မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 7, 2015
KIA တပ်မဟာ(၂)လက်အောက်ခံ ဖားကန့်ခရိုင် ပြည်သူ့စစ်သင်တန်းမှ ဒေသခံပြည်သူများ ရာသီဥတုဆိုးဝါးခြင်းကြောင့် ဌက်ဖျားနှင့် အခြားရောဂါများဖြစ်ပွားလျှက်ရှိ
KIA တပ်မဟာ(၂)လက်အောက်ခံ ဖားကန့်ခရိုင် ပြည်သူ့စစ်သင်တန်းမှ ဒေသခံပြည်သူများ ရာသီဥတုဆိုးဝါးခြင်းကြောင့် ဌက်ဖျားနှင့် အခြားရောဂါများဖြစ်ပွားလျှက်ရှိ
=========================================
6, September, 2015 By Kachin People
KIA တပ်မဟာ(၂)လက်အောက်ခံ ရင်း(၆)မှ ဖားကန့်ခရိုင် ပြည်သူ့စစ်သင်တန်း ပို့ချရန် အတွက် ဖားကန့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ သြဂုတ်လ (၂၂)ရက်နေ့က ဒေသခံစုစုပေါင်း(၁၃၀)ဦးခန့်ကို ပြည်သူ့စစ်သင်တန်း ပို့ချရာနေရာသို့ ခြေလျင် ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းပို့ချရာနေရာတွင် ရာသီဥတုဆိုးဝါးပြီး သွားရာရန်ခတ်ခဲသဖြင့် စားနပ်ရိက္ခာကို ဆင်ဖြင့် ပို့ဆောင်ပေးရကြောင်း၊ ၎င်းသင်တန်းတွင် ဆေးဝန်ထမ်းလုံလောက်စွာ မရှိခြင်း ဆေးဝါးများ မရှိခြင်းတို့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ရုံးသို့ အရေးကြီး တောင်းခံလျှက် ရှိကြောင်း ကြားသိရပါသည်။
မိုးရာသီဖြစ်သဖြင့် ရာသီဥတုဆိုးဝါးပြီး ဒေသခံများ ဌက်ဖျားရောဂါနှင့် အခြားရောဂါများ ကူးဆက်ဖြစ်ပွားလျှက်ရှိရာ သင်တန်းသား(၂)ဦးမှာ အရေးပေါ်လူနာအဖြစ်ရှိကြောင်း၊ သွားရေး လာရေး ခတ်ခဲသောကြောင့် အသတ်သေဆုံးခံရနိုင်ကြောင်း၊ အခြား ဖျားနာသူများ(၁၀)ဦး ခန့်ရှိနေကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment