ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘာသာ ကိုးကွယ်ခဲ့သလဲ
==============================
မြန်မာနိုင်ငံမှ ပြည်ပထွက်ခွါပြီး သက်တမ်းတလျှောက်နေထိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘာသာ ကိုးကွယ်ခဲ့သလဲ ဆိုတာကို လူထုအနေဖြင့် ပွင့်ပွင့်လင်းလင်း သိရှိရန် အချိန်တန်ပြီ ဖြစ် ကြောင်း အမျိုး ဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး မြန်မာအမျိုးသားလူငယ်များ က ထုတ်ဖော်ကြေညာလိုက်ကြောင်း သတင်းရရှိသည်။
အမျိုးစောင့်ဥပဒေ လေးခုတွင် တစ်ခုအပါအ၀င် ဖြစ်သော ဗုဒဘာသာမိန်းမများထိမ်းမြား လက်ထပ်ခြင်း ဥပဒေအပြင် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေတို့ကို ဒေါ်အောင်ဆန်း စုကြည် မည်သည့်အတွက်ကြောင့် ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်နေရပါသလဲ ဆိုတဲ့အဖြေကို ရှာဖွေရင်း ဤသို့ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အဓိကအချက်က ဒီဥပဒေတွေဟာ မြန်မာနိုင်ငံသားအားလုံးအတွက် သာတူညီမျှ ငြိမ်းချမ်းစေလိုတဲ့ ရည်ရွယ်ချက်၊ ပဋိပက္ခတွေ မဖြစ်စေလိုတဲ့ ရည်ရွယ်ချက်၊ သံသယတွေ ကွယ်ပျောက်စေလိုတဲ့ ရည် ရွယ်ချက်တွေနဲ့ ဆရာတော်ကြီးတွေက အမြော်အမြင် ရှိရှိ လုပ်ဆောင်ခဲ့တာပါ။ ဒါကို ဒေါ်အောင်ဆန်း စုကြည် ဒီလောက်အထိ ခါးခါးသီးသီး ဖြစ်နေရသလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ခဲ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရစ်ယာန်ထုံးတမ်းနဲ့အညီ လက်ထပ်ခဲ့တာ ဖြစ်နေပါတယ်။ ခရစ်ယာန်ဘာသာမှာ မညီတဲ့ ထမ်းပိုး မထမ်းရ ဆိုတာ ရှိပါတယ်။ ဒါကို ခရစ်ယာန်ဘာသာဝင်တွေ အားလုံး သိကြပါတယ်။ ထမ်းပိုးမညီရင် ထမ်းလို့ မရပါဘူး။ ထမ်းပိုး မညီရင် ထမ်းခွင့် မပြုပါဘူး။ ဆိုလိုတာက ခရစ်ယာန်ဘာသာဝင် မဟုတ်တဲ့သူတစ်ဦးနဲ့ ခရစ်ယာန် ဘာသာဝင်တစ်ဦးကို သင်းအုပ်ဆရာက ဘုရားကျောင်းမှာ လက်ထပ်ပေးလို့ မရပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ဟာ ကျမ်းစာဖတ်ပြီး ကတိပြုတယ်။ ခရစ်ယာန်ဘုန်းကြီးက အတည်ပြုပြီး ကောင်းချီးပေး တယ်။ ထိမ်းမြားလက်ထပ်ခြင်းအမှုကို ပြုပေးခဲ့တယ်။ ဒါဆိုရင် အဲဒီလက်ထပ်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်က ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်နေသလား။ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကာလမှာ ဗုဒ္ဓဘာသာ ၀င် တစ်ဦး ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလို ဘာသာကူးပြောင်းသွားပြီး တဲ့နောက်မှာ လက်ထပ်ပေးခဲ့တယ် ဆိုလို့ရှိရင် သူဟာ လက်ရှိအချိန်အထိလည်း ခရစ်ယာန်ဘာသာ ၀င် ဖြစ်နေတုန်းပဲ လို့ ပြောနိုင်ပါတယ်။ သံဃာတွေကို ကန်တော့နေတာပဲ။ ဗုဒရုပ်ပွားတော်တွေကို ဦးချနေတာပဲ။ အခု ဗုဒ္ဓဘာသာဝင် မဟုတ်လား လို့ မေးရင် ဘုရားကျောင်းမှာ ကျမ်းစာဖတ်၊ ကောင်းချီးပေးခြင်းကို ခံယူ၊ ခရစ်ယာန်ထုံးတမ်းနဲ့အညီ လက်ထပ်ခြင်းအမှုကို ပြုထားသူတစ်ယောက် ဟာ ထာဝရဘုရား၊ သန့်ရှင်းသောဝိဥာဉ်တော်၊ မယ်တော်၊ ခရစ်တော် အစရှိသဖြင့် ယုံကြည်စွာ ကိုးကွယ်နေဆဲ ဟုတ်သလား၊ မဟုတ်ဘူးလား ဆက်ပြီး လေ့လာခဲ့ပါတယ်” ဟု အမျိုး ဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး မြန်မာအမျိုးသားလူငယ်များအဖွဲ့မှ ကိုနန္ဒရဲခေါင် က ပြောသည်။
“ဒီတော့ နောက်ပိုင်း လုပ်ဆောင်ချက်တွေကို ပြန်ကြည့်တဲ့အခါ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးနဲ့ တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေမှာ တွေ့လာခဲ့ရပါ တယ်။ ဒီထဲမှာ ဘုန်းတော်ကြီးနဲ့အတူ ဘုရားကို အာရုံပြုနေတဲ့ ဓါတ်ပုံတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီး ရဲ့ ကောင်းချီးပေးခြင်းကို ခရစ်ယာန်ထုံးတမ်းနဲ့အညီ ခံယူနေတဲ့ ဓါတ်ပုံတွေ တွေ့ရှိလာခဲ့ရပါတယ်။ ဒီကနေ့ အမျိုးစောင့် ဥပဒေတွေကို ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်နေတာဟာ သူကိုးကွယ်ခဲ့တဲ့၊ တစ်ချိန်က ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ ကိုးကွယ်ခဲ့တဲ့ အခြားဘာသာတစ်ခုရဲ့ ရှုထောင့်ကနေကြည့်ပြီး လုပ်နေသလား ဆိုတဲ့ သံသယစိတ်က ကြီးထွားလာခဲ့ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းမှာ ကျမ်းစာ ဖတ် ကတိသစ္စာပြု ထိမ်းမြားလက်ထပ် ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့လို ဗုဒဘာသာဝင်တွေဟာ လိမ် ညာပြီးတော့ပဲ ဖြစ်ဖြစ်၊ မသိကျိုးကျွံ ပြုပြီးတော့ပဲ ဖြစ်ဖြစ် လုပ်လို့ မရပါဘူး။ ခရစ်ယာန်ဘာသာကို ၀င်ကိုဝင်ရပါတယ်။ ဘာသာဝင် ဖြစ်မှ ဒီလို လုပ်ပေးလို့ ရပါတယ်။ ဒါမှ ထမ်းပိုးညီတယ် လို့ ခေါ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ခရစ်ယာန်ထုံးတမ်းတွေ ကျွန်တော်တို့ လေ့လာထားပြီးပါပြီ။ ဒါကြောင့် ဒီကနေ့ ခိုင်မာပြီဆိုမှ ထုတ်ဖော်ပြောရခြင်း ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။
“နိုင်ငံခြားမှာနေလို့ နိုင်ငံခြားသားနဲ့ ယူတာ အပြစ် မဟုတ်ဘူး။ ကောင်းပြီ ဒါကို ထားဦးတော့။ နိုင်ငံခြားသားနဲ့ ယူဖို့ သူတို့ ဘာသာကို ကူးပြောင်းလိုက်ရတယ်။ အခုတော့ မဟုတ်တော့ပါဘူး ဆိုပြီး ပြောချင်ပြောလိမ့်မယ်။ ဒီမှာ ကျွန်တော်တို့ မေးစရာ ရှိလာပြီ။ နိုင်ငံတော်ကို ဦးဆောင်ချင်ပါတယ်၊ သမ္မတ ဖြစ်ချင်ပါတယ် ဆိုပြီး ကြေညာထားတယ်။ ရွေးကောက်ပွဲ အနိုင်ရအောင်လည်း လုပ်နေတယ်။ ဒီလို လူမျိုးက ဘယ်ဘာသာဝင်လဲ ကျွန်တော်တို့ တိတိကျကျ သိဖို့ လိုလာပြီ။ ဘယ်ဘာသာတွေ ကူးပြောင်းပြီး ကိုးကွယ်ခဲ့သလဲ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရမှ ဖြစ်မယ်။ ဘာမှမဖြေရှင်းဘဲ တစ်ချိန်က ကိုးကွယ်ခဲ့တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာကို ကိုးကွယ်နေပါတယ် ဆိုတဲ့ ဓါတ်ပုံတွေ ပြရုံနဲ့ အဖြေက ထွက်မလာဘူး။ ဘာဖြစ်လို့ မေးရသလဲ။ ဗုဒ္ဓဆိုတာ အာရှတိုက်ရဲ့ ရာဇကုမာရ်ပါပဲ ဆိုတဲ့ စကားကို အိန္ဒိယ ခရီးစဉ်မှာ ပြောခဲ့တယ်။ ဗုဒ္ဓဘုရားဆိုတာ သာမန်ပါပဲ ဘာမှမထူးပါဘူး ဆိုတဲ့ စကားကို အဲဒီ ခရီးစဉ်မှာပဲ ပြောခဲ့တယ်။ ဒါတွေက အထောက်အထား အခိုင်အမာ ရှိနေပါတယ်။ ဒီတိုင်းပြည်ကို ဦးဆောင်ချင်ရင် ဒီတိုင်းသူပြည်သားတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အသိပေးဖို့ လိုမယ်။ ပြည်သူကို လူလို သဘောထားဖို့ လိုတယ်။ လွှတ်တော် အီးမေးလ်ဆာဗာ အဖောက်ခံရတယ်။ သူပို့တဲ့ အီးမေးလ်တွေ ဆိုပြီး ထွက်လာတယ်။ ဘာတစ်ခုမှ ရှင်းတာ လင်းတာ မရှိဘူး။ သူ မဟုတ်ဘူး ဆိုရင် ချက်ချင်း ရှင်းလေ့ရှိတဲ့ ဒီပါတီက ဘာသံမှ ထွက်မလာတာဟာ တစ်ခုခု ပတ်သက်မှု ရှိနေလို့ပဲ။ ဒီအတိုင်းပဲ ယူဆတယ်။ အခုလည်း မိုက်ကယ်အဲရစ်နဲ့ ယူတဲ့အချိန်မှာ ဘယ်ဘာသာဝင် ဖြစ်နေသလဲ ဖြေဖို့ လိုပါတယ်။ လူထုကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုပါတယ်။ ဝေ့လည် ကြောင်ပတ် ဖြေကြားမှုတွေ မလိုချင်ပါဘူး” ဟု ၄င်းက ပြောသည်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးသောဘိတကလည်း “ဘုန်းကြီးတို့အနေနဲ့ တိုင်းပြည်အတွက် လုပ်ဆောင်နေတာပါ။ ဘယ်ပါတီ၊ ဘယ်လူပုဂ္ဂိုလ်အတွက်မှ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ အမေရိကန်မှာ ပုပ်ရဟန်းမင်းကြီးကို တစ်နိုင်ငံလုံးက ဘယ်လို ဂါရ၀ ပြုသလဲ။ လွှတ်တော်မှာရော သမ္မတအိမ်ကိုပါ ပင့်ဖိတ်ပြီးတော့ ဖူးတွေ့ကြတယ်။ ကျူးဘား-အမေ ရိကန် ဆက်ဆံရေးကို ပုပ်ရဟန်းမင်းကြီးက လုပ်နေတာ။ ဒီရက်ပိုင်းမှာပဲ ဗာတီကန်နန်းတော်မှာ ပုပ် ရဟန်းမင်းကြီးနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ လိင်တူလက်ထပ်တဲ့ကိစ္စကို ခွင့်ပြုသင့်-မသင့် ဆွေးနွေးနေကြပြီ။ လှေစီးဒုက္ခသည်တွေကိစ္စမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတွေ ပါဝင်နေကြ တယ်။ ဒါက နိုင်ငံတကာမှာ ဖြစ်နေတာ။ ပြည်တွင်းကို ကြည့်လိုက်ဦး။ ကာဒီနယ် ချားစ်လ်မောင်ဘို ပြောတဲ့ ရွေးကောက်ပွဲ မဲ ဘယ်လိုထည့်ရမလဲ ဆိုတဲ့ ကြေညာချက်ကို 7Day တို့လို ပြည်တွင်း မီဒီယာ တွေမှာ ထည့်နေကြပြီ။ NLD ပါတီက ဥပဒေအဖွဲ့ခေါင်းဆောင် ဦးကိုနီနဲ့ မူဆလင် ဘာသာရေး ခေါင်းဆောင်တွေ ဆိုရင်လည်း မူဆလင်တွေ မဲ ဘယ်လို ပေးရမလဲ ဆိုတာတွေကို ဖြန့်ချိဟောပြော နေကြပြီ။ ဘုန်းကြီးတို့ကိုပဲ ဘာဖြစ်လို့ တိုက်ခိုက်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မီဒီယာတွေကို မေးချင်ပါတယ်။ ချားစ်လ်မောင်ဘို၊ ဦးကိုနီနဲ့ ဟောပြောနေတဲ့သူတွေကို ဘာဖြစ်လို့ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးတယ် မပြောကြတာလဲ။ နောက်တစ်ချက် ပြောချင်သေးတယ်။ သုသဏ အားကစားရုံကို NLD ပညာရေးရန်ပုံငွေပွဲ ခွင့်မပြုဘူး။ မဘသ ကျတော့ ခွင့်ပြုပေးတယ် ဆိုပြီး NLD ခေါင်းဆောင်တွေ ထောက်ပြနေတာ ရှိတယ်။ ဘုန်းကြီးတို့က ပြန်ထောက်ချင်ပါတယ်။ မဘသ က တိုင်းပြည်အတွက်လုပ်နေတာ။ NLD က သူ့ပါတီအကျိုးစီးပွားအတွက် ငွေရဖို့ လုပ်တာ။ တူသလား။ NLD နဲ့ မဘသ နှိုင်းယှဉ်စရာလား။ ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခုကို ကြေးတန်းတိုက် ခြေရာတိုင်းတာ ဗုဒဘာသာဝင်တွေ ဟုတ်ရဲ့လား။ အခု ထွက်လာတဲ့ မင်္ဂလာဆောင်ချိန်မှာ ဘယ် ဘာသာဝင် ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း ပြန်ရှင်းရလိမ့်မယ်။ ဒီလို ဖြစ်ရပ် ရှိခဲ့တာကြောင့် အမျိုး စောင့် ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်နေလေသလား၊ ကိုယ်ကိုယ်တိုင်က ဒါတွေ ချိုးဖောက်ခဲ့လို့ ဒီလောက်ထိအောင် ကန့်ကွက်နေတာလား စဉ်းစားစရာ ဖြစ်နေတာတော့ အမှန်ပဲ” ဟု မိန့်ကြားသည်။
ပြည်သူ့အာဏာ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment