Saturday, October 24, 2015

ကချင်နှင့် ကိုးကန့်တိုက်ပွဲပါဝင်သူများ ရွှေလင်းယုန်နှင့် လောက်ကိုင် တိုက်ပွဲတံဆိပ် ချီးမြှင့်မည်

ကချင်နှင့် ကိုးကန့်တိုက်ပွဲပါဝင်သူများ ရွှေလင်းယုန်နှင့် လောက်ကိုင် တိုက်ပွဲတံဆိပ် ချီးမြှင့်မည်
=========================================

အသက်၊ သွေး၊ ချွေးနှင့်ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်မှုထမ်းများအား ဂုဏ်ပြုရန် တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်)တို့ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ကာကွယ်ရေးဌာန ကောင်စီ အထူးအမိန့် အမှတ်၊ ၁၇/အထူး/၂၀၁၅ ဖြင့် ပြဋ္ဌာန်းလိုက်သည်။

တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစ၍ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုင်းအောင်စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့သူ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ လဂျားယန်ဒေသ ရွှေလင်းယုန်စစ်ဆင်ရေး၌ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ကျေးဇူးသစ္စာကို စောင့်သိ ရိုသေစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)
စစ်မှုထမ်းများကိုလည်းကောင်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။

တိုက်ပွဲတံဆိပ်(လောက်ကိုင်)အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သာယာစစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ ကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်း များကိုလည်းကောင်း အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ ပြဋ္ဌာန်းလိုက်သည့် တိုက်ပွဲတံဆိပ်နှင့်ပုံစံတူ တံဆိပ်ငယ်များကို သတ်မှတ် ထားသော အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်စုံ၍ တပ်ဆင်ခွင့်ရသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများသည်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ချက်များအတိုင်း လက်ဝဲဘက်ရင်ဘတ်တွင် တပ်ဆင်သွားကြရမည် ဖြစ်ကြောင်း စစ်တပ်ပိုင် မြ၀တီသတင်းတွင် ဖော်ပြထားသည်။

By Irrawaddy

No comments: