မှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ B.A(Law) ဘွဲ့ကိုလည်းကောင်း၊ ၁၉၇၆ ခုနှစ်မှာ L.L.B ဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါတယ်။ ၎င်းနောက် အမှုလိုက်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သလို ရန်ကုန် အဝေးသင်တက္ကသိုလ်နည်းပြ ပညာသင်ဌာနတွင်လည်း နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဥပဒေအကြံပေးအဖြစ် NLD ပါတီသို့ ၀င်ရောက်ခဲ့ပါတယ်။ ဦးကိုနီဟာ NLD ပါတီသို့ ၀င်ရောက်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပါတီအကြိုက် အကြံပေးဆောင်ရွက် မှုများ ဟန်ပြပြုလုပ်ခဲ့သော်လည်း ၎င်း၏မူလရည်ရွယ်ချက်အတိုင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အဓိကဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားအဖြစ်လက်ခံရေးကို NLD ပါတီကိုအသုံးချပြီး တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။
ယခုအခါ ၂၀-၉-၂၀၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှာလည်း အစိုးရမှသန်းခေါင်စာရင်း ကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များ ဘယ်မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသည်ကို ဖော်ပြထား ခြင်းမရှိကြောင်း၊ လက်ရှိလူဦးရေအရ မိမိတို့အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်းရှိကြောင်း၊ အချိုးအစား အရပြောရလျင် လွှတ်တော်အမတ် ၆၆၀ ဦးရှိလျှင် မိမိတို့မွတ်စလင် ၆၆ ဦးဖြစ်ရမည်ဖြစ်ကြောင်း လွှတ်တော်ထဲတွင် မွတ်စလင်အမတ်ပြောလျှင် မီဒီယာများကတစ်ဆင့် တစ်ကမ္ဘာလုံးသိသွားမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ မွတ်စလင်လူမျိုးများ၏ အခွင့်အရေးများ၊ ဘာသာရေးဆုံးရှုံးမှုများကို နားလည်ပေးနိုင် သည့် NLD ပါတီကို မဲပေးရန်လိုအပ်ကြောင်း၊ အစိုးရကလည်း မဲကွဲအောင်ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်သွားပါက တရားဥပဒေစိုးမိုးရေးတွင် ခွဲခြားဆက်ဆံမှု များ အားနည်းသွားနိုင်ပြီး အစ္စလာမ်ဘာသာဝင်များ ဘာလုပ်ရမည်ကို စဉ်းစားသင့်ကြောင့် ပြောကြားခဲ့ပါ တယ်။
ဒါ့အပြင် ဆွေးနွေးပွဲပါအချက်များနှင့်ပတ်သက်၍ Myanmar Muslim Media မှတစ်ဆင့် "၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင်တွေ ဘယ်သူကိုမဲပေးသင့်သလဲ " ခေါင်းစဉ်ဖြင့် အပိုင်းလိုက်ခွဲကာ အွန်လိုင်းမှတစ်ဆင့် ဖော်ပြလျက်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်များအများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် ယခင်ကတည်းက လွတ်လပ်စွာကိုးကွယ်ခွင့်နှင့်အတူ ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင် များ အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ၀င်များအကြား မကြာခဏပဋိပက္ခများဖြစ်ပွားခဲ့ကြပါတယ်။ လက်တလောပဋိပက္ခများအနက် မိတ္ထီလာ၊ လားရှိုး၊ မန္တလေး ပဋိပက္ခများသည် လှုံ့ဆော်မှုတစ်ခုရှိသည်နှင့် သာမန်အချိန်တွင်ပင် ပဋိပက္ခများဖြစ်ပွားခဲ့ တာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ယခုလိုရွေးကောက်ပွဲနီးကပ်လာချိန်၊ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချိန်တွင် ဦးကိုနီ၏ ဘာသာရေးအသုံးချမဲဆွယ်မှုများ၊ အစ္စလာမ်ဘာသာဝင်များ လွှတ်တော်အတွင်းရောက်ရှိရေးကြိုးပမ်းမှုများ နှင့် ရွေးကောက်ပွဲတွင် NLD ပါတီမဲနိုင်၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပါက အစ္စလာမ်ဘာသာဝင်များ ဘာသာလုပ်ရမည်ကို စဉ်းစားသင့်ကြောင်း တိုက်တွန်းပြောကြားမှုများဟာ ဘာသာရေးပဋိပက္ခများ မဖြစ် ဖြစ်အောင်ဆောင်ရွက်နေသည်မှာ ပေါ်လွင်လျက်ရှိပါတယ်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပျက်စီးအောင် ရည်ရွယ်၍ ဘာသာရေးပဋိပက္ခများ ဖန်တီးနေသော ရှေ့နေဦးကိုနီအား ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် ဥပဒေနှင့်မညီသော၊ ဘာသာရေးအစွန်းရောက်သော ပြောဆိုမှုများမပြုသင့်ကြောင်း သတိပေးလိုက်ပါတယ်။
မျိုးချစ်မောင်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment