မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 7, 2015
KIA အဖွဲ့မှ ဖားကန့်ရွှေလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေများ တောင်းခံသည့်အပြင် လူသစ်များပါစုဆောင်း ခိုင်းနေ
KIA အဖွဲ့မှ ဖားကန့်ရွှေလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေများ တောင်းခံသည့်အပြင် လူသစ်များပါစုဆောင်း ခိုင်းနေ
Monday, September 7, 2015
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများ တောင်းခံ သည့်အပြင် ၎င်းတို့အဖွဲ့အတွက် လူသစ်များပါ စုဆောင်ပေးရန် ပြောကြား ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်းများထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါရွှေမှော်အတွင်း ရွှေတူးဖော်လုပ်ကိုင်နေသူများအား စက်တင်ဘာ ၂ ရက် နေ့တွင် ဆင့်ခေါ်ခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ဆက်ကြေးငွေအဖြစ် (၁၀)သိန်း ပေးဆောင်ရန်နှင့် ရွှေမှော်များအတွင်း လာရောက်လုပ်ကိုင်နေသူ ရွှေလုပ်သားများအား KIA အဖွဲ့အတွင်းသို့ဝင်ရောက်ရန် စည်းရုံးခိုင်းကြောင်း သွားရောက် တွေ့ဆုံခဲ့သူ ရွှေလုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။
ရွှေလုပ်ငန်းရှင်များအနေဖြင့် KIA အဖွဲ့မှတောင်းသော ငွေပမာဏမှာ များလွန်းကြောင်း၊ ယခုနှစ် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် လုပ်ငန်းများမှာ အဆင်မပြေဖြစ်နေရကြောင်း ပြောပြခဲ့သော်လည်း ၎င်းတို့တောင်းသော ငွေ ပမာဏအတိုင်းသာ မပျက်မကွက်ပေးဆောင်ရမည်ဟု KIA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြ ခဲ့ပါသည်။
“ရွှေလုပ်ငန်းရှင်တွေ နည်းလာတော့ ကျွန်တော်တို့ မိသားစုတွေဒုက္ခရောက်တာပေါ့၊ ဒီအလုပ်လေး လုပ်ပြီးတော့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြတာလေ၊ လူသစ်အဖြစ်ဖမ်းဆီးမှုတွေကြောင့် အချို့ဆိုရင် ဆက်မလုပ်တော့ပဲ ပြန်ကုန် ကြပြီ၊ အဓိက ကတော့ KIA ပေါ့၊ သူတို့က ဆက်ကြေးကောက်တဲ့အပြင် လူသစ်အဖြစ် ဖမ်းတာတွေလုပ်နေတော့ ဒီမှာရှိတဲ့ ဒေသခံတွေတောင် ထမင်းငတ်မယ့် အနေအထားဖြစ်နေပြီ”ဟု ရွှေလုပ်သားတစ်ဦးမှ ပြောပြပါသည်။
စိုင်းနောင်(ဖားကန့်)
kachin Daily News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment